ဘီလျံ ၁၅၀ ကျော် ရင်းနှီးမြှုပ်နှံ အကောင်အထည်ဖော်နေသည့် မန္တလေးမြို့သာ စက်မှုဥယျာဉ်စီမံကိန်းတွင် နိုင်ငံတကာမှ လာရောက်ရင်းနှီးမြှုပ်နှံ လည်ပတ်နေသည့် စက်ရုံခုနစ်ရုံရှိနေပြီး ယခုနှစ်အတွင်း စက်ရုံပေါင်း ၁၀၀ ကျော်ရှိလာမည်

ဘီလျံ ၁၅၀ ကျော် ရင်းနှီးမြှုပ်နှံ အကောင်အထည်ဖော်နေသည့် မန္တလေးမြို့သာ စက်မှုဥယျာဉ်စီမံကိန်းတွင် နိုင်ငံတကာမှ လာရောက်ရင်းနှီးမြှုပ်နှံ လည်ပတ်နေသည့် စက်ရုံခုနစ်ရုံရှိနေပြီး ယခုနှစ်အတွင်း စက်ရုံပေါင်း ၁၀၀ ကျော်ရှိလာမည် - Property News in Myanmar from iMyanmarHouse.com
5 Feb 2018 11:46 am တွင် တင်ခဲ့သည်
5034 ကြိမ် ကြည့်ရှု့ပြီး
မြေဧက တစ်သောင်းကျော်တွင် ဘီလျံ ၁၅၀ ကျော်ရင်းနှီးမြှုပ်နှံ အကောင်အထည် ဖော်နေသည့် မန္တလေး မြို့သာစက်မှုဥယျာဉ် စီမံကိန်းအတွင်း၌ နိုင်ငံတကာမှ လာရောက် ရင်းနှီးမြှုပ်နှံ လည်ပတ်နေသည့် စက်ရုံခုနစ်ရုံ ရှိနေပြီး ယခုနှစ်အတွင်း စက်ရုံပေါင်း ၁၀၀ ကျော်ရှိလာမည် ဖြစ်ကြောင်း မြို့သာစက်မှု ဥယျာဉ်စီမံကိန်း ဥက္ကဋ္ဌ ဦးအောင်ဝင်းခိုင်က ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်ရှိ မြို့သာစက်မှုဥယျာဉ်နှင့် ဆီမီးခံ ဧရာဝတီဆိပ်ကမ်း စီမံကိန်းမှာ ၂၀၁၂ ခုနှစ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိခြင်းဖြစ်ပြီး ၂၀၁၄ ခုနှစ်တွင် အများပိုင် ကုမ္ပဏီအဖြစ် အစုရှယ်ယာများ ရောင်းချပေးခဲ့ကာ လက်ရှိအချိန်တွင် အစုရှယ်ယာ ၁၃ သန်းကျော် ရောင်းချထားပြီး ဖြစ်ကြောင်း သိရသည်။

“ပြည်တွင်းက ရင်းနှီးမြှုပ်နှံတဲ့ လုပ်ငန်းရှင်က လက်ရှိအချိန်ထိ တော်တော်လေးကို နည်းသေးတယ်။ ပြည်ပကတော့ ၁၀ နိုင်ငံ ၁၁ နိုင်ငံလောက်ရှိပြီ။ ၂၀၁၈ မကုန်ခင် လောက်ဆို စက်ရုံပေါင်း ၁၀၀ အထက်မှာ လည်ပတ်နိုင်ဖို့ရှိတယ်။ ကားစက်ရုံတွေပါမယ်။ အထည်ချုပ်စက်ရုံတွေ၊ လျှပ်စစ်ပစ္စည်း ထုတ်လုပ်တဲ့ စက်ရုံတွေ၊ ဖိနပ်စက်ရုံတွေ စသဖြင့် တော်တော်များပါတယ်။ ဒီစက်မှုဥယျာဉ်ထဲမှာ လာရောက်ရင်းနှီးမြှုပ်နှံဖို့ ကမ်းလှမ်းတဲ့ ပြည်ပလုပ်ငန်းတွေက နေ့စဉ်ရှိနေပြီး လေ့လာမှုတွေ ရှိနေပါပြီ။ ပြောရရင် ကျွန်တော်တို့နိုင်ငံမှာ ဘယ်လောက်ထိ ပွင့်မလဲဆိုတာ စောင့်နေကြတာပါတာပေါ့။ အခုလောလောဆယ်မှာတော့ သြဂုတ်လလောက်ဆိုရင် စက်ရုံပေါင်း အလုံး ၃၀ လောက် ပေါ်ထွက်လာတော့မှာပါ။ ကုမ္ပဏီရဲ့ ရင်းနှီးမြှုပ်နှံမှု ပမာဏက ဘီလျံ ၁၅၄ လောက်ရှိပြီး ပေးစရာရှိတဲ့ အကြွေးတွေ နှုတ်လိုက်လို့ရှိရင် ဘီလျံ ၁၃၀ ကျော် ရှိပါတယ်” ဟု ဦးအောင် ၀င်းခိုင်က ပြောကြားသည်။

“လည်ပတ်နေတဲ့ စက်ရုံ ခုနစ်ရုံရှိပါပြီ။ တည်ဆောက်ဆဲ အဆင့်မှာတော့ စက်ရုံ ၃၀ လောက်ရှိပါမယ်။ အဲ့ဒါကတော့ ဘယ်လိုစက်ရုံ အမျိုးအစားတွေ လာမလဲ ဆိုတာတော့ မသေချာသေးပါဘူး။ ထပ်ဝင်လာဖို့ စာချုပ်ချုပ်ဆိုထားပြီး ဒီဇိုင်းဆွဲနေတဲ့ စက်ရုံတွေနဲ့ စိတ်ဝင်စားကြောင်း ပြသတဲ့ နိုင်ငံ ၁၀ နိုင်ငံလောက် ရှိပါတယ်။ နိုင်ငံတွေကတော့ အင်ဒိုနီးရှား၊ ထိုင်း၊ တရုတ်၊ ဂျပန်၊ နယ်သာလန်၊ ဟောင်ကောင်၊ သြစတြေးလျနဲ့ အာရှနိုင်ငံတွေပါ ပါတယ်။ အခုလပိုင်းအတွင်း စတင်တည်ဆောက်မယ့် စက်ရုံတွေက ဂျပန်နိုင်ငံကနေ လာရောက် ရင်းနှီးမြှုပ်နှံမယ့် အမှိုက်ကနေ တန်ဖိုးမြင့်ပစ္စည်း ထုတ်လုပ်မယ့် စက်ရုံ၊ ကားပစ္စည်း တပ်ဆင်မယ့် စက်ရုံ၊ ဖိနပ်တို့၊ အိတ်တို့ ချုပ်လုပ်မယ့် စက်ရုံတွေ ရှိပါတယ်။ အဲ့ဒီစက်ရုံကတော့ ၁၀၀ ရာနှုန်း Export ဖြစ်မှာပါ။ ဆိုလိုတာကတော့ ဒီမှာထုတ်လုပ်ပြီး အခြားနိုင်ငံက နာမည်ရှိပြီးသား တံဆိပ်တွေကို ပြန်သွင်းမှာပါ” ဟု မြို့သာစက်မှု ဥယျာဉ်စီမံကိန်း မန်နေးဂျင်းဒါရိုက်တာ ဒေါက်တာထွန်းထွန်းအောင်က ပြောကြားသည်။

“ လတ်တလောမှာ ၁၀၀ ရာနှုန်း ရင်းနှီးမြှုပ်နှံထားတဲ့ အင်ဒိုနီးရှားက JAPFA အစာစပ်စက်ရုံက ၂၀၁၅ ခုနှစ်ကတည်းက စတင်လည်ပတ်နေပြီး အခုထပ်တိုးအနေနဲ့ မြေဧက ၅၂ ဧကမှာ အလုပ်ရုံ ၁၂ ရုံ တည်ဆောက်နေတယ်။ အဲဒီစက်ရုံတွေက မေ၊ ဇွန်လောက်မှာ ပြီးသွားမှာ ဖြစ်ပါတယ်။ နောက်တစ်ရုံကတော့ ဟောင်ကောင်ကနေ ၁၀၀ ရာနှုန်းလည်ပတ်နေတဲ့ သစ်ပါးလွှာ စက်ရုံပါ။ လုပ်ငန်းလည်ပတ်နေတာ နှစ်နှစ်ရှိပါပြီ။ နောက်ထပ်ကတော့ တရုတ်နိုင်ငံသား လုပ်ငန်းရှင်နဲ့ မြန်မာနိုင်ငံသား ဖက်စပ်လုပ်ကိုင်နေတဲ့ ဘီစကစ်စက်ရုံ ရှိပါတယ်။ ထိုင်းနိုင်ငံက ရင်းနှီးမြှုပ်နှံထားတဲ့ ကွန်ကရစ်ဓာတ်တိုင် စက်ရုံလည်းရှိပြီး အခုနောက်ဆုံး တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကနေ မြေဧက ၃၁၃ ဧကပေါ်မှာ ဒေါ်လာ ၃၉၉ သန်း ရင်းနှီးမြှုပ်နှံမယ့် ကုမ္ပဏီတစ်ခု ၀င်လာပါပြီ” ဟု ဒေါက်တာထွန်းထွန်းအောင်က ဆက်လက် ပြောကြားသည်။

အဆိုပါ မန္တလေးမြို့သာ စက်မှုဥယျာဉ် စီမံကိန်းအတွင်း ရင်းနှီးမြှုပ်နှံသည့် စက်ရုံအလုပ်ရုံများမှာ အခွန်ကောက်ခံမှု ကင်းလွတ်ခွင့် ခုနစ်နှစ်ရရှိထားပြီး လတ်တလောတွင် ပြည်တွင်းမှ ရင်းနှီးမြှုပ်နှံဝင်ရောက်မှု နည်းပါးနေသေးသော်လည်း ပြည်ပရင်းနှီးမြှုပ်နှံမှုမှာ ၆၄ ဘီလျံနှင့် စီမံကိန်းမြေ ရောင်းချရမှုမှာ ၂၅ ဒသမ ၅၆ ဘီလျံသာ ရှိသေးကြောင်း မြို့သာစက်မှုဖွံ့ဖြိုး တိုးတက်ရေး အများပိုင် ကုမ္ပဏီလီမိတက် ၂၀၁၆-၁၇ နှစ်ပတ်လည် စာရင်းများတွင် ဖော်ပြထားသည်။

Credit: Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...
မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀
ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
CarsDB Showroom Opening
Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service