အစိုးရ၏ ငွေချေးသက်သေခံလက်မှတ်များ ဈေးပြိုင်စနစ်ဖြင့် ဆက်လက်ရောင်းချမည်

အစိုးရ၏ ငွေချေးသက်သေခံလက်မှတ်များ ဈေးပြိုင်စနစ်ဖြင့် ဆက်လက်ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
7 Feb 2018 11:45 am တွင် တင်ခဲ့သည်
5148 ကြိမ် ကြည့်ရှု့ပြီး
ဘက်ဂျက်လိုငွေ ဖြည့်ဆည်းရာတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ငွေချေးရယူမှုကို လျှော့ချနိုင်ရန် အစိုးရ၏ ငွေချေးသက်သေခံလက်မှတ်များကို ဈေးပြိုင်စ
နစ်ဖြင့် ဆက်လက်ရောင်းချသွားမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ၂၀၁၆- ၁၇ ဘဏ္ဍာရေးနှစ် အစိုးရ၏ ကြွေးမြီဆိုင်ရာ နှစ်ပတ်လည်အစီရင်ခံစာမှ သိရသည်။

နိုင်ငံတော်တွင် နှစ်စဉ် ဘတ်ဂျက်လိုငွေ ဖြစ်ပေါ်လျက်ရှိသော်လည်း ကြွေးမြီဝန်ထုတ်ဝန်ပိုးကြီးမားမှုမဖြစ်စေရန်၊ ဘတ်ဂျက်လိုငွေကို တိုင်းပြည်ဝင်ငွေ၏ ၅ ရာခိုင်နှုန်းထက် ကျော်လွန်ခြင်းမရှိစေရန် ထိန်းသိမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အပြင် ငွေသားစီမံချက်များ ရေးဆွဲ၍ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူ့ကြွေးမြီစီမံခန့်ခွဲမှုစနစ်ကို ပြည့်စုံကောင်းမွန်သော နိုင်ငံတကာအဆင့်မီစနစ်ဖြစ်လာစေရန် ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း အဆိုပါ အစီရင်ခံစာ ထုတ်ပြန်ချက်များအရ သိရသည်။

၁၉၈၈ ခုနှစ်မတိုင်မီမှ ၂၀၁၆-၁၇ ခုနှစ် ဘဏ္ဍာရေးနှစ်အထိ ပြည်ပမှ ချေးငွေများအနက် ၂၀၁၇ ခုနှစ် မတ်လ ၃၁ ရက်အထိ အရင်းပေး ပေးဆပ်ငွေ အမေရိကန်ဒေါ်လာ ၂၄၉၁ ဒသမ ၉၈၆ သန်း၊ ပေးဆပ်ရန် ကျန်ငွေ အမေရိကန်ဒေါ်လာ ၉၁၄၈ ဒသမ ၈၂၁ သန်းတို့ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ ပြည်ပသို့ ကြွေးမြီပေးရန်ရှိသော ဝန်ကြီးဌာနများအနက် အများဆုံးပေးရန်ကျန်ရှိသော ဝန်ကြီးဌာနမှာ အမေရိကန်ဒေါ်လာ ၂၉၇၆ ဒသမ ၀၈၁ သန်းပေးရမည့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနဖြစ်ပြီး ဒုတိယအများဆုံးကျန်ရှိသည့် ဝန်ကြီးဌာနမှ အမေရိကန်ဒေါ်လာ ၂၁၃၈ ဒသမ ၇၆၄ သန်းပေးရန်ကျန်ရှိနေသေးသည့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ကြွေးမြီပေးဆပ်ရန် ကျန်ရှိနေသည့်အဖွဲ့အစည်းများမှာ ADB၊ AIF၊ IDA၊ IDFA နှင့် OPAC (အိုပက်) တို့ဖြစ်ကြောင်း၊ နှစ်နိုင်ငံအစိုးရအကြား မြန်မာနိုင်ငံမှ ချေးငွေလက်ကျန်ပေးရမည့် နိုင်ငံများမှာ ဂျပန်၊ သြစတြေးလျ၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ နယ်သာလန်၊ ဗြိတိန်၊ တရုတ်၊ AFD၊ အိန္ဒိယ၊ ကိုရီးယား၊ မလေးရှား၊ ဆော်ဒီ၊ ထိုင်းနှင့် ဆာဗီးယားနိုင်ငံတို့ ဖြစ်ကြောင်း သိရသည်။

Credit: Akon Thi

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်

TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ

စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်

(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်

Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား

ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်

၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး

Royal Theikdi Condo
CarsDB Showroom Opening

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service