မြေယာလုပ်ငန်းမှတ်ပုံတင်များ လွယ်ကူချောမွေ့စွာလုပ်ဆောင်နိုင်ရန် လိုအပ်နေဟု ဒုသမ္မတ(၁)ဦးမြင့်ဆွေပြော

မြေယာလုပ်ငန်းမှတ်ပုံတင်များ လွယ်ကူချောမွေ့စွာလုပ်ဆောင်နိုင်ရန် လိုအပ်နေဟု ဒုသမ္မတ(၁)ဦးမြင့်ဆွေပြော - Property News in Myanmar from iMyanmarHouse.com
2 Feb 2018 11:28 am တွင် တင်ခဲ့သည်
5252 ကြိမ် ကြည့်ရှု့ပြီး
မြေယာလုပ်ငန်းမှတ်ပုံတင်များကို တိုင်းဒေသကြီး ပြည်နယ်များ၌ လုပ်ဆောင် သည့်အခါ စည်ပင်သာယာရေးကော်မတီ၏ လုပ်ဆောင်ချက်များလွယ်ကူချော မွေ့ရန်လိုအပ်နေကြောင်း ဒုတိယသမ္မတ(၁) ဦးမြင့်ဆွေက ဖေဖော်ဝါရီလ ၁ ရက်က ကျင်းပသည့် နိုင်ငံတော်ဒုတိယသမ္မတ (၁) နှင့် မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံဆွေးနွေးပွဲ ၁၄ ကြိမ်မြောက် အခမ်းအနားတွင် ပြောသည်။

“ကမ္ဘာ့ဘဏ်က ထုတ်ပြန်တဲ့ Doing Business မှာမြန်မာနိုင်ငံအနေနဲ့ စီးပွားရေး လုပ်ကိုင်ရလွယ်ကူတဲ့ အဆင့် ၁၇၁ ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ အလုပ်လာလုပ်ဖို့ဆို တာက ကမ္ဘာ့ဘဏ်က ထုတ်ပြန်လိုက်တဲ့ Doing Business ကို ကြည့်ပြီးတော့မှ ဒီနိုင်ငံမှာ လုပ်ကိုင်ဆောင်ရွက်ရတာ လွယ်တယ်မလွယ်ဘူးဆိုပြီး ဆောင်ရွက်ကြတာဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့နိုင်ငံမှာ Doing Business မှာ အဆင့်တက်ဖို့အတွက် များနေတဲ့ နည်းစနစ်တွေ တတ်နိုင်သမျှ ဖြေလျော့မှုတွေကို တခြားနိုင်ငံမှာလုပ်နိုင်ရင်ကိုယ့်နိုင်ငံမှာ လုပ်လို့မရဘူးလားဆိုပြီး တွေးကြည့်တယ်။ ဖြေလျော့မှုတွေလိုအပ်တဲ့အထဲမှာ မြေယာ လုပ်ငန်းမှတ်ပုံတင်တို့ကို တိုင်းဒေသကြီး ပြည်နယ်တွေမှာ လုပ်တဲ့အခါမှာ စည်ပင်သာယာက လုပ်ကိုင်ပေးမှုက လွယ်ကူချောမွေ့မှုမှာ အများကြီးလို အပ်နေတာဖြစ်ပါတယ်။ ဒါကြောင့် Doing Business မှာ အဆင့်တက်ဖို့လုပ်ဆောင်မယ့် အဖွဲ့ထဲမှာ စည်ပင်သာယာကော်မတီ ကို ထည့်သွင်းလိုက်တာဖြစ်ပါတယ်။ ဒါမှတစ်နိုင်ငံလုံးက စည်ပင်သာယာအဖွဲ့တွေသိရှိပြီး တော့မှလုပ်ပေးနိုင်တဲ့ဟာကို မြန်မြန်ထက်ထက်သာ လုပ်ပေးလို့ရှိရင် ကျွန်တော်တို့ရဲ့ Doing Business က တက်လာမှာဖြစ်ပါတယ်” ဟု ဒုတိယ သမ္မတက ပြောသည်။

ယခင်က Doing Business ၌ မြန်မာနိုင်ငံ၏ အဆင့်တက်ရေးအတွက် သက်ဆိုင် ရာဝန်ကြီးဌာနများမှ ညွှန်မှူး၊ ညွှန်ချုပ်တို့အားတာဝန်ပေးဆောင်ရွက်နေရာမှ ယခုအချိန်တွင် အဆိုပါလုပ်ငန်းစဉ်ကို သိသိသာသာ ဆောင်ရွက်နိုင်ရန် ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန် ကြားရေးမှူး၊ တိုင်းဒေသကြီး ပြည်နယ်များရှိ မြို့နယ်များမှ စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူးများကို ခေါင်းဆောင်အဖြစ် ပါဝင်ဆောင်ရွက်ခွင့်ပေးထားကြောင်း သိရသည်။

Credit: Pyi Myanmar

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်

အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်

လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀

အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်

ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်

Royal Theikdi Condo
CarsDB Showroom Opening

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service