၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နှင့် ၄ ရက်နေ့များတွင် ရန်ကုန်မြို့ ရှိ Sedona Hotel ၌ Kanbae Towers နှင့် RiverFront Garden ကွန်ဒို အရောင်းပြပွဲတစ်ရပ်အား မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေ ရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ကြီးမှူး၍ အောင်မြင်စွာကျင်းပပေးနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါအရောင်းပြပွဲ (၂) ရက် အတွင်း Inya View အခန်းများ ၊ River View အခန်းများကို သိန်း (၇၀၀) အထိ အများဆုံး လျှော့ပေးခဲ့ပြီး ၃ နှစ်ခွဲ အရစ်ကျစနစ်ဖြင့်ရောင်းချခဲ့သည်။ ပြပွဲ (၂) ရက်အတွင်း တန်ဖိုးငွေ (၁.၇) ဘီလီယံကျပ်ကျော်ဖိုး ရှိသော ကွန်ဒိုအခန်းများကို ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။
“ အဓိက ကတော့ ကွန်ဒိုဥပဒေထွက်ရှိပြီးနောက် ရောင်းအားမြှင့်တင်ချင်တာရယ် ၊ အဆောက်အဦး ဆောက်လုပ်မှု့  အနေအထား တစ်ခု အထိ ရောက်ရှိလာတဲ့အတွက်ကြောင့်ရယ် ဒီအရောင်းပြပွဲကို ကျင်းပဖြစ်ခဲ့တာပါ ” ဟု Kanbae Towers နှင့် RiverFront Garden စီမံကိန်း၏ Sales & Marketing Director ဖြစ်သူ ဦးရာဇာဖြိုးမှ ပြောကြားခဲ့ပါသည်။
“ အခုလုပ်တဲ့ပြပွဲဟာ Kanbae Towers နှင့် RiverFront Garden ကွန်ဒို အတွက် iMyanmarHouse.com အနေဖြင့် ဒုတိယအကြိမ် ကြီးမှူးကျင်းပပေးခဲ့တာဖြစ်ပြီး ၂ ကြိမ်စလုံး ရောင်းအားကောင်းခဲ့ပါတယ်။ ဒီလိုရောင်းအားကောင်းအောင်လည်း iMyanmarHouse.com မှ ဝယ်သူတွေအတွက် စေတနာထားပြီး အထူးပရိုမိုးရှင်းများ စီစဉ်ပေးခဲ့ပါတယ် ” ဟု အိမ်ခြံမြေအရောင်းပြပွဲများ စီစဉ်ကျင်းပရာတွင် ပြိုင်ဘက်ကင်းသော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ မန်နေဂျင်းဒါရိုက်တာ ဦးနေမင်းသူမှ ဖြည့်စွက်ပြောကြားခဲ့သည်။
ရန်ကင်းမြို့ နယ် ကန်ဘဲ့ဘူတာရုံလမ်းရှိ Kanbae Towers နှင့် ပန်းလှိုင်အိမ်ယာအနီးရှိ River Front Garden ကွန်ဒိုအခန်းများကို စင်္ကာပူနိုင်ငံရောက် မြန်မာများအတွက် လာမည့် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ နှင့် ၂၅ ရက်နေ့များတွင် အထူးငွေချေမှု ပုံစံများဖြင့် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ရောင်းချပေးသွားမည်ဖြစ်ကြောင်းလည်း သတင်းရရှိသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)