ပုဂ္ဂလိကဘဏ်တွေဟာ အပြင်မှာ ရင်းနှီးတဲ့ လုပ်ငန်းတွေကို သတ်မှတ်ထားတဲ့ ငွေပမာဏထက် ပိုချေးထားတာတွေ ရှိနေ နိုင်တယ်လို့ မှန်းဆကြပါတယ်။
တကယ်လို့ သူတို့ထုတ်ချေး ထားသူတွေဟာ သတ်မှတ်ထားတဲ့ အချိန်မှာ အချိန်မီ မသွင်းနိုင်ရင် ခက်ခဲမှုတွေ ရင်ဆိုင်နိုင်ရပြီး ဘဏ်တွေ ပြိုလဲသွားနိုင်မလား ဆိုပြီး စိုးရိမ်နေသူတွေ ရှိနေပါတယ်။
မြန်မာနိုင်ငံ ဗဟိုဘဏ်က ဇန်န ဝါရီလအတွင်း ထုတ်ပြန်ချက်တစ် စောင် ထုတ်ပြန်ပါတယ်။ အဲသည် ထုတ်ပြန်ချက်ကတော့ ဘဏ်တစ်ခု မှာ သူတို့ရင်းနှီးမတည်ငွေရဲ့ ၂၀ရာ ခိုင်နှုန်းထက်ကျော်လွန်ပြီး လူပုဂ္ဂိုလ်တစ်ဦးဦး သို့မဟုတ်အဖွဲ့အစည်း တစ်ရပ်ရပ်ကို ထုတ်ချေးထားတဲ့ ချေး ငွေတွေရှိနေပါက ထုတ်ပြန်ထားတဲ့ ရက် ၉၀အတွင်း ဗဟိုဘဏ်က လက် ခံနိုင်တဲ့ပမာဏကို ထားရှိရမယ်ဆိုတဲ့ ညွှန်ကြားစာပါ။
ဗဟိုဘဏ်က သည်လိုသတိပေး ထုတ်ပြန်တာဟာ ဘဏ်တွေအနေနဲ့ တကယ်ပဲ သတ်မှတ်ထားတဲ့နှုန်းထားထက် ကျော်လွန်ပြီး ထုတ်ချေး ထားတာကို စိစစ်တွေ့ရှိထားလို့ သတိပေးထုတ်ပြန်ရတာဖြစ်တယ်လို့ ဘဏ်လုပ်ငန်းကျွမ်းကျင်သူအချို့က မှတ်ချက်ပြုပါတယ်။
မိတ္ထီလာစီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင်ဝင်းက ပုဂ္ဂလိကဘဏ်တွေဟာ သတ်မှတ် ထားတဲ့ငွေတွေ စာရင်းပိုချေးထားတာဟာ သုံးချက်ရှိတယ်လို့ ရှင်းပြပါ တယ်။ (၁) ဘဏ်အုပ်စုတစ်ခုနဲ့ တစ်ခု အပြန်အလှန်ငွေချေးတာ ၊ (၂) ကိုယ့် အုပ်စုထဲမှာ ပိုင်ရှင်ကိုယ်တိုင်လုပ်နေ တဲ့ လုပ်ငန်းဖြစ်ပေမဲ့ ကိုယ်တိုင်နာ မည်မခံဘဲ အခြားသူတစ်ယောက်ကို ထုတ်ချေးတာ၊ (၃) အပြင်မှာ ရိုးသား ပြီး အောင်မြင်တဲ့ လုပ်ငန်းလုပ်ကိုင် နေသူကို ယုံကြည်စိတ်ချရလို့ ပေးချေးထားတာပဲ ဖြစ်ပါတယ်။
မြန်မာပြည်မှာကတော့ ပုဂ္ဂလိက ဘဏ်အများစုဟာ အုပ်စုလိုက်ဖွင့်ထားတဲ့ ဘဏ်တွေ ဖြစ်လို့ နံပါတ် (၁) အချက်ကအများ ဆုံးဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။
ဒေါက်တာတင်ဝင်းက “ထုတ်ချေးပေးတိုင်း ဘဏ်ကပြိုလဲသွားတာမျိုး မဖြစ်နိုင်ဘူး၊ သူချေးထားတဲ့ လုပ်ငန်းပြိုလဲသွားရင်တော့ အရမ်း အန္တရာယ်များတာပေါ့၊ ဒါကြောင့် သူတို့က လိုက်စစ်နေတယ်ဆိုတာ အန္တရာယ်များလို့လေ၊ ၂၀ရာခိုင်နှုန်း ထက်ကျော်ပြီး လုပ်ငန်း သုံးလေးခု လောက်ရှိနေပြီဆိုရင် သေချာတယ်၊ ဒီဘဏ်ဟာ ချောက်ထဲကျဖို့ အရမ်းနီးသွားပြီ”လို့ ပြောပါတယ်။
လက်ရှိ ပုဂ္ဂလိက ဘဏ်လုပ်ငန်း လုပ်ကိုင်နေသူ အများစုဟာ ဘဏ်လုပ်ငန်းအပြင် လေကြောင်းလိုင်း ဝန်ဆောင်မှုလုပ်ငန်း၊ သယံဇာတနဲ့ သတ္ထုတွင်းလုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းနဲ့ အ ခြားလုပ်ငန်းတွေမှာပါ ရင်းနှီးမြှုပ်နှံ ထားကြပါတယ်။
ပုဂ္ဂလိကဘဏ်တွေဟာ စာရင်းပိုချေးငွေ လျှော့ချဖို့ ထုတ်ချေးထား တဲ့ ငွေတွေကို ပြန်ကောက်တာ၊ ဘဏ်တွေရဲ့ ရင်းနှီးမြှုပ်နှံငွေတွေကို တိုးခိုင်းတာတွေ လုပ်ရမယ်လို့ ဆိုပါ တယ်။
စာရင်းပိုချေးငွေဆိုတာက ဘဏ်တွေက လုပ်ငန်းရှင်တွေကို ငွေကြေးအများအပြား ထုတ်ချေးထားတဲ့ ချေးငွေအမျိုးအစား ဖြစ်ပါတယ်။ အရင်က သည်ချေးငွေအမျိုးအစား ကို တစ်နှစ်ထက် ပိုချေးခွင့်မပြုထားသလို အတိုးနှုန်းကိုလည်း တစ်နှစ်ကို ၁၃ ရာခိုင်နှုန်းထက် မပိုတဲ့ နှုန်းထားနဲ့ ချေးယူခွင့်ပြုထားတာ ဖြစ်ပါတယ်။
လုပ်ငန်းတုံ့ဆိုင်းလက်ရှိအချိန်မှာ ပြည်တွင်းလုပ်ငန်းရှင် အများအပြားဟာ လုပ်ငန်းတုံ့ဆိုင်းနေတဲ့အတွက် ဘဏ်တွေကနေ စာရင်းပိုချေးငွေချေးထားတာကို ပြန်ဆပ်နိုင်တဲ့ အနေအထား မှာ မရှိနိုင်ဘူးလို့ လုပ်ငန်းရှင်အချို့ က ဆိုပါတယ်။
စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက “ဘဏ်တွေက အချိန်မီစာရင်းမတင် ပြနိုင်ရင် အရှုပ်ထုပ်တွေ ပေါ်လာနိုင်တာပေါ့၊ ဒါကြောင့် လုပ်ငန်းရှင်တွေက ပိုက်ဆံပြန်သွင်းဖို့ ဘဏ်အတိုး နှုန်းတွေ လျှော့ချပေးဖို့ အရင်တောင်းဆိုတာပေါ့”လို့ ပြောပါတယ်။
သည်လိုအခြေအနေတွေကို ဗဟိုဘဏ်က အချိန်မီဝင်ထိန်းနိုင်ဖို့ လိုတယ်လို့ ဘဏ်ပညာရှင်အချို့က သုံးသပ်ကြပါတယ်။
ဒီမိုကရေစီနိုင်ငံတွေမှာ ဗဟိုဘဏ်ဟာ လွတ်လပ်တဲ့ အဖွဲ့အစည်း အနေနဲ့ ရပ်တည်ဖို့ သတ်မှတ်ထားပါ တယ်။
လက်ရှိအချိန်မှာ ဗဟိုဘဏ်က စည်းမျဉ်းစည်းကမ်းတွေ၊ ဥပဒေတွေ ပြဋ္ဌာန်းနေပေမဲ့ ကျွမ်းကျင်ပညာရှင်တွေရှိဖို့ လိုအပ်နေသေးတယ်လို့ သုံးသပ်ကြပါတယ်။
ဘဏ်ပညာရှင်တစ်ဦးဖြစ်တဲ့ ဦးစံသိန်းက ‘အကြိမ်ကြိမ် တွေ့ရှိ ထားလို့ ဒီလိုထုတ်ပြန်ရတာပေါ့၊ ဒါ ပေမဲ့ ဒီလို ၂၀ရာခိုင်နှုန်းကျော် ထုတ်ချေးတိုင်း ဘဏ်တွေ မပြိုလဲသွားနိုင်ပါဘူး”လို့ ပြောပါတယ်။
ဘဏ်နဲ့ ငွေကြေးကျွမ်းကျင်သူ ဦးစံသိန်းက မြန်မာနိုင်ငံတော် ဗဟို ဘဏ်က ထုတ်ပြန်ထားတဲ့ စည်းမျဉ်း စည်းကမ်းတွေနဲ့ ပတ်သက်ပြီး အစည်းအဝေးတစ်ခုမှာ တင်ပြပါ တယ်။
စာရင်းပိုထုတ်ချေးငွေပမာဏ ကို ၂၀ရာခိုင်နှုန်းအထိ လျှော့ချဖို့၊ ဘဏ်တွေမှာ product အသစ်တွေ ဖန်တီးထုတ်လုပ်ဖို့နဲ့ ဘဏ်လုပ်ငန်းရှင်တွေရဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာ ဘယ်လောက်အထိ အားကောင်းမှု ရှိ လဲဆိုတဲ့အပေါ်မှာ မေးခွန်းထုတ်ပါတယ်။
ဘဏ်တစ်ခုချင်းစီအနေနဲ့ product အသစ်တွေ ဖန်တီးဖို့ ဗဟိုဘဏ်နဲ့ နိုင်ငံတကာ ဘဏ္ဍာရေး အဖွဲ့အစည်းတွေက တွန်းအားပေးတယ်လို့ ဆိုပါတယ်။ ပြည်တွင်းဘဏ် အများစုဟာ retail banking ကို အဓိက ထားလုပ်ဆောင်ကြပြီးဘဏ်အများစုရဲ့ product တွေဟာ ချေးငွေ၊ အပ်ငွေ၊ အကြွေးကတ်၊ ကြိုတင် ငွေချေးကတ်စတာတွေ ဖြစ်နေပါ တယ်။
ဘဏ်တွေအနေနဲ့ သူ့ထက်ငါ အပြိုင်အဆိုင် porduct ထုတ်ဝေတာ မျိုးတွေပဲ များနေပြီး နိုင်ငံတကာက ဘဏ်တွေမှာလို တစ်ခုခုကို ဇောင်းပေးတာမျိုး ဖြစ်လာသင့်တယ်လို့ ဝေ ဖန်အကြံပြုတာတွေလည်း ရှိပါ တယ်။ဘဏ်ဝန်ထမ်းတစ်ဦးက “အဓိက ဘဏ်တွေက အပ်ငွေနဲ့ ရပ် တည်နေရတာ၊ အပ်ငွေတွေ ဆွဲထုတ်သွားမယ်ဆိုရင် ဘဏ်တွေက ပြန်မပေးနိုင်လောက်ဘူး၊ ဒီပြဿနာရှိ တယ်၊ ဗဟိုဘဏ်မှာ အာမခံငွေတွေ ထားကြတယ်လေ၊ ကူပြီးထုတ်ပေး ပေါ့”လို့ ပြောပါတယ်။
စာရင်းပိုထုတ်ချေးငွေတွေကို တစ်နှစ်အတွင်း ပြန်လည်မဆပ်နိုင် ရင် သုံးနှစ်အထိ ပြောင်းလဲနိုင် ကြောင်း ဗဟိုဘဏ်က ညွှန်ကြားခဲ့ ပြီး ချေးငွေအရင်းနဲ့ အတိုးအတွက် အနည်းဆုံး သုံးလနဲ့ အရစ်ကျ ပြန် သွင်းရမယ်လို့ ပါရှိပါတယ် ။
အတိုးကို သုံးလအတွင်း ပြန်ဆပ်ရပေမဲ့ အရင်းကို တစ်နှစ်သတ် မှတ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါ တယ်။
ဒါကြောင့် ဗဟိုဘဏ်က သတ် မှတ်ထားတဲ့ ပုဂ္ဂလိကဘဏ်တွေရဲ့ ရင်းနှီးမြှုပ်နှံထားတဲ့ ရင်းနှီးငွေရဲ့ ၂၀ရာခိုင်နှုန်းကို ရက်ပေါင်း ၉၀အ တွင်း လျှော့ချဖို့ သတ်မှတ်ထားတာ ကို စည်းကမ်းအတိုင်း မလိုက်နာနိုင် ရင် ဘဏ်ဖျက်သိမ်းတဲ့အထိ အရေး ယူနိုင်တယ်လို့ ဘဏ်ပညာရှင်အချို့က ပြောပါတယ်။
Credit: The kumudra