ကမ္ဘာကျော် အက်ရှင်သရုပ်ဆောင် ဘရုစ်ဝီလီနှင့် ဇနီးဖြစ်သူ အင်မာတို့ ပိုင်ဆိုင်သော နယူးယောက်ကွန်ဒိုခန်းကို ပြီးခဲ့သည့် ရက်သတ္တပတ်ကမှ အရောင်းဈေးကွက်တင်ခဲ့ရာ ယခုအခါ ဝယ်လက်ပေါ်ပေါက်သွားပြီဖြစ်ကြောင်း နယူးယောက်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ဘရုစ်ဝီလီ၏ နယူးယောက်အိမ်ခန်း အရောင်းဈေးကွက်တင်ခဲ့ပုံကို ပြီးခဲ့သည့် သီတင်းပတ်အတွင်း iMyanmarHouse.com ဝက်ဘ်ဆိုက်ကြီးတွင် ရေးသားတင်ပြခဲ့ပြီးဖြစ်ရာ ပြန်လည်ဖတ်ရှုလိုပါက https://www.imyanmarhouse.com/news/read/702372 အင်တာနက်လင့်ခ်တွင် ဖတ်ရှုနိုင်ပါသည်။
နယူးယောက်မြို့၊ မန်ဟက်တန်အရပ်ရှိ လူနေခန်းများမှာ ဈေးနှုန်းအလွန်ကြီးမြင့်လှရာ လူနေခန်းတစ်ခန်းရောင်းထွက်ရန် များစွာအချိန်ယူရသည်။
Die Hard ဖြင့် အောင်မြင်မှုအထွတ်အထိပ်ရောက်ရှိခဲ့သူ ဘရုစ်ဝီလီသည် အဆိုပါနေအိမ်ခန်းတွင် ဇနီးဖြစ်သူ အင်မာ ဟဲမင်း၊ သားသမီးများဖြစ်သည့် အိဗ်လင်းပန်၊ မေဘယ်လ် ရေးတို့နှင့်အတူ နေထိုင်ခဲ့ခြင်း ဖြစ်သည်။
နေအိမ်ခန်းတည်ရှိသည့် အဆောက်အအုံမှာ နယူးယောက်မြို့ Central Park West အရပ်တွင် တည်ရှိသည်။
ဘရုစ်ဝီလီသည် စတုရန်းပေ ၆၀၀၀ ရှိ လူနေခန်းကို ၂၀၁၅ ခုနှစ်အတွင်း ကန်ဒေါ်လာ ၁၆ ဒသမ ၉၉၅ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး Douglas Elliman အိမ်ခြံမြေကုမ္ပဏီမှတစ်ဆင့် ကန်ဒေါ်လာ ၁၇ ဒသမ ၇၅ သန်းဖြင့် အရောင်းဈေးကွက်တင်ခဲ့ခြင်း ဖြစ်သည်။
“သူတို့က ဒီဝန်းကျင်ကို ချစ်ပါတယ်။ ဒါပေမယ့် ဒီမှာနေဖို့ အချိန်အများကြီးမရလို့ ပြန်ရောင်းတာပါ” ဟု ဘရုစ်ဝီလီ၏ မိတ်ဆွေတစ်ဦးက ပြောကြားသည်။
Central Park West လမ်း ၊ အမှတ် ၂၇၁ တွင် တည်ရှိပြီး ၁၉၁၂ ခုနှစ်က ဆောက်လုပ်ခဲ့သည့် အဆောက်အအုံဖြစ်သည်။
အဆောက်အအုံမှာ ၁၃ ထပ်မြင့်မားပြီး ဘရုစ်ဝီလီ၏ နေအိမ်ခန်းမှာ ၃ လွှာနှင့် ၄ လွှာတို့တွင် ပူးတွဲတည်ရှိသည်။
အိပ်ခန်း ၆ ခန်းနှင့် ရေချိုးခန်း ၄ ခန်းပါဝင်ပြီး Central Park ပန်းခြံ၏ အလှကို စီးမိုးရှုမြင်နိုင်သည်။
ယင်း duplex ခန်းအတွက် ထိန်းသိမ်းစရိတ်မှာ တစ်လလျှင် ကန်ဒေါ်လာ ၁၁၈၇၉ ခန့် ကုန်ကျသည်ဟု ဆိုသည်။
Master Bedroom တွင် ရေပူရေချိုးခန်းနှင့် ရေစိမ်ကန်တို့ ပါဝင်ပြီး နံရံမြှုပ် စာအုပ်စင်များပါဝင်သည့် ခမ်းနားသော စာကြည့်တိုက်လည်း နေအိမ်အတွင်း ပါဝင်သည်။
အပေါ်ထပ်တွင် ဧည့်ခန်း၊ ညစာစားခန်း၊ မီးဖိုဆောင်တို့ပါဝင်ပြီး အခန်းအားလုံးမှာ Central Park ပန်းခြံကို မျက်နှာမူထားသည်။
အောက်ထပ်တွင် အိပ်ခန်း ၄ ခန်းပါဝင်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)