ဟောင်ကောင်တွင် ကြမ်းခင်းဧရိယာ စတုရန်းပေ ၆ သောင်းနီးပါးရှိမည့် အိမ်ရာစီမံကိန်းဆောက်လုပ်ရေးအတွက် developer ၂၅ ဦး ယှဉ်ပြိုင်လေလံဆွဲရာ ဟောင်ကောင် developer က ဒေါ်လာ ၃ ဘီလီယံကျော်ဖြင့် လေလံအောင်

ဟောင်ကောင်တွင် ကြမ်းခင်းဧရိယာ စတုရန်းပေ ၆ သောင်းနီးပါးရှိမည့် အိမ်ရာစီမံကိန်းဆောက်လုပ်ရေးအတွက် developer ၂၅ ဦး ယှဉ်ပြိုင်လေလံဆွဲရာ ဟောင်ကောင် developer က ဒေါ်လာ ၃ ဘီလီယံကျော်ဖြင့် လေလံအောင် - Property News in Myanmar from iMyanmarHouse.com
5 Feb 2018 11:54 am တွင် တင်ခဲ့သည်
5624 ကြိမ် ကြည့်ရှု့ပြီး
ဟောင်ကောင်တွင် ကြမ်းခင်းဧရိယာ စတုရန်းပေ ၆ သောင်းနီးပါးရှိမည့် အိမ်ရာစီမံကိန်းဆောက်လုပ်ရေးအတွက် developer ၂၅ ဦး ယှဉ်ပြိုင်လေလံဆွဲရာ ဟောင်ကောင် developer က ဟောင်ကောင် ဒေါ်လာ ၃ ဒသမ ၁ ဘီလီယံ (ကန်ဒေါ်လာ ၃၉၇ သန်း)ဖြင့် လေလံအောင်မြင်သွားကြောင်း ရှန်ဟိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

တည်နေရာမှာ ဟောင်ကောင်ကျွန်း၊ ကောင်လွန်းအရှေ့အရပ်၊ ကွမ်တုံဒေသတွင် တည်ရှိသည်။ယှဉ်ပြိုင်လေလံဆွဲသူများတွင် တရုတ်ပြည်မကြီးမှ Developer များလည်း ပါဝင်ရာ China Vanke, China Overseas Land နှင့် Investment and Minmetals Land ကုမ္ပဏီတို့ ပါဝင်သည်။

ပြည်မကြီးကုမ္ပဏီများနှင့်အတူ ဟောင်ကောင် developer အများအပြားလည်း ယှဉ်ပြိုင်လေလံဆွဲခဲ့ကြကြောင်း ဟောင်ကောင်မြေယာ ဦးစီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အန်ဒါဆန်လမ်းပေါ်တွင် တည်ရှိသည့်အဆိုပါမြေကွက်မှာ စတုရန်းပေ ၅၇၆၃၀ (၅၃၅၄ မီတာ) ကျယ်ဝန်းပြီး လူနေစီမံကိန်းအဖြစ် အကောင်အထည်ဖော်သွားမည် ဖြစ်သည်။

လေလံအောင်မြင်သွားသည်မှာ Chinachem ကုမ္ပဏီဖြစ်ပြီး တစ်စတုရန်းပေလျှင် ဟောင်ကောင်ဒေါ်လာ ၁၂၀၀၃ (ကန်ဒေါ်လာ ၁၅၃၅) ဖြင့် ဝယ်ယူခဲ့ခြင်းလည်းဖြစ်သည်။

Chinachem မှာ လူနေနှင့် ကူးသန်းရောင်းဝယ်ရေးအဆောက်အအုံများ ဆောက်လုပ်နေသည့် ကုမ္ပဏီဖြစ်ပြီး ယခုစီမံကိန်းကို ဟောင်ကောင်ဒေါ်လာ ၄ ဒသမ ၅ ဘီလီယံမှ ၅ ဘီလီယံကြား ( ကန်ဒေါ်လာ ၅၇၆ သန်းမှ သန်း ၆၄၀ ကြား) သုံးစွဲကာ အကောင်အထည်ဖော်သွားမည်ဟု ဆိုသည်။

အိပ်ခန်း ၂ ခန်းနှင့် ၃ ခန်းပါ လူနေခန်းများအဖြစ် အကောင်အထည်ဖော် ဆောက်လုပ်သွားမည်ဖြစ်ကြောင်း ကုမ္ပဏီအမှုဆောင်အရာရှိချုပ် အန်ဆွန်းမိုင်က ပြောကြားသည်။

လာမည့် ၂၀၂၃ ခုနှစ်မှ ၂၀၂၄ ခုနှစ်အကြားတွင် စတင်လူနေထိုင်နိုင်သွားရန် ရည်မှန်းထားသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယ

ဘီလ်ဂိတ်က အိမ်တွင် သားသမီးများ မရှိတော့ဘဲ တစ်ယောက်တည်း အထီးကျန်နေသော်လည်း ရေချိုးခန်း ၂၄ ခန်းပါ အလွန်ကြီးမားလှသည့် စံအိမ

၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော

(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀

Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်

CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service