ရန်ကုန်ဒိုင်ဈေးနှုန်း ကျဆင်းနေ၍ မကွေးတိုင်းရှိ မြစ်ကျောက်စရစ် လုပ်ငန်းရှင်များ လုပ်ငန်းရပ်နား

ရန်ကုန်ဒိုင်ဈေးနှုန်း ကျဆင်းနေ၍ မကွေးတိုင်းရှိ မြစ်ကျောက်စရစ် လုပ်ငန်းရှင်များ လုပ်ငန်းရပ်နား - Property News in Myanmar from iMyanmarHouse.com
8 Feb 2018 10:24 am တွင် တင်ခဲ့သည်
5693 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့ရှိ မြစ် ကျောက်စရစ်အ၀ယ်ဒိုင်ကြီးများ တွင် မြစ်ကျောက်အ၀ယ်ဈေးနှုန်း ကျဆင်းနေ၍ မကွေးတိုင်းရှိ မြစ်ကျောက်စရစ်ထုတ်လုပ်ရေးလုပ်ငန်းရှင်များသည် တိုင်းဒေသကြီး ပြင်ပသို့ သယ်ဆောင်ရောင်းချ ခြင်း
လုပ်ငန်းများ ရပ်နားထား ကြောင်း လုပ်ငန်းရှင်များက ပြောသည်။

ရန်ကုန်မြို့ရှိ မြစ်ကျောက် စရစ်အ၀ယ်ဒိုင်ကြီးများတွင် ယခင်က မြစ်ကျောက်စရစ်တစ်ကျင်း လျှင် ကျပ် ၅၀,၀၀၀ မှ ၈၀,၀၀၀ အထိ ဈေးနှုန်းရှိခဲ့သော်လည်း ဖေဖော်ဝါရီ ပထမပတ်တွင် ကျပ် ၄၀,၀၀၀ သို့ ဈေးနှုန်းကျဆင်းသဖြင့် မကွေးတိုင်းအတွင်း မြစ် ကျောက်စရစ်ထုတ်လုပ်ရေးလုပ်ငန်းရှင်များ ရောင်းချနိုင်မှု မရှိ တော့ခြင်း ဖြစ်သည်။

‘‘တခြားပြည်နယ်နဲ့ တိုင်း တွေက နယ်ကျော်ရောင်းချခွင့် သီးခြားလျှောက်ရတာ မရှိဘဲ လွတ်လပ်စွာသယ်ဆောင်ရောင်း ချခွင့်ရှိတယ်။ မကွေးတိုင်းက နေပြည်တော်အထိသွားပြီး နယ်ကျော်ရောင်းခွင့်တင်ရတော့ ကုန်ကျစရိတ်ပိုကျတယ်။ ဒါကြောင့် ရန်ကုန်ဒိုင်ဈေးကျတော့ ဈေးမ ယှဉ်နိုင်ဘဲ လုပ်ငန်းရပ်ထားရတာ’’ဟု မကွေးတိုင်းအောင်လံမြို့နယ် မှ မြစ်ကျောက်ထုတ်လုပ်ရေးလုပ်ငန်းရှင် တစ်ဦးက ပြောကြားသည်။

မကွေးတိုင်းမှ ရန်ကုန်တိုင်း သို့ မြစ်ကျောက်စရစ်တစ်ကျင်း လျှင် ကုန်တင်ရေယာဉ်ဖြင့် သယ် ဆောင်ခကျပ် ၂၅,၀၀၀ အထိရှိနေပြီး ကျောက်တစ်ကျင်းထုတ်လုပ် ခွင့်နှင့် ကုန်သွယ်ခွင့်ကျပ် ၅,၀၀၀ ကို အခွန်အဖြစ
် ပေးဆောင်ရပြီး လုပ်သားခများပါဝင်လျှင် အရင်းအနှီးကျပ် ၅၀,၀၀၀ ခန့်ရှိနေ၍ အရှုံးပေါ်သဖြင့် ရပ်နားထားကြောင်း သရက်မြို့မှ လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

မကွေးတိုင်းသည် မြစ် ကျောက်စရစ် ထုတ်လုပ်ခွင့်ကို ၂၀၁၇-၁၈ ဘဏ္ဍာနှစ်အစတွင် တိုင်းပြင်ပသို့ သယ်ဆောင်ရောင်း ချခွင့် (နယ်ကျော်ရောင်းခွင့်)ပိတ်ထားပြီး ယခင်နှစ် စက်တင်ဘာတွင် ပြန်လည်ခွင့်ပြုခဲ့သည်။

သို့သော် နယ်ကျော်ရောင်းချ ခွင့်ကို နေပြည်တော်ပြည်ထောင်စု အဆင့်အထိ လျှောက်ထားရသဖြင့် ကုန်ကျမှုနှင့် အချိန်ကြန့်ကြာ မှုများစွာရှိနေသည့်အပြင်အခြား ပြည်နယ်နှင့် တိုင်းများသည် ထုတ်လုပ်ခွင့်လိုင်စင်ရှိလျှင်
လွတ်လပ်စွာ သယ်ဆောင်ရောင်းချခွင့်ရှိသဖြင့် မကွေးတိုင်းအတွင်း လုပ်ငန်းရှင်များက ဈေးကွက်ယှဉ်ပြိုင်ရာ တွင် နစ်နာမှုများကြုံတွေ့နေရ ကြောင်း ၎င်းတို့က ပြောသည်။

မကွေးတိုင်းအတွင်း ၂၀၁၈ မေလမှ သြဂုတ်အထိ တိုင်းအတွင်း မြစ်ကြီးသုံးခုမှ မြစ်ကျောက် စရစ်ထုတ်လုပ်ခွင့်လိုင်စင် ၇၀ ထုတ်ပေးထားကြောင်း မကွေးတိုင်းအစိုးရက ထုတ်ပြန်သည်။

မကွေးတိုင်းတွင် မြစ်ကျောက်စရစ်ဈေးနှုန်းများသည် မြို့နယ် ပေါ်မူတည်၍ အထိုင်ဈေး (ဒိုင် ဈေး)ကျောက်စရစ် တစ်ကျင်း လျှင် ကျပ် ၂၈,၀၀၀ မှ ၃၅,၀၀၀ အထိရှိနေကြောင်း မြစ်ကျောက်
ထုတ်လုပ်ရေးလုပ်ငန်းရှင်များက ပြောသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ

(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်

ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ

ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ

ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေး

အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်

CarsDB Showroom Opening
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service