ပြင်ဦးလွင် နန်းမြိုင်ဟိုတယ်နှစ် (၁၀၀) ပြည့်ပွဲ ကျင်းပမည်

ပြင်ဦးလွင် နန်းမြိုင်ဟိုတယ်နှစ် (၁၀၀) ပြည့်ပွဲ ကျင်းပမည် - Property News in Myanmar from iMyanmarHouse.com
6 Feb 2018 11:43 am တွင် တင်ခဲ့သည်
6622 ကြိမ် ကြည့်ရှု့ပြီး
ပြင်ဦးလွင်မြို့ နန်းမြိုင် ဟိုတယ်ရှိ ကိုလိုနီခေတ် လက်ရာ အဆောက်အအုံများ နှစ် (၁၀၀) ပြည့် အထိမ်းအမှတ်ပွဲကို မတ်လမှ ဧပြီလကုန်အထိ နှစ်လကြာ ကျင်းပမည်ဟု နန်းမြိုင်ဟိုတယ် ငှားရမ်းလုပ်ကိုင်ခွင့်ရရှိထားသည့် Orchid ကုမ္ပဏီအုပ်ချုပ်ရေးမှူး ဒါရိုက်တာ ဦးဌေးအောင်က ပြောသည်။

နန်းမြိုင်ဟိုတယ်အတွင်းရှိ အဆောက်အအုံများသည် ကိုလိုနီ ခေတ် ၁၉၁၈ တွင် တည်ဆောက်ခဲ့ ပြီး လက်ရှိ၌ နှစ် (၁၀၀) ပြည့်ပြီဖြစ်၍ အထိမ်းအမှတ်ပွဲ ပြုလုပ် ရန် စီစဉ်ခြင်းဖြစ်သည်။

‘‘ဟိုတယ်ထဲမှာရှိတဲ့ အ ဆောက်အအုံတွေက နှစ် (၁၀၀) သက်တမ်းရှိနေပြီ။ ကိုလိုနီခေတ် ကတည်းက ထင်ရှားခဲ့တဲ့ အ ဆောက်အအုံတွေ။ ယနေ့ခေတ် ပြည်သူတွေသာမကဘဲ နိုင်ငံတကာဧည့်သည်တွေပါ တန်ဖိုးထားတတ်ဖို့ ရည်ရွယ်တဲ့ သဘောလေး ပါ’’ ဟု ဦးဌေးအောင်က ပြော သည်။

ဟိုတယ်နှင့် ခရီးသွားလာ ရေးဝန်ကြီးဌာနပိုင် နန်းမြိုင်ဟို တယ်ကို Orchid ကုမ္ပဏီက ၂၀၁၃ ကစတင်ကာ တစ်နှစ်ကျပ် သိန်း ၆,၀၀၀ ဖြင့် ၁၅ နှစ်ကြာ ငှားရမ်းလုပ်ကိုင်ခွင့် ရရှိထား သည်။ နန်းမြိုင်ဟိုတယ်တွင် အဆောက်အအုံလေးလုံးရှိပြီး တည်းခိုနေထိုင်နိုင်သည့် ဟိုတယ်ခန်း ၃၂ ခန်းရှိသည်။

နန်းမြိုင်ဟိုတယ်အဆောက် အအုံများ နှစ် (၁၀၀) ပြည့် အ ထိမ်းအမှတ်ပွဲတွင် တေးဂီတဖျော် ဖြေပွဲများ၊ မြန်မာ့ရှေးဟောင်း ရုပ် ရှင်ဇာတ်ကားများ ပြသခြင်း၊ အ ငြိမ့်၊ မြေဝိုင်းဇာတ်၊ ဆိုင်းဝိုင်း၊ ရုပ်သေးပွဲလမ်းသဘင်များ၊ စာပေ ဟောပြောပွဲများ၊ ကလေးစာပေ၊ ကျပန်းစကားပြောပွဲများ၊ ရိုးရာ အားကစားပြိုင်ပွဲများ၊ မီးထွန်းပွဲနှင့် ဝင်္ကပါ လျှောက်လမ်းများ စ သည်ဖြင့် ထည့်သွင်းကျင်းပမည် ဖြစ်ကြောင်း ဦးဌေးအောင်က ပြောကြားသည်။

ပြင်ဦးလွင်မြို့တွင် ကိုလိုနီ ခေတ်လက်ရာ ရှေးဟောင်းအ ဆောက်အအုံ အများအပြား ကျန် ရှိနေသေးပြီး ထင်ရှားသည့် အ ဆောက်အအုံများမှာ နန်းမြိုင်၊ ချယ်ရီမြိုင်၊ သီရိမြိုင်၊ မဲဇာမြိုင်၊ ဂန္ဓာမာမြိုင်၊ ဟေမာမြိုင်၊ နှင်းဆီ မြိုင်၊ သစ္စာမြိုင်၊ ယုဇနမြိုင်၊ ဟင်္သာမြိုင်၊ သဇင်မြိုင်၊ မြိုင်ကြီး၊ မြိုင်ဟေမာ၊ နန္ဒဝန်၊ ခိုင်ရွှေဝါအ ဆောက်အအုံများ ဖြစ်သည်။ အ ဆိုပါ အဆောက်အအုံများအနက် အချို့ကို ဟိုတယ်အဖြစ် ဖွင့်လှစ်လုပ်ကိုင်နေပြီး အချို့ကို ဌာနဆိုင်ရာရုံးများအဖြစ် အသုံးပြု နေသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှ

အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န

ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်

(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေး

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယ

ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်

Shwe Moe Kaung
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service