ရန်ကုန်မြို့သစ်စီမံကိန်းကို တိုင်းအစိုးရစီမံခန့်ခွဲမှုဖြင့် အကောင်အထည်ဖော်မည်ဟု ဝန်ကြီးချုပ်ပြော

ရန်ကုန်မြို့သစ်စီမံကိန်းကို တိုင်းအစိုးရစီမံခန့်ခွဲမှုဖြင့် အကောင်အထည်ဖော်မည်ဟု ဝန်ကြီးချုပ်ပြော - Property News in Myanmar from iMyanmarHouse.com
2 Feb 2018 10:16 am တွင် တင်ခဲ့သည်
5289 ကြိမ် ကြည့်ရှု့ပြီး
ကြည့်မြင်တိုင် တစ်ဖက်ကမ်းတွင်အကောင်အထည်ဖော်မည့် ရန်ကုန်မြို့သစ်စီမံကိန်းကို ပထမအကြိမ် လွှတ်တော်၌ အကောင်အထည်ဖော်ဆောင် ရွက်ရန် ဆုံးဖြတ်ထားခြင်းကြောင့် တိုင်းအစိုးရ၏စီမံခန့်ခွဲမှုဖြင့် ဆက်လက်လုပ်ကိုင်မည်ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြား သည်။

ရန်ကုန်မြို့သစ် စီမံကိန်းနှင့် ပတ်သက်၍ လွှတ်တော်တွင် မဆွေးနွေးရခြင်းအကြောင်းရင်း ကို ဝန်ကြီးချုပ်က လက်ရှိလွှတ် တော်သည် ဒုတိယအကြိမ် လွှတ် တော်သက်တမ်းဖြစ်ကြောင်း၊ ပထမလွှတ်တော်၌ ဆုံးဖြတ်ထား သည်ကို လက်ဆင့်ကမ်းခြင်းဖြစ် ပြီး ကြိုက်နှစ်သက်မှုမရှိပါက လွှတ်တော်တွင် ပြန်လည်ပြင်ဆင် ဆွေးနွေးနိုင်ကြောင်း ဖေဖော်ဝါရီ ၁ ရက်က ရန်ကုန်မြို့၌ ပြုလုပ်သော ဒုတိယသမ္မတနှင့် စီးပွားရေးလုပ်ငန်းရှင်များတွေ့ဆုံပွဲတွင် ပြောသည်။

‘‘ ဒီနေရာမှာ ကျွန်တော်တို့ ဘက်က မကြိုက်တာရှိရင် လွှတ် တော်မှာ ပြန်လည်ပြင်ဆင်ဖို့ ဆွေး နွေးဖို့ရှိပါတယ်။ ကျွန်တော်တို့ရဲ့ ဆက်ခံသယ်ဆောင်သွားရမယ့် လုပ်ငန်းတွေထဲမှာလည်း ကြည့် မြင်တိုင်မြို့သစ်ကို တည်ဆောက် သွားရမယ်’’ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။

ပြီးခဲ့သည့်လွှတ်တော်တွင် သုံးကြိမ်ခန့် ဆွေးနွေးခဲ့ပြီး ပြည် ထောင်စုလွှတ်တော်က အတည် ပြုခဲ့သော ရန်ကုန်မြို့သစ်စီမံကိန်း အတွက်လက်ရှိအချိန်၌ မြေသိမ်း အမိန့်လည်း ရရှိထားပြီဟု ၎င်းက ဆိုသည်။

‘‘မြို့သစ်စီမံကိန်းစတင်ဖို့ ကျွန်တော်တို့ဆောင်ရွက်နေပြီ’’ ဟု ဝန်ကြီးချုပ်က
ပြောသည်။

စီမံကိန်းနှင့်ပတ်သက်၍ ယခင်က ပုဂ္ဂလိကကဏ္ဍမှ ကုမ္ပဏီသုံးခုကို ရွေးချယ်ခဲ့သော်လည်း အာဏာစက်မရှိခြင်းကြောင့် ရန် ကုန်တိုင်းအစိုးရကြီးကြပ်မှုဖြင့် စီမံကိန်းကို ပြောင်းလဲအကောင်အထည်ဖော်ရခြင်းဟုဆိုသည်။

ယင်းစီမံကိန်းနှင့်ပတ်သက် ၍ ပြီးခဲ့သည့်နှစ်များတွင် တိုင်း လွှတ်တော်ကိုယ်စားလှယ်များက ဝေဖန်မှုများရှိခဲ့သည်။ အစိုးရအ နေဖြင့် စီးပွားရေးလုပ်ကိုင်မည် ဆိုပါက စနစ်တကျဆောင်ရွက် ပြီး ရင်းနှီးမြှုပ်နှံမှုများကို စိစစ်ဆောင်ရွက်ရန် ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ်အချို့ ကဝေဖန်ခဲ့သည်။

ထို့အပြင် လှည်းကူးမြို့ရှိ ဧက ၁,၄၀၀ ကျော်ပေါ်တွင် တည် ဆောက်မည့် Eco Green City အိမ်ရာစီမံကိန်းကို တိုင်းဒေသကြီးလွှတ်တော်သို့ အသေးစိတ်မ
တင် ပြသဖြင့် အစိုးရကို လွှတ်တော် ကိုယ်စားလှယ်အချို့က ဝေဖန် ခဲ့သည်။

ရန်ကုန်မြို့သစ်စီမံကိန်းတွင် ကျူးကျော်များနေထိုင်ရန် အိမ်ရာစီမံကိန်းများ၊ စီးပွားရေးဆိုင်ရာ အဆောက်အအုံများတည် ဆောက်မည်ဟု ဝန်ကြီးချုပ်က ပြောသည်။ ရန်ကုန်မြို့သစ်တည်ဆောက်ခြင်းကြောင့် ကျူးကျော် ပြဿနာ၊ အလုပ်လက်မဲ့ ပြဿနာ၊ လျှပ်စစ်မီးပြဿနာ၊ လမ်းပိတ်ဆို့မှုပြဿနာနှင့် မြေဈေးကြီး မှုပြဿနာတို့ကို ဖြေရှင်းနိုင်မည် ဟု ရန်ကုန်တိုင်းလျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ် ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ

စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှ

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယ

တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး

တရုတ်ပြည်တွင် ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သော ကုမ္ပဏီတစ်ခုက နှစ်ကုန်ပါတီပွဲတွင် ဝန်ထမ်းများအား ငွေစက္ကူ ရေတွက်ပွဲအဖြစ် ယွ

Royal Theikdi Condo
Shwe Moe Kaung

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service