မဖွံ့ဖြိုးသေးသည့် ဒေသများတွင် ရင်းနှီးမြှုပ်နှံမှုအဝင်နည်း၍ အခွန်ကင်းလွတ်ခွင့်များပြင်ဆင်ရန် သုံးသပ်နေဟုဆို

မဖွံ့ဖြိုးသေးသည့် ဒေသများတွင် ရင်းနှီးမြှုပ်နှံမှုအဝင်နည်း၍ အခွန်ကင်းလွတ်ခွင့်များပြင်ဆင်ရန် သုံးသပ်နေဟုဆို - Property News in Myanmar from iMyanmarHouse.com
8 Feb 2018 10:59 am တွင် တင်ခဲ့သည်
5053 ကြိမ် ကြည့်ရှု့ပြီး
ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း များကို ဆွဲဆောင်ရန် အခွန်ကင်း လွတ်ခွင့်ပေးနေမှုများ ပြန်လည်သုံးသပ်၍ ပြင်ဆင်မည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်က ပြောကြားသည်။

မဖွံ့ဖြိုးသေးသော ဒေသများ တွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ မဝင်ရောက်ဘဲ ရန်ကုန်တိုင်းတစ် ခုတည်း၌သာ စုပြုံဝင်ရောက်နေ ခြင်းကြောင့် အခွန်ကင်းလွတ်ခွင့် များ ပြန်လည်သုံးသပ်မည်ဖြစ် ကြောင်း​ ၎င်းက ဖေဖော်ဝါရီ ၇ ရက်တွင် ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲ၌ ပြောသည်။

၂၀၁၇-၁၈ ဘဏ္ဍာနှစ် ကိုး လကျော်အတွင်း နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုကန်ဒေါ်လာ ၅ ဒသမ ၄ ဘီလီယံ ဝင်ရောက်ထားပြီး ရန် ကုန်နှင့် မန္တလေးတိုင်းတွင် အများဆုံး ဝင်ရောက်သည်။ ချင်း၊ ကယား၊ ရခိုင်တို့တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှု မရှိသေးပေ။

‘‘တိုင်းဒေသကြီး၊ ပြည်နယ် ကို မြို့နယ်အလိုက် Review (သုံးသပ်မှု) ပြန်လုပ်နေတယ်။ အခွန် လျှော့ပေးစနစ်ကို ပြန်သုံးသပ်နေ တယ်။ တစ်နိုင်ငံလုံး ရင်းနှီးမြှုပ်နှံ မှု ၇၀ ရာခိုင်နှုန်းက ရန်ကုန်ဖြစ် နေတယ်။ ဒါကိုလည်း ပြုပြင်ဖို့ လုပ်နေတယ်’’ဟု ဦးသန်းအောင် ကျော်က ပြောသည်။

၂၀၁၆ အောက်တိုဘာအတွင်း ပြဋ္ဌာန်းသည့် ရင်းနှီးမြှုပ်နှံမှုဥပဒေသစ်အရ ရင်းနှီးမြှုပ်နှံမှု များပြုလုပ်ရန် ဇုန်များသတ်မှတ် မည်ဖြစ်ပြီး ဇုန်(၁) သည် ဖွံ့ဖြိုးမှုနည်းပါးသည့် ဒေသများဖြစ်ကာ အခွန်ကင်းလွတ်ခွင့် ခုနစ်နှစ်ရရှိမည်ဖြစ်သည်။ ဇုန်(၂) သည် ဖွံ့ဖြိုးမှုအတော်အသင့်ရှိသော ဒေသများဖြစ်ကာ အခွန်ကင်းလွတ်ခွင့် ငါးနှစ်ဖြစ်သည်။ ဇုန်(၃)သည် ဖွံ့ဖြိုးမှုကောင်းမွန်သော ဒေသများ ဖြစ်ပြီး အခွန်ကင်းလွတ်ခွင့်သုံးနှစ် ရရှိမည်ဖြစ်သည်။

အစိုးရက ဇုန်သုံးမျိုးခွဲခြား သတ်မှတ်ရာတွင် ကယား၊ ကရင်၊ ချင်းနှင့် ရခိုင်ပြည်နယ်တို့ကို ပြည်နယ်တစ်ခုလုံး ဇုန်(၁)အဖြစ် သတ်မှတ်ပြီး ကချင်ပြည်နယ်တွင် မြို့နယ် ၁၄ ခုကို ဇုန်(၁)၊ ကျန်မြို့နယ်လေးခုကို ဇုန်(၂)အဖြစ် သတ်မှတ်ထားသည်။ မွန်ပြည်နယ်တွင် ဇုန်(၁) ၌ မြို့နယ်နှစ်ခုနှင့် ဇုန်(၂)တွင် မြို့နယ်ရှစ်ခု၊ ရှမ်းပြည်နယ်တွင် မြို့နယ် ၄၂ ခုကို ဇုန်(၁) အဖြစ် သတ်မှတ်ပြီး ကျန်မြို့နယ်များကို ဇုန်(၂)အဖြစ် သတ်မှတ်သည်။ စစ်ကိုင်းတိုင်းဒေသကြီးရှိ မြို့နယ် ၃၄ ခုကို ဇုန်(၁) သတ်မှတ်ပြီး ကျန်မြို့နယ်သုံးခုကို ဇုန်(၂)အဖြစ် သတ်မှတ်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး ၃၂ မြို့နယ်နှင့် မန္တလေးတိုင်းရှိ ၁၄ မြို့နယ်ကို ဖွံ့ဖြိုးမှုကောင်းမွန် သော ဒေသဇုန်(၃)အဖြစ် သတ် မှတ်ထားသော်လည်း နေပြည် တော်ရှိ မြို့နယ်ရှစ်ခုစလုံးကို ဇုန် (၂)အဖြစ် သတ်မှတ်သည်။

ဇုန်ပြဋ္ဌာန်းချက်ကို ဥပဒေအရ အစိုးရက သတ်မှတ်ခြင်းဖြစ်ပြီး ယခုအချိန်တွင် တစ်နှစ်ပြည့်ပြီ ဖြစ်၍ ပြန်လည်သုံးသပ်ခြင်းဖြစ် သည်။ ပြန်လည်သုံးသပ်ရာတွင် မြို့နယ်အလိုက် လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီး၊ ကျွမ်းကျင်လုပ်သားနှင့် လုံခြုံရေးအခြေအနေ စသည့် အချက်လေးချက်ဖြင့် သတ်မှတ်မည်ဟု ဦးသန်းအောင် ကျော်က ဆိုသည်။ ထိုသို့သတ်မှတ်ရာတွင် ဂျပန်နိုင်ငံက တည်ထောင်ပေးထားသည့် အာဆီယံစင်တာအကူအညီဖြင့် အကျိုးအမြတ်ကို ပြန်လည်သုံးသပ်ခြင်းဖြစ် သည်ဟု ၎င်းက ပြောသည်။

‘‘ပြည်နယ်တွေမှာ ရင်းနှီး မြှုပ်နှံမှုတွေ လာဖို့ဆိုတာ ဒီအချက်တစ်ချက်တည်း မူမတည်နေပါ ဘူး။ ဒါပေမဲ့ ဒါက ကောင်းတဲ့ အချက်တစ်ချက်ပါ ’’ ဟု အခွန် ကင်းလွတ်ခွင့်ပေးခြင်းနှင့် ပတ်သက်၍ စီးပွားရေးပညာရှင် ဦးတင်ထွဋ်ဦးက ပြောသည်။

ဇုန်အလိုက် သတ်မှတ်ခြင်း ထက် နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံစေချင်သည့် လုပ်ငန်းများကိုသာ အခွန်ကင်းလွတ်ခွင့်ပေးပြီး မြေ၊ လျှပ်စစ်နှင့် လမ်းလိုအပ်ချက်များ ဖြည့်ဆည်းပေးကာ ရင်းနှီးမြှုပ်နှံမှု များ လုပ်ဆောင်လိုအောင် ဆွဲဆောင်သင့်ကြောင်း ဦးတင်ထွဋ်ဦးက ပြောကြားသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား

၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်

ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ

CarsDB Showroom Opening
Shwe Moe Kaung

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service