အိမ်ရာစီမံကိန်းများ အခြေခံပြည်သူများ ၀ယ်ယူနိုင်ရန် ဂျပန်အစိုးရက ငွေချေးမည်

အိမ်ရာစီမံကိန်းများ အခြေခံပြည်သူများ ၀ယ်ယူနိုင်ရန် ဂျပန်အစိုးရက ငွေချေးမည် - Property News in Myanmar from iMyanmarHouse.com
6 Feb 2018 10:36 am တွင် တင်ခဲ့သည်
5246 ကြိမ် ကြည့်ရှု့ပြီး
အခြေခံ လူတန်းစား အိမ်ရာစီမံကိန်းများတွင် အတိုး နှုန်းသက်သာစွာဖြင့် အရစ်ကျ ၀ယ်ယူနိုင်ရန် ဂျပန်အစိုးရက ယန်း ၁၅ သန်း (မြန်မာငွေကျပ် ၁ဒသမ၅ ဘီလီယံ) ကို ယခုနှစ်အတွင်း ကူညီရန်စီစဉ်နေကြောင်း ဂျပန် အခြေစိုက်သတင်းဌာနများက ဖော်ပြရေးသားထားသည်။

‘‘ Housing Finance Sup-port အတွက်ပါ။ ပြောထားတာကတော့ ပြီးခဲ့တဲ့ ၂၀၁၇ မတ်လထဲက ချေးငွေက ဒီနှစ်ထဲလဲဖြစ်လာနိုင်ပါတယ် ’’ဟု မြန်မာနိုင်ငံဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းက တာဝန်ရှိသူတစ်ဦးကဆိုသည်။
ချေးငွေရရှိရန် ပြည်ထောင်စုအစိုးရအဖွဲ့အဆင့်က စီစဉ်နေခြင်း ယခု ၂၀၁၈
တွင် ရရှိနိုင်ဖွယ်ရှိကြောင်း ၄င်းကဆိုသည်။

လက်ရှိရောင်းချနေသည့် အိမ်ရာစီမံကိန်းများသည် အတိုးနှုန်း ၁၃ ရာခိုင်နှုန်းရှိ၍ အတိုးနှုန်းများပြားသဖြင့် နိုင်ငံတကာမှ ချေးငွေရရှိပါက အတိုးနှုန်းလျှော့ချမည်ဟု ၎င်းကဆိုသည်။

ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းသည် လက်ရှိတွင် ရန်ကုန်တိုင်းအစိုးရအဖွဲ့က မြို့သစ်စီမံကိန်းတွင် ပါဝင်လုပ်ဆောင်ရန် ကမ်းလှမ်းခြင်းခံထား ရပြီး တစ်နိုင်ငံလုံး၌ အိမ်ရာစီမံကိန်းများ ဖော်ဆောင်ရန် ပြည်ထောင်စုအစိုးရအဖွဲ့၏ တာဝန်ပေးခြင်းကို ခံထားရသည့် အဖွဲ့အစည်းဖြစ်သည်။

မြန်မာနိုင်ငံတွင် တန်ဖိုးနည်းအိမ်ရာစီမံကိန်းများ တည်ဆောက်ရာ၌ ကျပ်သိန်း ၁၀၀ အောက်ဖြင့် တည်ဆောက်ရန် အစိုးရပိုင်းကပင် အခက်အခဲရှိကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များ ကပြောသည်။

ထို့ကြောင့် အတိုးနှုန်းသက်သာစွာဖြင့် အရစ်ကျလပေါင်းများစွာ ရောင်းချနိုင်ရန် ဆောက်လုပ် မှုကုန်ကျစရိတ်သည် ခေတ်ကာလအခြေအနေကြောင့် သိန်း ၁၀၀ အောက်ဖြင့် ရောင်းချရန် မဖြစ်နိုင်ကြောင်း Igreen ဆောက်လုပ်ရေးကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးကျော်ကျော်နိုင်ကပြောသည်။

နေးရှင်းမြန်မာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း

ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း

(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေး

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်

ဘီလ်ဂိတ်က အိမ်တွင် သားသမီးများ မရှိတော့ဘဲ တစ်ယောက်တည်း အထီးကျန်နေသော်လည်း ရေချိုးခန်း ၂၄ ခန်းပါ အလွန်ကြီးမားလှသည့် စံအိမ

လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။

တရုတ်ပြည်တွင် ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သော ကုမ္ပဏီတစ်ခုက နှစ်ကုန်ပါတီပွဲတွင် ဝန်ထမ်းများအား ငွေစက္ကူ ရေတွက်ပွဲအဖြစ် ယွ

Royal Theikdi Condo
Shwe Moe Kaung

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service