ဥပဒေတစ်ခုဆိုသည်က ဖြစ် စဉ်တစ်ခုကိုပြုပြီး၊ ဖြစ်ပြီးမှု အခြေအနေကိုလိုက်၍ နောက်မှရေးဆွဲ အကောင်အထည်ဖော်နေရသည့် အခြေ အနေဖြစ်သည်။ ထိုဖြစ်စဉ်အရ ဆုံးရှုံး နစ်နာမှုတို့ အများကြီးဖြစ်လာနိုင်သည်။
ဥပဒေမထွက်ခင်က ခြေလွန်လက်လွန် ဖြစ်ထားသော အချို့သောလုပ်ငန်းကြီး များသည် ဥပဒေကို အကြောင်းပြု၍ လုပ်ငန်းတို့ ရပ်ဆိုင်းခဲ့ကြရမည်ဆိုပါလျှင် လည်း နိုင်ငံ၏ စီးပွားရေးကို တစ်နည်း အားဖြင့် ဆုံးရှုံးစေမှုဖြစ်စေပြီး အလုပ် အကိုင်အခွင့်အလမ်းတို့ကိုလည်း နိုင်ငံသား တို့အတွက် ဆုံးရှုံးစေသည်။
လက်ရှိမြန်မာနိုင်ငံ၏ တည်ဆောက်ရေးလုပ်ငန်းခွင် တစ်နည်းအား ဖြင့် အိမ်ရာဖော်ဆောင်မှုတို့တွင် အားနည်းသော ဥပဒေတို့ကြောင့် ၀ယ်ယူနေ ထိုင်သူတို့အတွက် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာမည်ကို စိုးထိတ်နေကြရ သည်။
အိမ်ခြံမြေခေတ်ကောင်းခဲ့စဉ် က အပြိုင်းပြိုင်း အရိုင်းရိုင်း တည်ဆောက် ရေးတွေလုပ်ပြီး အိမ်ခြံမြေရောင်းချပြီး ကြီးပွားချမ်းသာသူတွေများစွာ ထွက်ပေါ် ခဲ့ကြသည်။
မြေယာပိုင်ဆိုင်ခွင့်မပါသော ကန်ထရိုက်စနစ်တို့တွင် ၀ယ်ယူနေထိုင် သော တိုက်ခန်းရှင်တို့အနေနှင့် ပုံမှန် လုပ်ရိုးလုပ်စဉ်ကို နားလည်ကြသည်။ ရောင်းဝယ်၊ ငှားရမ်းမှုတို့ကို သမရိုးကျ ပင် လုပ်ကိုင်ဆောင်ရွက်ခဲ့ကြသည်။
နေထိုင်မှုပုံစံတို့ပြောင်းလဲလာ မှုတွင် ပုံမှန်အထပ်မြင့်အဆောက်အအုံ တို့တွင် ခေတ်မီ အများပိုင်အဆောက် အအုံ (သို့မဟုတ်) စုပေါင်းပိုင်အဆောက် အအုံတို့၏ ရှေ့ပြေးကွန်ဒိုပုံစံတို့ဆောက် လုပ်ရောင်းချခဲ့ကြသည်။ ကွန်ဒိုတံဆိပ်ကပ် နှိပ်ပြီး ကွန်ဒိုတစ်ခုတွင်ရှိရမည့် အရည်အသွေး ဖြည့်ဆည်းမှုတို့ ဘာမျှမပါ။ (၈) ထပ်ထက်မြင့်သဖြင့်သာ ဓာတ်လှေကား တပ်ဆင်မှုတော့ရှိကြသည်။ ထိုစဉ်က ရေကူးကန်တို့ဆိုသည့် ကွန်ဒိုတစ်ခုတွင် ပါဝင်ရမည့် အပြင်အဆင် တို့မပါဝင်ဘဲ ကွန်ဒိုဆိုပြီး ရောင်းချခဲ့ကြသည်။ စံချိန်စံညွှန်းမီ ကွန်ဒိုတိုက်ခန်း များ မဟုတ်ကြပေ။
ကွန်ဒိုဆိုသော အမည်နာမ တစ်ခုအပေါ်မှာ အမြတ်ထုတ်ခဲ့ကြခြင်း လည်းဖြစ်နိုင်သည်။ လူနေမှုဖြစ်စဉ် အပြောင်းအလဲတွင် သိမှုမစုံလင်ဘဲ ခံကိုက်ရသည့်အဖြစ်များ ဖြစ်သည်။
ဝယ်ယူနေထိုင်ခဲ့ကြသူများသည် လည်း ကွန်ဒိုဆိုတာ ဘာလဲ။ ကွန်ဒိုတွင် နေထိုင်သူတို့၏ ရပိုင်ခွင့်တွေက ဘာလဲ။ ၀ယ်ယူနေထိုင်သူတို့ လိုက်နာရမည့် စည်း ကမ်းသတ်မှတ်ချက်တွေသည် ဘာလဲဆို သော အသိအမြင်ကိုတော့ သိထားမှ ဖြစ်မည်။ ကွန်ဒိုဟုပြောရောင်းတိုင်း ၀ယ် ယူနေထိုင်ကြမည်လား။ ကွန်ဒိုတွင် နေ ထိုင်သူတို့၏ကြုံတွေ့ရမည့်ကိစ္စတို့ကို သိထားနားလည်မှ နေပျော်ကြမည်ဖြစ်သည်။
စီးပွားရေးနှင့် လူဦးရေတိုးတက် များပြားလာသော မြို့ပြတို့၏ ဖွံ့ဖြိုးမှုဖြစ် စဉ်တွင် မြေယာရှားပါးမှုသည် မလွဲမသွေ တွေ့ကြုံလာရမည့် ဧကန်ကိစ္စဖြစ်သည်။ ထိုမြို့ပြဖွံ့ဖြိုးမှုတွင် မြေယာရှားပါးမှုကို အကြောင်းပြု၍ ပုံမှန်အထပ်မြင့် လူနေ တိုက်ခန်းများမှသည် လူနေမှုပုံစံသစ်တို့ ဖန်တီးလာကြခြင်းဖြစ်သည်။ ထိုလူနေမှု ပုံစံသစ်ကို ကွန်ဒိုမီနီယံဟုခေါ်သည့် စုပေါင်းပိုင် အဆောက်အအုံပုံစံသစ်ဟူ ၍ ဖြစ်လာခြင်းဖြစ်သည်။
တစ်နည်းအားဖြင့် “ လူများ၏ လွတ်လပ်စွာနေထိုင်လိုခြင်းသဘောနှင့် လိုအပ်ချက်များကို စုပေါင်းဖြေရှင်းသည့် သဘောသဘာဝ နှစ်ရပ်စလုံးကို ပါဝင် အောင်စီမံထားသည့် လူနေမှု အနေအထား တစ်ရပ်ဖြစ်သည် ”ဟု ကွန်ဒိုနှင့်ပတ်သက် ပြီး ဖွင့်ဆိုထားသည်ကို စာတစ်အုပ်တွင် ဖတ်ခဲ့ရသည်။
ယခုလက်ရှိ စုပေါင်းပိုင်အဆောက်အအုံ သို့မဟုတ် ကွန်ဒိုတိုက်ခန်း တို့ ဆောက်လုပ်ရောင်းချမှုတွင် မြေယာ ပိုင်ဆိုင်မှုသည်လည်း ၎င်းအဆောက်အအုံ တွင် နေထိုင်သူတို့ ခံစားခွင့်ရရှိမည် ဟူသော အချက်တို့ကိုလည်း ထည့်သွင်း ကြော်ငြာရောင်းချနေမှုကိုလည်း တွေ့ရ သည်။
ဘိုးဘွားပိုင်မြေပေါ်တွင် စံချိန်စံညွှန်းမီ အများပိုင်ကွန်ဒိုအဆောက်အအုံ ဆောက်လုပ်ပြီး ၀ယ်ယူသူတို့ နှစ် သက်မက်မောစေမည့် facilities များဖြင့် ဆွဲဆောင်ကြော်ငြာရောင်းချခြင်းကိုလည်း တွေ့ရသည်။
ကွန်ဒိုမီနီယံအမည်တပ် အဆောက်အအုံတို့ အတော်များများ တည်ဆောက်ပြီးစီးမှုနောက်မှာမှ ကွန်ဒိုမီနီယံ ဥပဒေသည် နောက်ကျစွာထွက်လာသည်။ ကွန်ဒိုဥပဒေ၏နောက်တွင် ဆက်စပ်ပေါ် ထွက်လာရမည့် နည်းဥပဒေသည်လည်း အတည်ပြုပြဋ္ဌာန်းရန် ထပ်မံနောက်ကျ လျက်ရှိနေပါသေးသည်။
ထိုဥပဒေတို့ကို သိနားလည်မှ ၎င်းနှင့်ဆက်စပ်လုပ်ငန်းတို့၏ အကောင်အထည်ဖော်လုပ်ကိုင်ကြရာတွင် အဓိပ္ပာယ် ရှိ၊ အကျိုးရှိပါမည်။ ခိုင်မာအားကိုးလောက် သော ဥပဒေတို့ ပြဋ္ဌာန်းရန် နောက်ကျနေ မှုကို အခွင့်ကောင်းယူပြီး လည်ဝယ်သော စီးပွားရေးသမားတို့လှည့်ကွက်တွင် အများ ပြည်သူတို့အထိနာကြနိုင်ပါသည်။
ဘိုးဘွားပိုင်မြေပေါ်တွင် မဟုတ် ဘဲ အစိုးရပိုင်မြေ၊ တပ်ပိုင်မြေပေါ်တွင် ငှားရမ်းပြီး ကာလအကန့်အသတ်ရှိသော မြေတွင်ခန့်ထည်ကြီးမားသော အဆောက် အအုံတို့ ဆောက်လုပ်ရောင်းချခြင်းကို ၀ယ်ယူသူတို့အနေနှင့် သံသယမေးခွန်း တို့ မေးလာခဲ့ကြသည်။
ဝန်ကြီးဌာနနှင့် တပ်ပိုင်မြေတို့ ပေါ်တွင် ငှားရမ်းတည်ဆောက်သော အဆောက်အအုံကွန်ဒိုမီနီယံတို့ကို ဆောက်လုပ်သော ကုမ္ပဏီများအနေနှင့် ၎င်းတို့ ငှားရမ်းထားသောမြေကို အခန်းဝယ်ယူ နေထိုင်သူတို့အား ပိုင်ဆိုင်ခွင့်ပေးမည် ဟူသော မက်လုံးသည်လည်း နောင်တွင် ရှုပ်ထွေးလာမည့် အခြေအနေနှင့်ကြုံရ နိုင်သည်။
ဥပဒေတို့၏အားနည်းချက်သည် ၀င်ရောက်လာမည့် နိုင်ငံတကာရင်းနှီး မြှုပ်နှံမှုတို့ကို တုံ့ဆိုင်းနှောင့်နှေးစေသည်။
ယခု ကွန်ဒိုမီနီယံ အဆောက် အအုံတို့သည် မြန်မာနိုင်ငံအနေနှင့် အိမ် နီးချင်းနိုင်ငံတို့၏နောက်မှာမှ စတင်ခဲ့ ကြရသည်။ ၎င်းင်းနိုင်ငံတို့တွင် ထိုအဆောက် အအုံတို့နှင့် ပတ်သက်၍ပြဋ္ဌာန်းထား သော ဆိုင်ရာဆိုင်ရာ ဥပဒေများရှိခဲ့ကြ ပေသည်။ မြန်မာနိုင်ငံအနေနှင့် အချို့ သော ဥပဒေတို့သည် စီမံကိန်းတို့မစတင် မီ ကြိုတင်ရေးဆွဲပြဋ္ဌာန်းခြင်း မလုပ်နိုင် ပါပြီလော။ အခြားတစ်ပါးသော နိုင်ငံတို့ ရှိ သူတို့နိုင်ငံ၏ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတို့နှင့် ဆိုင်ရာပြဋ္ဌာန်းပြီး ဥပဒေ တို့ကို ကျွန်ုပ်တို့နိုင်ငံအနေနှင့် မှီငြမ်းပြု တင်ကြိုရေးဆွဲထားသင့်သည်။ ဆိုင်ရာ ဆိုင်ရာဥပဒေမရှိဘဲ ခွင့်ပြုခဲ့ကြသော လုပ်ငန်းကြီး (စီမံကိန်းကြီး)တို့ကြောင့် နောက်မှထွက်လာရသည့် ဥပဒေသည် ပြန်ငဲ့ညှာနေရသကဲ့သို့ ဖြစ်နေသည်။
မြန်မာနိုင်ငံ၏ အခြေခံအဆောက်အအုံဆောက်လုပ်မှုလုပ်ငန်းစဉ် တွင်လည်း ထိုကဲ့သို့ လက်လွန်နေမှုများ ကို ပြန်လည်ငဲ့ညှာနေရသော ဥပဒေတို့ ရှိနေပြီလားဟု မေးရမလိုဖြစ်နေသည်။
ယခု လူနေမှုဟန်သစ် ကွန်ဒို အဆောက်အအုံတို့တွင်လည်း Developer နှင့် ၀ယ်ယူနေထိုင်မည့်သူတို့ အပါအ၀င် သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးအ နေနှင့် တိကျသေချာရေရာခိုင်မာသော ဥပဒေဘောင်အတွင်းမှ မည်သူ၏အကျိုး စီးပွားကိုမှ ထိခိုက်မှုမရှိအောင် စည်းကမ်းတကျ ဆောင်ရွက်နိုင်ကြဖို့ လိုပါသည်။
ယခုကာလ လိုအပ်ချက်အရ ပြောင်းလဲလာသော ခေတ်သစ် လူနေမှု ပုံစံတွင် ကောင်းမွန်ခိုင်မာသောဥပဒေ တို့၏ ပံ့ပိုးကူညီမှုရှိလျှင် ရောင်းသူဝယ်သူ တို့အတွက် စိုးနှောင့်ပူဗျာ ဖြစ်စရာမရှိ ပေ။
ကောင်းမွန်သော ကြိုပွိုင့်စနစ် ကို မရိုးမသား အသုံးချသွားခြင်းကြောင့် အိမ်ခြံမြေဈေးကွက် အတော်ပျက်သွား ခဲ့ပြီဖြစ်သည်။ ထိုကဲ့သို့သောကိစ်္စတို့ အိမ် ခြံမြေလောကတွင် ထပ်မံမဖြစ်ပေါ်အောင် စည်းကမ်းဥပဒေတို့ဖြင့် ကွပ်ကဲထိန်း ကျောင်းမှုကို ကြပ်ကြပ်မတ်မတ်လုပ်ဖို့ လိုပါသည်။
ခေတ်သစ်လူနေမှု၏ပြယုတ် တစ်ခုဖြစ်သာ ကွန်ဒိုနေသူတို့အနေနှင့် လည်း ကွန်ဒိုစစ်စစ်တို့တွင် ပါဝင်သော Facilities တို့ကို လွတ်လပ်စွာ အသုံးပြု နိုင်ကြသည်။ ထို့အတူ ချို့ယွင်းပျက်စီး မှုနှင့် ကွန်ဒိုတစ်ခုလုံးကို ထိန်းသိမ်းစောင့် ရှောက်မှုစရိတ်တို့ကိုလည်း မဖြစ်မနေ ထည့်ဝင်ကြရသည့် သဘောရှိသည်။ ထို အခြေခံကို ကွန်ဒိုနေသူတို့အနေနှင့် ပူး ပေါင်းပါဝင်ခြင်းမရှိလျှင် နေပျော်ဖွယ်ရာ အရပ်ဌာနတစ်ခုဖြစ်လာမှ မဟုတ်ပေ။
ထို့ကြောင့် ခေတ်သစ်လူနေမှု ပုံစံသစ် ကွန်ဒိုမီနီယံခေတ်တွင် နေထိုင်သူ တို့ အံဝင်ခွင့်ကျဖြစ်ဖို့ သက်ဆိုင်ရာဥပဒေ တို့ကို ပြည့်စုံနိုင်သမျှ ပြည့်စုံအောင် ဖြည့် စွက်ရေးဆွဲပြီး အဆင်သင့်ဖြစ်နေဖို့ကောင်း ပြီဖြစ်ပါသည်။ ။
ဘိုးသာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com