စင်္ကာပူ၏ ပြည်ပအိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုသည် ၂၀၁၇ ခုနှစ်တွင် ရာခိုင်နှုန်း ၄၀ ခန့် မြင့်တက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၈ ဒသမ ၄ ဘီလျံ (စင်္ကာပူဒေါ်လာ ၃၇ ဒသမ ၂ ဘီလျံ) စံချိန်တင် ရှိခဲ့သည်။
ထို့ကြောင့် အမေရိကန်၊ ဟောင်ကောင်၊ တရုတ်နှင့် ပြင်သစ်တို့ ပြီးလျှင် စင်္ကာပူသည် ကမ္ဘာ့ငွေကြေး၏ ပဉ္စမအကြီးဆုံးရင်းမြစ် ဖြစ်လာခဲ့ကြောင်း Business Times က ဖော်ပြခဲ့သည်။
မြို့အရွယ်အစားသာ ရှိသော စင်္ကာပူနိုင်ငံသည် ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၉ ဒသမ ၅ ဘီလျံ (စင်္ကာပူဒေါ်လာ ၁၂ ဘီလျံ) ဖြင့် အမေရိကန်အိမ်ခြံမြေဈေးကွက်တွင်လည်း အာရှအကြီးဆုံးရင်းနှီးမြှုပ်နှံသူ ဖြစ်သည်။ ထိုပမာဏသည် ပြိုင်ဘက်များဖြစ်သော တရုတ်နှင့် ဟောင်ကောင်တို့၏ စုစုပေါင်းရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၇ ဒသမ ၃ ဘီလျံ (စင်္ကာပူဒေါ်လာ ၉ ဒသမ ၆ ဘီလျံ) ကို ကျော်လွန်ခဲ့သည်။
စင်္ကာပူအခြေစိုက် ရင်းနှီးမြှုပ်နှံသူများသည် စက်မှုလယ်ယာမြေ၊ ပျံကျမြို့နယ်များ၊ ကျောင်းသားအိမ်ရာနှင့် ဒေတာစင်တာများ ကဲ့သို့သော မြေနေရာများကို အဓိကထားအာရုံစိုက်လာကြသည်။
ယမန်နှစ်က အကြီးဆုံးစင်္ကာပူအိမ်ခြံမြေ အရောင်းအ၀ယ်မှာ ကမ္ဘာ့ထိပ်ထန်းရင်းနှီးမြှုပ်နှံမှုလုပ်ငန်း GIC က အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုလုပ်ငန်း Monogram Residential Trust ကို အမေရိကန်ဒေါ်လာ ၄ ဒသမ ၄ ဘီလျံ(စင်္ကာပူဒေါ်လာ ၅ ဒသမ ၈ ဘီလျံ) ဖြင့် ၀ယ်ယူခဲ့မှု ဖြစ်သည်။
စင်္ကာပူ၏ ၂၀၁၇ တွင် အကြီးဆုံးပြည်ပအိမ်ခြံမြေရင်းနှီးမြှုပ်နှံသူဖြစ်သော GIC သည် အမေရိကန်မိသားစုများအစုအစပ်ပိုင်ဆိုင်သော အိမ်ခြံမြေများတွင် အမေရိကန်ဒေါ်လာ ၂၄၇ ဒသမ ၅ သန်း (စင်္ကာပူဒေါ်လာ ၃၂၄ သန်း) ရင်းနှီးမြှုပ်နှံမှုဖြင့် ၂၀၁၈ ခုနှစ်ကို စတင်လိုက်ပြီဖြစ်သည်။
မည်သို့ပင်ဖြစ်စေ စင်္ကာပူရင်းနှီးမြှုပ်နှံမှုများသည် အာရှပစိဖိတ်ဒေသ အတွင်းကိုသာ ဓာတ်ကျနေကြဆဲ ဖြစ်သည်။ စင်္ကာပူသည် ပြည်ပအိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမှု၌ တရုတ်အတွင် စတုတ္တအများဆုံးရင်းနှီးမြှုပ်နှံခဲ့ကြောင်း သိရသည်။
ခင်အေးချမ်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com