မီးလောင်ကျွမ်းခဲ့သည့် မင်္ဂလာဈေး ပြန်လည်တည်ဆောက်ရန်တင်ဒါဖိတ်ခေါ်ရာ နောက်ဆုံးအဆင့်တင်ဒါလျှောက် ထားသည့် ကုမ္ပဏီတစ်ခုသာ ရှိ သည်။
တင်ဒါ နောက်ဆုံးလက်ခံသည့် ဇန်န၀ါရီ ၁၅ ရက်ကတင်ဒါ လျှောက်ထားသည့်ကုမ္ပဏီသည် ပြည်တွင်းမှ SMT (Sun Myat Tun Construction Co.,Ltd)တစ်ခုသာရှိကြောင်း ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော် မတီ အင်ဂျင်နီယာဌာန (အ ဆောက်အအုံ) ဒုတိယဌာနမှူး ဦးဇော်ဝင်းက ပြောသည်။
ပထမဆုံး တင်ဒါခေါ်ချိန်တွင် ၀င်ရောက်လျှောက်လွှာတင်သည့်ကုမ္ပဏီ ၂၀ ခန့်ရှိသော်လည်း အဆိုပြုလွှာပြန်လည်တင်ချိန်၌ ကုမ္ပဏီခုနစ်ခုခန့်သာရှိတော့သည်။ အဆိုပါ ခုနစ်ခုအတွင်းမှ စိစစ်ပြီး ကုမ္ပဏီငါးခုကို နောက်ဆုံးလျှောက်လွှာတင်ခိုင်းရာ ကျန်ကုမ္ပဏီများ ၀င်ရောက်လျှောက်လွှာတင်ခြင်းမရှိ တော့ဘဲ SMT တစ်ခုတည်းသာလျှောက်ထားသည်ဟု ဦးဇော်ဝင်း က ပြောသည်။
‘‘တစ်ခုတည်းရှိပေမယ့် သူ့ ကို တင်ဒါစည်းကမ်းချက်တွေနဲ့ ညီလားစစ်ဆေးမယ်၊ ပြီးမှတင်ဒါ ပေးရမှာပေါ့။ မကိုက်ညီရင်တော့ သူ့ကိုလည်း ပယ်ပြီးတင်ဒါထပ် ခေါ်ဖို့လုပ်ရမယ်။ တင်ဒါရသွား ရင်လည်း ဈေးဒီဇိုင်းပိုင်းနှင့် စည်း ကမ်းချက်တွေကို ဆက်ညှိနှိုင်းပြီး နောက်ဆုံးကျမှ တိုင်းအစိုးရကို တင်မှာပါ’’ ဟု ဦးဇော်ဝင်းက ဆို သည်။
မင်္ဂလာဈေးကို ၁၉၉၈ တွင် စတင်ဖွင့်လှစ်ပြီး ၂၀၁၀ ၌ ပထမ အကြိမ်၊ ၂၀၁၆ ဇန်န၀ါရီ ၉ ရက် တွင် ဒုတိယအကြိမ် မီးလောင် ကျွမ်းခဲ့သည်။ ဒုတိယအကြိမ်မီး လောင်ကျွမ်းမှုတွင် တတိယထပ် မှ ခေါင်မိုးအထိ ဆိုင်ခန်း ၁,၆၃၆ ခန်းဆုံးရှုံးခဲ့သည်။ မီးသင့်မင်္ဂလာ ဈေးကို ၂၀၁၆ အောက်တိုဘာက နှစ်လအတွင်း အပြီးဖြိုဖျက်ခဲ့ သည်။ မင်္ဂလာဈေး မီးလောင်ပြီး နောက်ဈေးသည်အများစုသည် ဈေးအနောက်ဘက်ရှိ ရွှေပြည့်စုံ ဈေး၊ ရွှေမင်္ဂလာဈေးနှင့် မင်္ဂလာ မွန်ဈေးများတွင် ဆိုင်ခန်းများ ငှားရမ်းရောင်းချနေသည်။
Credit: 7Daydaily