ကိုယ်စာလှယ်စာကို ပဋိညာဉ် အက်ဥပဒေပုဒ်မ ၁၈၃ နဲ. ၁၈၄ အရ စိတ်မနှံ.သူ၊ စိတ်ပေါ့သွပ်သူမဟုတ်တဲ့ တရားဥပဒေအရ အရွယ်ရောက်ပြီးသူ မည်သူကိုမဆို ကိုယ်စားလှယ် လွှဲအပ်နိုင်ခွင့် ရှိပါတယ်။
ကိုယ်စာလှယ်လွှဲစာတွေကို မှတ်ပုံတင်ပေးတဲ့ နေရာမှာ အဓိကကျတဲ့ သတ်မှတ်ချက်က လွှဲအပ်သူ နေထိုင်တဲ့ အရပ်မှာရှိတဲ့ စာချုပ်စာတမ်း မှတ်ပုံတင်ရုံး
မှာ လွှဲအပ်သူကိုယ်တိုင်က လွှဲအပ်တယ်ဆိုတာ မှန်ကန်ကြောင်း authenticated power ကို လက်မှတ်ရေးထိုး လွှဲအပ် မှတ်ပုံတင်ရတာ ဖြစ်ပါတယ်။
ဥပမာ- ပဲခူးမှာ နေတဲ့ ဦဖြူဟာ တောင်ငူမှာ ရှိနေတဲ့ သူ.အိမ်နဲ. မြေအတွက် တောင်ငူက သူ.ရဲ.ညီ ဦးမဲကို power လွှဲချင်ရင် ပစ္စည်းရှိတဲ့ အရပ်ဖြစ်တဲ့ တောင်ငူရုံးမှာ power လွှဲရမှာ မဟုတ်ပါဘူး။
လွှဲအပ်သူ ဦးဖြူနေတဲ့ ပဲခူးမြို.နယ် မှတ်ပုံတင်ရုံးမှာသာ ကိုယ်စာလှယ် လွှဲအပ်မှတ်ပုံတင်ရမှာ ဖြစ်ပါတယ်။
အဲဒါနဲ. ပတ်သတ်လို. ၁၉၄၆ ခုနှစ်အထိ မှန်ကန်အောင် ပြုပြင်ထားတဲ့ (Corrected up to 1946) ၁၉၀၈ ခုနှစ် မြန်မာနိုင်ငံ စာချုပ်စာတမ်းများ မှတ်ပုံတင် အက်ဥပဒေရဲ. အခန်း (၆)၊ ပုဒ်မ ၃၃၊ ပုဒ်မခွဲ ၁၊ အပိုဒ် (က) မှာ အောက်ပါအတိုင်း ပြဌာန်းထားတာကို လေ့လာရပါမယ်။
Section 33 (1) For the purpose of section 32, the following power of attorney shall alone be recognized namely –
(a) if the principle at the time of executing the power of attorney resides in any part of British Burma in which this Act is for the time in force, a power of attorney executed before and authenticated by the Register or Sub-Register within whose district or sub-district the principle resides;
(b)
(c)
အထက်ပါ စာချုပ်စာတမ်း မှတ်ပုံတင်ဥပဒေ ပုဒ်မ ၃၃ (၁) (က) ပြဌာန်းထားချက်အရ “ အခြားသူတစ်ဦးတစ်ယောက်အား ကိုယ်စားလှယ် လွှဲအပ်မည့်မူရင်းပုဂ္ဂိုလ် (Principle) သည် မြန်မာပြည်အတွင်း မည်သည့်အရပ်တွင် နေထိုင်သည်ဖြစ်စေ ၎င်းမှ အခြားသူတစ်ဦးအား ကိုယ်စားလှယ် လွှဲအပ်ပါက လွှဲအပ်သူဖြစ်သည့် မိမိ နေထိုင်ရာအရပ် (principle resides) ရှိ ဒုတိယ မှတ်ပုံတင်အရာရှိ သို.မဟုတ် မှတ်ပုံတင်အရာရှိ၏ ရှေ.မှောက်တွင် လွှဲအပ်သည့် လွှဲစာ ဖြစ်စေရမည်”လို. ဆိုထားတဲ့အတွက် လွှဲသူ နေတဲ့အရပ်က မှတ်ပုံတင်ရုံးမှာသာ power လွှဲစာကို မှတ်ပုံတင် လွှဲအပ်ရခြင်း ဖြစ်ပါတယ်။
Credit : ဦးဇော်မင်း (နတ်မောက်)