ဧက ၂,၀၀၀ ခန့် ရှိသည့် ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်း စက်မှုဇုန်တွင် ရင်းနှီးမြှုပ်နှံ မည့် ပြည်တွင်း၊ ပြည်ပကုမ္ပဏီ များသည် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ အခွန်ကင်းလွတ် ခွင့်နှင့် သက်သာခွင့် အခြားဒေသများထက် ပိုမိုခံစားရနိုင်ကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက ပြောကြားသည်။
ရခိုင်ပြည်နယ်သည် ဖွံ့ဖြိုးမှု နည်းပါးသောဒေသတွင် ပါဝင်၍ ပုဏ္ဏားကျွန်း စက်မှုဇုန်၌ လာ ရောက်ရင်းနှီးမြှုပ်နှံသူများသည် အခွန်ကင်းလွတ်ခွင့်နှင့် သက်သာ ခွင့် အခြားဒေသများထက် ပိုမိုရရှိ ကြောင်း ၎င်းက ဆိုသည်။
ရခိုင်ပြည်နယ် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်က ခြောက်နှစ်ခန့် ကြာမြင့်နေသော ပုဏ္ဏားကျွန်း စက်မှုဇုန်တွင် လုပ်ငန်းအကောင် အထည်ဖော်ဆောင်ရွက်ပေးနိုင်မှု အခြေအနေ၊ ပြီးစီးမှု အခြေအနေများအပေါ် မေးမြန်းမှုနှင့်ပတ် သက်ပြီး ဖေဖော်ဝါရီ ၅ ရက်က ကျင်းပသည့် အမျိုးသားလွှတ် တော်အစည်းအဝေး၌ စက်မှုဝန်ကြီးက လာရောက်ဖြေကြားသည်။
မြေဧရိယာ ၁,၉၆၃ ဧက ကျော် လျာထားသတ်မှတ်ထား သည့် ပုဏ္ဏားကျွန်းစက်မှုဇုန်ဖော် ထုတ်ရန် ယခင်အစိုးရလက်ထက် ၂၀၁၅ တွင် တင်ဒါခေါ်ယူခဲ့ရာ Myanmar Kyauk Phyu SpecialEconomic Zone Holding Publicကုမ္ပဏီကို ရွေးချယ်ခဲ့ကြောင်း ဝန်ကြီးက ဆိုသည်။
ယင်းကုမ္ပဏီနှင့် နားလည်မှု စာချွန်လွှာ (MoU) ကို ၂၀၁၅ စက်တင်ဘာတွင် စတင်လက် မှတ်ရေးထိုးခဲ့ပြီး လေးလ တစ် ကြိမ် သက်တမ်းတိုးသော်လည်း စတုတ္ထအကြိမ် MoU ရေးထိုးရန် ပျက်ကွက်ခဲ့၍ ၂၀၁၇ ဧပြီ၌ စာချုပ်ဆက်လက်ချုပ်ဆိုခြင်း ရပ် ဆိုင်းခဲ့ကြောင်း ဝန်ကြီးက ရှင်းပြ သည်။
စက်မှုဇုန် အနေအထားသည် ဧရိယာကျယ်ဝန်းပြီး ရင်းနှီးမြှုပ်နှံရမည့် ငွေပမာဏများပြား ခြင်း၊ စက်မှုဇုန်နှင့် ဆက်စပ်မည့် ရခိုင်ပြည်နယ်၏ အခြေခံအဆောက်အအုံများ အားနည်းခြင်း၊ နိုင်ငံတကာမှ စိတ်ဝင်စားမှု နည်းပါးခြင်း၊ ဈေးကွက်စီးပွားရေးစနစ် အရ အလားအလာကောင်းများ ရနိုင်မှသာ ရင်းနှီးမြှုပ်နှံလိုခြင်းတို့ ကြောင့် အဆိုပါ ကုမ္ပဏီသည် စက်မှုဇုန်လက်တွေ့အကောင်အထည်ဖော်ရန် ကြန့်ကြာနေ ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။
အစိုးရသစ်လက်ထက်တွင် ယင်းစက်မှုဇုန်ကို ဆက်လက်အ ကောင်အထည်ဖော်ရန်နှင့် ပြည် တွင်း၊ ပြည်ပ ကုမ္ပဏီများ ရင်းနှီး မြှုပ်နှံရေး ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ရာ၌ စက်မှုဇုန် စနစ်တကျ ဖော်ထုတ်နိုင်ရန် အင်ဂျင်နီယာ မြေတိုင်းလုပ်ငန်းများ ဆောင်ရွက် ခြင်း၊ Conceptual Plan (စိတ် ကူးရုပ်ပုံ အစီအစဉ်) ရေးဆွဲခြင်း ကို စက်မှုဇုန်ဆိုင်ရာ ကျွမ်းကျင် သော အင်ဂျင်နီယာကုမ္ပဏီများ နှင့် ပူးပေါင်းဆောင်ရွက်နေ ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။
စက်မှုဇုန်၏ Conceptual Plan ဧရိယာတွင် အသေးစားနှင့် အလတ်စားစက်ရုံများ၊ အထည် ချုပ်နှင့် အထည်အလိပ်လုပ်ငန်း များ၊ မွေးမြူရေးနှင့် ပုစွန်၊ သား ငါးထုတ်လုပ်ရေး စက်ရုံများ၊ သစ်အချောထည်လုပ်ငန်း စက်ရုံများ ပါဝင်ကြောင်း ၎င်းက ဆိုသည်။ ယခင်က ယင်းစက်မှုဇုန်တွင် အစ္စရေးနိုင်ငံမှ ကုမ္ပဏီတစ်ခုသည် တိရစ္ဆာန်မွေးမြူရေးလုပ်ငန်း၊ အေးခဲသိုလှောင်ရုံ၊ ကုန်ချော ထုတ်လုပ်ရေးလုပ်ငန်းနှင့် အစာစပ်လုပ်ငန်း၊ စက်ယန္တရားများ၊ ငါးဖမ်းရေယာဉ်များ၊ သယ်ယူပို့ ဆောင်ရေး ရေယာဉ်များတွင် အသုံးပြုမည့် လောင်စာနှင့် စက်သုံးဆီ သိုလှောင်ရုံများ တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် မြေဧက ၅၀ ငှားရမ်းရာ ရခိုင်ပြည် နယ်အစိုးရက ခွင့်ပြုခဲ့သည်။
Credit: 7Daydaily