ဆောက်လုပ်ရေးများ တိုက်ခန်းဥပဒေ မျှော်လင့်နေ

ဆောက်လုပ်ရေးများ တိုက်ခန်းဥပဒေ မျှော်လင့်နေ - Property News in Myanmar from iMyanmarHouse.com
8 Feb 2018 10:02 am တွင် တင်ခဲ့သည်
4826 ကြိမ် ကြည့်ရှု့ပြီး
ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေ အချိန်အတော်ကြာ စောင့်ဆိုင်းခဲ့ရတဲ့ ကွန်ဒိုမီနီယံနည်းဥပဒေထွက်လာပြီး နောက်ပိုင်းမှာ ဒီဥပဒေကြောင့် ဈေးကွက်ကသိပ်မလှုပ်ရှားတာကြောင့် ကွန်ဒိုမဟုတ်တဲ့ ရိုးရိုးတိုက်ခန်းတွေအတွက် တိုက်ခန်းဥပဒေ (Apartment Law) အမြန်ထွက်ရှိလာဖို့ကို မျှော်လင့်နေကြပြန်ပါတယ်။

ကွန်ဒိုမဟုတ်တဲ့ ရိုးရိုးတိုက်ခန်းတွေအတွက် သီးသန့်ဥပဒေ အတိအကျမရှိတာကြောင့် အိမ်ရှင်အိမ်ငှားကြား အမှုတွေ မကြာခဏဖြစ်ပေါ်နေပါတယ်။

တိုက်ခန်းတစ်ခန်းရဲ့ပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီးတော့လည်း ဘယ်လောက်ထိခိုင်မာလဲဆိုတဲ့ အာမခံချက်မျိုး မရှိသေးတာရယ်၊ ဥပဒေရဲ့ အကာအကွယ်ပေးမှု အားနည်းနေတာကြောင့် ဈေးကွက်ဟာ ထိုက်သင့်သလောက် မတွင်ကျယ်ဘူးလို့ မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဠ
ဦးရှိန်ဝင်းက ပြောပါတယ်။

''တိုက်ခန်းဥပဒေထွက်လာတဲ့အခါ တိုက်ခန်းတွေအပြင် စတိုးဆိုင်တွေနဲ့ စူပါမားကက်တွေလိုမျိုး ဆိုင်ခန်းတွေနဲ့ ပတ်သက်ပြီးတော့လည်း ပိုပြီးပြည့်ပြည့်စုံစုံကာကွယ်ပေးနိုင်တဲ့ အချက်တွေ ပါဝင်လာစေချင်တယ်''လို့ ဦးရှိန်ဝင်းက ဆိုပါတယ်။

ဥပဒေမှာ အိမ်ငှားမြေငှားလုပ်တဲ့အခါ အိမ်ရှင်က တာဝန်ယူရမယ့်အပိုင်း၊ အိမ်ငှား၊ မြေငှားဘက်က တာဝန်ယူရမယ့်အပိုင်းတွေကို သေချာတိတိကျကျ ခွဲခြားသတ်မှတ်ဖို့လိုတယ်လို့လည်း ဆိုပါတယ်။ ဒါမှသာ အိမ်ရှင်တွေဘက်က မကြာခဏဆိုသလို အိမ်လခတိုးတောင်းတာတွေ၊ အိမ်ငှားဘက်က ပိုက်ဆံမပေးဘဲ ညစ်တာတွေကို မလုပ်နိုင်တော့ဘဲ မလိုအပ်တဲ့ အမှုအခင်းတွေလည်း ပပျောက်သွားမယ်လို့ ဦးရှိန်ဝင်းက ပြောပါတယ်။

တိုက်ခန်းတွေနဲ့ပတ်သက်ပြီး ခိုင်ခိုင်မာမာသတ်မှတ်ထားတဲ့ ဥပဒေသာပေါ်ထွက်လာရင် အရောင်းအဝယ်ကဏ္ဍမှာလည်း ပိုင်ဆိုင်မှုတွေ ခိုင်မာလာတဲ့အတွက် ဝယ်သူတွေကလည်း ပိုပြီးစိတ်ဝင်စားလာပြီး ဝယ်သူတွေအတွက်လည်း ပိုပြီးယုံကြည်စိတ်ချမှုတွေရှိလာမယ်လို့ အာရှဆောက်လုပ်ရေးလုပ်ငန်း၏ အထွေထွေမန်နေဂျာ ဦးရန်အောင်က ပြောပါတယ်။

တိုက်ခန်းဆောက်တဲ့ဈေးကွက်မှာ ကန်ထရိုက်နဲ့ ဝယ်သူအကြား ယုံကြည်မှုမရှိတော့တာကြောင့် ယခင်က အလွန်ရေပန်းစားတဲ့ ကြိုပွိုင့်စနစ်ဟာ အခုနောက်ပိုင်း မရှိသလောက် နည်းပါးသွားပါတယ်။

''အခုနောက်ပိုင်း အထပ်မြင့်ဆောက်တာတွေ တော်တော်နည်းသွားပြီး လုံးချင်းလောက်ပဲ ဆောက်တာတွေ ရှိနေတယ်။ ငွေနိုင်နင်းတဲ့ ကုမ္ပဏီတွေလောက်ပဲ အချက်အချာကြတဲ့နေရာတွေမှာ၊ ဆောက်နေတာတွေလောက်ပဲရှိတယ်။ တစ်နှစ်ထက်တစ်နှစ် ဆောက်လုပ်နိုင်မှုအားက လျော့ကျလာနေတယ်''လို့ ဦးရန်အောင်က ဆိုပါတယ်။

အရင်ကတော့ ခိုင်မာတဲ့ကုမ္ပဏီတွေဆိုရင် ကြိုပွိုင့်ဝယ်ချင်တဲ့သူ များပေမဲ့အခုနောက်ပိုင်းမှာ ဆောက်လုပ်ခွင့်က တင်ထားပေမဲ့ ကျမကျ မသေချာတာရယ်၊ ဈေးကွက်မတည်ငြိမ်တာရယ်၊ စနစ်အပြောင်းအလဲတွေ မကြာခဏဖြစ်နေတာရယ်ကြောင့် ကြိုပွိုင့်ဝယ်တာ သိပ်နည်းလာတယ်လို့လည်း ဦးရန်အောင်က ဆိုပါတယ်။

တိုက်ခန်းတစ်ခန်းတည်းကို ဝယ်သူ သုံးလေးယောက်ကို ရောင်းထားတာ၊ ငွေယူထားပြီး တစ်ဝက်တစ်ပျက်နှင့် ကန်ထရိုက်ထွက်ပြေးတာ စတဲ့လိမ်လည်မှုတွေကြောင့် ကြိုပွိုင့်ရောင်းသူနဲ့ ဝယ်သူအကြား ယုံကြည်မှုမရှိတော့ကြတာဖြစ်ပါတယ်။

အဲဒီအခြေအနေကို ကုစားဖို့ တိုက်ခန်းဥပဒေလိုအပ်တယ်လို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေက ပြောကြပါတယ်။

တိုက်ခန်းဥပဒေမရှိတာကြောင့် အိမ်ခြံမြေလောကမှာ နောက်ထပ်ကြုံတွေ့နေရတဲ့ ပြဿနာကတော့ ဘဏ်ချေးငွေ မရရှိခြင်းဘဲ ဖြစ်ပါတယ်။

တိုက်ခန်းပိုင်ဆိုင်မှုအတွက် ခိုင်မာတဲ့ ဥပဒေအထောက်အထား မရှိတာကြောင့် ဘဏ်မှာ ပေါင်နှံပြီး ချေးငွေယူ၍မရကြောင်း အိမ်ခြံမြေ ရောင်းဝယ်ငှားဝက်ဆိုက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ရဲ့ အုပ်ချုပ်မှုဒါရိုက်တာ ဦးနေမင်းသူက ပြောပါတယ်။

'' အခုဈေးကွက်ထဲမှာ တိုက်ခန်းတွေ အရောင်းအဝယ်လုပ်တဲ့အခါ ရိုးရိုး စာချုပ်စာတမ်းတွေနဲ့ပဲ အရောင်းအဝယ် ပြုလုပ်နေရတဲ့အတွက် လိမ်လည်ရောင်းချမှုတွေလည်း ရှိနေပါတယ် ''လို့လည်း ၄င်းက ပြောပါတယ်။

အဆိုပါဥပဒေထွက်ရှိလာပါက တိုက်ခန်းပိုင်ဆိုင်မှု ပိုမိုခိုင်မာလာမှာဖြစ်ပြီး လိမ်လည်ရောင်းချဖို့လည်း ခက်ခဲသွားမှာဖြစ်ကြောင်း၊ ဝယ်ယူသူတွေကို ပိုမိုကာကွယ်ပေးနိုင်မှာဖြစ်တဲ့အတွက် အိမ်ခြံမြေဝယ်လိုအား ပိုကောင်းလာမယ်လို့ မျှော်လင့်ကြောင်း ၄င်းကဆိုပါတယ်။

အခန်းတစ်ခန်းကို တရားဝင်ပိုင်ဆိုင်ထားတဲ့သူတစ်ယောက်က ပိုင်ဆိုင်မှုအထောက်အထားခိုင်မာရင် အခန်းကို အပေါင်ထားပြီး ငွေချေးလို့ရတဲ့ ဥပဒေပုဒ်မမျိုးလည်း ပါဝင်စေချင်တယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။

'' တိုက်ခန်းဥပဒေမှာ မြေပိုင်ဆိုင်ခွင့်တွေနဲ့ ပတ်သက်ပြီး အတိအကျ သတ်မှတ်မယ်၊ ပြီးတော့ နာမည်ပြောင်းခတို့လို အိမ်ငှားခတို့လို ငွေကြေးတန်ဖိုးတွေကို ဈေးကစားချင်တိုင်း ကစားလို့မရအောင် ဥပဒေအရ အိမ်ရှင်အိမ်ငှားစာချုပ်ချုပ်စဉ်ကတည်းက တစ်ခါတည်း သေသေချာချာ ထိန်းချုပ်ကာကွယ်ပေးနိုင်မယ့် ဥပဒေပုဒ်မတွေ အမှန်တကယ်လိုအပ်နေပါတယ် ''လို့ ဦးရှိန်ဝင်းက သုံးသပ်ပါတယ်။

အဆိုပါဥပဒေကို ပြည်ထောင်စုလွှတ်တော်က ပြဠာန်းရမှာမဟုတ်ဘဲ တိုင်းလွှတ်တော်က ပြဠာန်းရမှာမို့ ရန်ကုန်တိုင်းလွှတ်တော်ရဲ့ ဥပဒေကြမ်းကော်မတီဥက္ကဠ ဦးသိန်းမြင့်ကို မြန်မာတိုင်း(မ်)က ဆက်သွယ်မေးမြန်းရာ '' လွှတ်တော်ကိုတင်လာရင်တော့ စိစစ်ပြီး လုပ်ထုံးအတိုင်း လုပ်ပါမယ်။ ဒါပေမဲ့ အခုထိတော့ လွှတ်တော်ကို ဘာမှရောက်မလာသေးပါဘူး ''လို့ ပြောပါတယ်။

Credit: The Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...
မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ
ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်
Shwe Moe Kaung
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service