Pepsi ကုမ္ပဏီအကြီးအကဲဟောင်း ဂျွန်စကာလေ ဖလော်ရီဒါပြည်နယ်တွင် ပင်လယ်ကမ်းခြေနေအိမ်ကြီးကို ဒုတိယဇနီးနှင့်အတူ ဝယ်ယူ

Pepsi ကုမ္ပဏီအကြီးအကဲဟောင်း ဂျွန်စကာလေ ဖလော်ရီဒါပြည်နယ်တွင် ပင်လယ်ကမ်းခြေနေအိမ်ကြီးကို ဒုတိယဇနီးနှင့်အတူ ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
1 Feb 2018 11:50 am တွင် တင်ခဲ့သည်
4975 ကြိမ် ကြည့်ရှု့ပြီး
Pepsi ကုမ္ပဏီတွင် အမှုဆောင်အရာရှိချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဂျွန်စကာလေသည် အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါ ပြည်နယ်တွင် ပင်လယ်ကမ်းခြေနေအိမ်ကြီးကို ဒုတိယဇနီးနှင့်အတူ ဝယ်ယူလိုက်ကြောင်း နယူးယောက်အခြေစိုက် အိမ်ခြံမြေသတင်း ဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ဂျွန်စကာလေသည် Pepsi နှင့် Apple တို့တွင် ထိပ်တန်းခေါင်းဆောင်နေရာ၌ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ဖလော်ရီဒါပြည်နယ်၊ ပန်မ်ဘိခ်ျရှိ ပင်လယ်ကမ်းခြေနေအိမ်ကြီးကို ဒေးဗစ် ဖိုင်ဇယ်လ်ထံမှ ဝယ်ယူခဲ့ကြောင်း အိမ်ခြံမြေမှတ်တမ်းများတွင် ဖော်ပြသည်။

အသက် ၇၈ နှစ်ရှိပြီဖြစ်သော မစ္စတာ စကာလေနှင့် ဇနီးဖြစ်သူ ဒိုင်ယန် စကာလေတို့သည် အိပ်ခန်း ၅ ခန်း၊ ရေချိုးခန်း ၆ ခန်းပါနေအိမ်ကို ကန်ဒေါ်လာ ၁၄ ဒသမ ၉၂၅ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ဖလော်ရီဒါပြည်နယ်၊ ပန်မ်ဘိခ်ျတွင် ပျှမ်းမျှနေအိမ်ပေါက်ဈေးမှာ ကန်ဒေါ်လာ ၁၇ ဒသမ ၅ သန်းဖြစ်ရာ ယခုဈေးနှုန်းမှာ ပျှမ်းမျှဈေးနှုန်းအောက်နည်းပါးသည့် အရောင်းအဝယ်ဖြစ်ကြောင်း Douglas Elliman အိမ်ခြံမြေကုမ္ပဏီက ထုတ်ပြန်သည့် အချက်အလက်များတွင် ဖော်ပြသည်။

နေအိမ်အကျယ်အဝန်းမှာ စတုရန်းပေ ၅၂၀၀ နီးပါးရှိပြီး ရေကူးကန်တစ်ခု၊ သမုဒ္ဒရာအလှကို ကျယ်ပြောစွာရှုမြင်နိုင်မည့် ကျယ်ဝန်းသော လသာဆောင်တို့ ပါဝင်သည်။

ယခုနေအိမ်မှာ ပန်မ်ဘိခ်ျတွင် မစ္စတာစကောလေဝယ်ယူပိုင်ဆိုင်ဖူးသည့် ပထမဆုံးနေအိမ်မဟုတ်သေးချေ။

၂၀၀၉ ခုနှစ်အတွင်းကလည်း ပထမဇနီးဖြစ်သူ ကာရိုးလ် လီ စကာလေနှင့်အတူ အိပ်ခန်း ၅ ခန်း၊ ရေချိုးခန်း ၈ ခန်းပါနေအိမ်ကို ကန်ဒေါ်လာ ၈ သန်းဖြင့် ဝယ်ယူခဲ့ဖူးသည်။

ကွာရှင်းပြတ်စဲပြီးနောက်တွင် အဆိုပါနေအိမ်နှင့် ပတ်သက်သည့် ရပိုင်ခွင့်များကို မစ္စတာ စကာလေက မတောင်းဆိုတော့သောကြောင့် ဇနီးဟောင်း မစ္စက် စကာလေက ၂၀၁၃ ခုနှစ်တွင် ကန်ဒေါ်လာ ၁၀ ဒသမ ၉၅ သန်းဖြင့် ရောင်းချခဲ့သည်ဟု ဆိုသည်။

မစ္စတာ စကာလေသည် လက်ရှိအားဖြင့် မက်ဆာချူးဆက်ပြည်နယ်၊ ဆောက်သ်ဘိုရို့ခ်ျအခြေစိုက် ကျန်းမာရေးနည်းပညာကုမ္ပဏီ RxAdvance တွင် ဈေးကွက်ဆိုင်ရာအကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။

မစ္စတာ စကာလေသည် Pepsi ကုမ္ပဏီတွင် ၁၉၇၇ ခုနှစ်မှ ၁၉၈၃ ခုနှစ်အထိ အမှုဆောင်အရာရှိချုပ်အဖြစ်လည်းကောင်း၊ Apple ကုမ္ပဏီတွင် ၁၉၈၃ ခုနှစ်မှ ၁၉၉၃ ခုနှစ်အထိလည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Pepsi ကုမ္ပဏီအကြီးအကဲဟောင်း ဂျွန်စကာလေ ဖလော်ရီဒါပြည်နယ်တွင် ပင်လယ်ကမ်းခြေနေအိမ်ကြီးကို ဒုတိယဇနီးနှင့်အတူ ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
Pepsi ကုမ္ပဏီအကြီးအကဲဟောင်း ဂျွန်စကာလေ ဖလော်ရီဒါပြည်နယ်တွင် ပင်လယ်ကမ်းခြေနေအိမ်ကြီးကို ဒုတိယဇနီးနှင့်အတူ ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
Pepsi ကုမ္ပဏီအကြီးအကဲဟောင်း ဂျွန်စကာလေ ဖလော်ရီဒါပြည်နယ်တွင် ပင်လယ်ကမ်းခြေနေအိမ်ကြီးကို ဒုတိယဇနီးနှင့်အတူ ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ

စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်

တရုတ်ပြည်တွင် ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သော ကုမ္ပဏီတစ်ခုက နှစ်ကုန်ပါတီပွဲတွင် ဝန်ထမ်းများအား ငွေစက္ကူ ရေတွက်ပွဲအဖြစ် ယွ

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေး

(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်

TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ

Royal Theikdi Condo
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service