အရောင်ကို ရွေးပါ
တိုက်ခန်းပြုပြင်ချင်တဲ့နေရာတွေရဲ့ မူလ decoration တွေကို မပျက်စီးအောင် ပထမအနေနဲ့ ကိုယ်ပြုပြင်ချင်တဲ့ နေရာကို နံရံဆေးရောင်ကို တောက်ပသစ်လွင်တဲ့အရောင် ဒါမှမဟုတ် အခန်းကို ပိုကျယ်စေမယ့်အရောင်ကို ရွေးချယ်သင့်ပါတယ်။ အရောင်ကို အခြားအခန်းတွင်း decoration တွေရဲ့ အရောင်ရောပြီးတော့ သုတ်နိုင်ပါတယ်။ ဒါ့အပြင် ကော်ဇောအရောင်နဲ့ လိုက်ကာခန်းဆီးအရောင်ကို ဆင်တူသုံးရင် ပိုကောင်းပါတယ်။
ပရိဘောဂကို ရွေးပါ
အခန်းတွင်း ပရိဘောဂ ရွေးချယ်တဲ့အခါ multi tasking အသုံးပြုလို့ရတဲ့ ပရိဘောဂတွေကို ရွေးချယ်သင့်ပါတယ်။ ဥပမာ-စာအုပ်စင်ဝယ်တော့မယ်ဆိုရင် စာရေးစားပွဲအဖြစ် သုံးလို့အဆင်ပြေမယ့် စာအုပ်စင်အမျိုးအစားကို ရွေးသင့်ပါတယ်။ အလှတင်စားပွဲခုံ ဝယ်မယ်ဆိုရင် အံဆွဲပါတာကို ရွေးချယ်သင့်ပါတယ်။
နေရာလွတ်တွေကို သုံးပါ
အိမ်ခန်း လှေကားတွေရဲ့ အောက်ဘက်လွတ်နေတဲ့ နေရာတွေကို ဗီရို ဒါမှမဟုတ် စာအုပ်စင်ထားနိုင်ပြီး နံရံကပ် စင်လေးတွေ ပြုလုပ်ပြီး အလှဆင်နိုင်ပါတယ်။ ပြတင်းပေါက်ရှေ့မှာ မှန်ကာထားပြီး အခန်းတစ်ခုလုံးကို နေအလင်းရောင် ပျံ့နှံ့စေခြင်းကလည်း အခန်းကို ပိုကျယ်စေတယ် ထင်စေရမယ့် နည်းတစ်မျိုး ဖြစ်ပါတယ်။
Credit: The Modern