" ပိုးလမ်းမစီးပွားရေးရပ်ဝန်းနှင့် ၂၁ ရာစုရေကြောင်းပိုလမ်းမ" အစီအစဉ်ကို One Belt and One Road Initiative (OBOR)၊ The Belt and Road (B&R) နှင့် The Belt and Road Initiavtive (BRI) ဟုလည်း ခေါ်သည်။ ၎င်းမှာ အာရှနှင့် ဥရောပနိုင်ငံများအကြား ဆက်သွယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့ကို အဓိကထားသည့်၊ တရုတ်အစိုးရက အဆိုပြုသော ဖွံ့ဖြိုးတိုးတက်ရေး
မဟာဗျူဟာတစ်ခု ဖြစ်သည်။
ထို့ကြောင့် တရုတ်၏ ယင်းအစီအစဉ်သည် အာရှမှ ဥရောပကို ဆက်သွယ်မည့်
ကြီးမားကျယ်ပြန့်သော အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး
အစီအစဉ်ဖြစ်သည်။
၎င်းအစီအစဉ် အောင်မြင်စွာ အကောင်အထည်ပေါ်လာရေးအတွက် စင်္ကာပူသည် အလိုအပ်ဆုံးဈေးကွက်ဖြစ်ကြောင်း Singapore Business Review က
ဖော်ပြခဲ့သည်။
Knight Frank အဖွဲ့၏ New Frontier အစီရင်ခံစာအရ စင်္ကာပူသည် Belt and Road ညွှန်းကိန်း တွင် ထိပ်ဆုံးဖြစ်သည်။ အမှတ် ၁၀၀ တွင် ၆၉ ဒသမ ၈၅ ဖြင့် စင်္ကာပူက ကာတာ၊ ယူအေအီးနှင့် နယူးဇီလန်တို့ကို သာလွန်ခဲ့သည်။
BARI သည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးအလားအလာ၊ ဖွဲ့စည်းပုံဆိုင်ရာ
အကျိုးသက်ရောက်မှု၊ ပထ၀ီအနေအထားအရ နိုင်ငံ့အကျိုးကျေးဇူး၊ အခြေခံ
အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှုနှင့် သဘာဝဘေးဒဏ်မှ ပြန်လည်ထူထောင်မှုတို့ကို တိုင်းတာတွက်ချက်ခြင်းဖြစ်သည်။
စင်္ကာပူသည် စီးပွားရေးအလာအလာတွင် အခြားနိုင်ငံများထက် အနည်းဆုံး
အမှတ်အဖြစ် ၄၈ ဒသမ ၉၂ မှတ်ဖြစ်ခဲ့သော်လည်း ပထ၀ီအနေအထားအရ
နိုင်ငံအကျိုးကျေးဇူးတွင် ၄၄ ဒသမ ၉၀ မှတ်နှင့် ဖွဲ့စည်းပုံဆိုင်ရာ
အကျိုးသက်ရောက်မှုတွင် ၈၇ ဒသမ ၆၉ မှတ် ရရှိခဲ့သည်။
စင်္ကာပူသည် BRI ၏ ၂၁ ရာစုရေကြောင်းပိုးလမ်းမတစ်လျှောက်
မဟာဗျူဟာမြောက် တည်ရှိကြောင်း Knight Frank က ရှင်းပြခဲ့သည်။
အရှေ့ခြမ်းနှင့် အနောက်ခြမ်းတို့ ဖြတ်လမ်းများတွင်လည်း တည်ရှိသဖြင့်
ကမ္ဘာ့ထောက်ပံ့ပို့ဆောင်ရေးနှင့် ပို့ဆောင်ရေးအချက်အချာနေရာတစ်ခုလည်း
အခိုင်အမာတည်ရှိနေသည်။
ထို့အပြင် စင်္ကာပူက အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်မှုတွင် ၇၈ ဒသမ ၅၅ မှတ် ရရှိခဲ့သည်။ အရှေ့တောင်အာရှတစ်လွှား အခြေခံအဆောက်အအုံ
စီမံကိန်းများ၏ ၆၀ ရာခိုင်နှုန်းကို စင်္ကာပူဘဏ္ဍာရေးအဖွဲ့အစည်းများက အဓိက
ငွေကြေးပံ့ပိုးပေးထားသည်။
သဘာဝဘေးဒဏ်မှ ပြန်လည်ထူထောင်မှုနှင့် ဈေးကွက်နားလည်ရန်လွယ်ကူမှု
တို့တွင် ၉၈ ဒသမ ၇၇ မှတ်နှင့် ၁၀၀ မှတ်တို့ အသီးသီး ရရှိခဲ့သည်။
ထို့အပြင် စင်္ကာပူတွင် တရုတ်ကုမ္ပဏီအရေအတွက်သည် လွန်ခဲ့သော
ငါးနှစ်ကထက် နှစ်ဆနီးပါး မြင့်တက်လာခဲ့ပြီး ၆,၅၀၀ ကျော် ရှိလာကြောင်း
စင်္ကာပူကုန်သွယ်ရေးနှင့် စက်မှုလုပ်ငန်း ၀န်ကြီးဌာနက ထုတ်ပြန်ထားသည်။
တရုတ်သည် စင်္ကာပူအိမ်ခြံမြေများတွင် အမေရိကန်ဒေါ်လာ ၃ ဒသမ ၈၇
ဘီလျံခန့် ရင်းနှီးမြှုပ်နှံထားကြောင်းလည်း သိရသည်။
ခင်အေးချမ်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com