ကျူးကျော်နေထိုင်သူ များသာမက ဒေသအသီးသီးမှ ရွှေ့ပြောင်းလာသူများ ရန်ကုန် တွင် အခန်းရရှိနိုင်ရန် အိမ်ရာအ ရောင်းစင်တာတစ်ခုဖွင့်လှစ်မည် ဟု ရန်ကုန်တိုင်းဒေသကြီးဝန်ကြီး ချုပ်ဦးဖြိုးမင်းသိန်းက ပြောသည်။
ရန်ကုန်မြို့ဗိုလ်ချုပ်လမ်းရှိ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးရုံး အောက်တွင် အရောင်းစင်တာကို ဖွင့်လှစ်ရောင်းချရန် စီစဉ်ထား ကြောင်း ဖေဖော်ဝါရီ ၁ ရက်က ရန်ကုန်မြို့၌ပြုလုပ်သော ဒုတိယသမ္မတနှင့် စီးပွားရေးလုပ်ငန်းရှင် များတွေ့ဆုံပွဲတွင် ၀န်ကြီးချုပ်က ပြောကြားခဲ့သည်။
စင်ကာပူနိုင်ငံတွင် အိမ်ရာ ဖွံ့ဖြိုးရေးအဖွဲ့ဖွဲ့စည်းပြီး ဆောင် ရွက်သကဲ့သို့ရန်ကုန်တွင်လည်း တိုင်းအစိုးရက ဦးဆောင်၍ စီမံကိန်းများစနစ်တကျဆောင်ရွက် ပြီး သုံးနှစ်အတွင်းတန်ဖိုးနည်းအိမ်ရာစီမံကိန်းများအကောင်အထည်ဖော်မည်ဟု ၀န်ကြီးချုပ်ကဆိုသည်။
အစိုးရက မြေစိုက်ထုတ်ပေး ပြီး နိုင်ငံတကာစီးပွားရေးလုပ်ငန်း ရှင်များ၏ရင်းနှီးမြှုပ်နှံမှုဖြင့် အိမ် ရာများတည်ဆောက်၍နေထိုင်ရေး အခက်အခဲ ကြုံတွေ့နေရ သည့်ပြဿနာ ဖြေရှင်းမည်ဟု ဆိုသည်။
ထို့ပြင် ကျူးကျော်ပြဿနာ နှင့်ပတ်သက်၍ လယ်ကွင်းများ တွင် မြေကွက်ရိုက်ပြီးပြောင်းရွှေ့ ခြင်းထက် လူမှုဘ၀အဆင့်မြှင့်တင်နိုင်မည့် အိမ်ရာစီမံကိန်းများ စီစဉ်နေကြောင်း ၀န်ကြီးချုပ်က ပြောသည်။
အိမ်ရာစီမံကိန်းများ အတွက် လက်ရှိတွင် နားလည်မှုစာ ချွန်လွှာ လက်မှတ်ရေးထိုးသည့် အဆင့်တက်လှမ်းနိုင်ပြီး ရင်းနှီး မြှုပ်နှံမှုများစတင်ဖိတ်ခေါ်နေပြီဟုဆိုသည်။
‘‘စက်မှုဇုန်တွေမှာ ကျူး ကျော်ရှိနေတာ အရမ်းအန္တရာယ် များတယ်’’ ဟု ၀န်ကြီးချုပ်က ပြီး ခဲ့သည့်လက လှိုင်သာယာမြို့ နယ်တွင်ဖြစ်ပွားခဲ့သည့် မီးလောင် မှုကို ဥပမာပေးပြောသည်။ ကျူးကျော်ပြဿနာဖြေရှင်းရန် ကုလ သမဂ္ဂအဖွဲ့အချို့က လက်ရှိနေထိုင်သည့်နေရာတွင် နေထိုင်မှုအဆင့်မြှင့်တင်ရန် အကြံပြုချက် များရှိသော်လည်း ရန်ကုန်တွင် ကြုံတွေ့နေရသည့် အခြေအနေအရ မဖြစ်နိုင်ကြောင်း ၀န်ကြီးချုပ် က ပြောသည်။
ကျူးကျော်များ၏ နေထိုင်မှု အဆင့်မြှင့်တင်ရန်နှင့် စက်မှုဇုန် များမှ ဖယ်ရှားနိုင်ရန် ၂၅ နှစ်၊ နှစ် ၃၀ အရစ်ကျစနစ်ဖြင့်ရောင်းချ မည့်တန်ဖိုးနည်းအိမ်ရာစီမံကိန်း များကို အစိုးရက အကောင်အထည်ဖော်နေကြောင်း ၀န်ကြီး ချုပ်က ပြောသည်။
ရန်ကုန်တိုင်း၏ ဆောက် လုပ်ရေးကဏ္ဍတွင် အစိုးရ၏စီမံ ကိန်းများကြောင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ တည်ဆောက်ထားသော အခန်းများရောင်းချရမှု လျော့နည်းသည့်အခက်အခဲများ ကြုံတွေ့နေရသည်ဟု ဆောက်လုပ်ရေး လုပ်ငန်းရှင် အချို့က ပြောသည်။
Credit: 7Daydaily