ကော့သောင်းမြို့မှာ ဒီနှစ်ပိုင်းအတွင်း အခန်းငှားခ၊ အိမ်ငှားခတွေ ဈေးကြီးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
' ဆိုင်ခန်းခတွေက ဒီနှစ်ထဲမှာ ဘတ် (၇,၀၀၀)ကနေ ဘတ် (၃,၀၀၀)အထိ ဖြစ်နေတယ်၊ ဈေးပတ်ဝန်းကျင် ကမ်းနားတန်း ဈေးကြီးတယ်၊ လမ်းမတန်းတွေ ဈေးကြီးတယ်၊ ဆိုးတာက ထိုင်းဘတ်နဲ့ငှားတာ ' လို့ ကော့သောင်းဒေသခံ ကိုကျော်မင်းက ပြောပါတယ်။
လူစည်ကားတဲ့ အချက်အချာကျတဲ့ ကမ်းနားရွှေသီရိတန်းဆိုရင် မနှစ်က ဘတ် (၁၇,၀၀၀)ကနေ အခု ဘတ် (၂၅,၀၀၀)ကနေ ဘတ် (၃၀၀၀၀)အထိ ရှိတယ်။ တချို့နေအိမ်တွေက ဘတ် (၇,၀၀၀)ကနေ (၉၀,၀၀၀)အထိ ရှိတယ်လို့ သိရပါတယ်။
' အခုကော့သောင်းမှာ အလုပ်အကိုင်ရှားတယ်၊ မနှစ်ငွေဈေးနဲ့ ဒီနှစ် ငွေဈေးကလဲ မတူတော့ဘူး၊ အိမ်ရှင်တွေက ဘတ်ဈေးတက်လာတာနဲ့ အိမ်ငှားခဈေးတွေ လိုက်တက်ချင်လာကြတယ် ' လို့ ကော့သောင်းမှာ သွားရောက်အလုပ်လုပ်နေတဲ့ ကိုမြင့်သန်းက ပြောပါတယ်။
Credit: The Modern