တညင်းကုန်းဈေးသစ်ကြီး အစိုးရသစ်၏ ပထမဦးဆုံးစံနမူနာဈေးကြီးဖြစ်လာမည်

တညင်းကုန်းဈေးသစ်ကြီး အစိုးရသစ်၏ ပထမဦးဆုံးစံနမူနာဈေးကြီးဖြစ်လာမည် - Property News in Myanmar from iMyanmarHouse.com
1 Feb 2018 11:15 am တွင် တင်ခဲ့သည်
7447 ကြိမ် ကြည့်ရှု့ပြီး
အသစ်ဖွင့်လှစ်ခဲ့သည့် တညင်းကုန်းဈေးသစ်ကြီးသည် အစိုးရသစ်၏ ပထမဦးဆုံး စံနမူနာဈေးကြီးဖြစ်လာမည်ဟု ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဇန်နဝါရီ ​၃၀ ရက်​က ပြုလုပ်သည့်​​​​​ အင်းစိန်မြို့နယ် တညင်းကုန်း သစ်သီးဝလံဟင်းသီးဟင်းရွက်နှင့် ပန်းမန်လက်ကားဈေးသစ်ကြီးဖွင့်ပွဲအခမ်းအနား၌ ပြောဆို သည်။

"နိုင်ငံတကာမျက်နှာစာမှာ နှစ်ပေါင်းများစွာ ကမ္ဘာလှည့် ခရီးသွားတွေဝင်ထွက်သွားလာနေတဲ့ ဗိုလ်ချုပ်အောင်ဆန်း ဈေးကြီးကိုတောင် ကျွန်တော်တို့က နိုင်ငံတကာအဆင့်အတန်းမီ ဈေးကြီးတစ်ဈေးအဖြစ်နဲ့ ရပ်တည်နိုင်အောင် ရှေးဟောင်း အမွေအနှစ်တွေမပျောက်ဘဲ အများကြီးပြုပြင်ပြောင်းလဲရဦး မှာဖြစ်ပါတယ်။ ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ ဈေးပေါင်း ၁၇၀ ကျော်ကို ပြုပြင်ထိန်းသိမ်းမှုတွေ ဆောင်ရွက်ပြောင်းလဲရမှာ ဖြစ်ပါတယ်။ ဒီဈေးကြီးဟာ အခုလက်ရှိအစိုးရသစ်ရဲ့ ပထမ ဦးဆုံး စံနမူနာ ပြစရာဈေးကြီးတစ်ဈေးဖြစ်လာမှာပါ"ဟု ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြောဆိုသည်။

အစိုးရသစ် စတင်တာဝန်ယူသည့်အချိန် တွင် ရန်ကုန်၌ ဈေးပေါင်း ၁၈၄ ခုခန့် လည်ပတ်နေခြင်းဖြစ်ကြောင်း၊ ဈေးအများစုသည်ဈေးရုံအတွင်းနေချင်စဖွယ်မရှိသည့်အတွက် ဈေးအပြင်ဘက်လမ်းမများပေါ်၌ ဈေးထွက်ရောင်းနေ သကဲ့သို့ဖြစ်နေကြကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီး ချုပ်က ပြောဆိုသည်။

အနံ့အသက်မကောင်း"ဘာကြောင့်လမ်းမပေါ်ထွက်ပြီး ဈေးရောင်းကြသလဲ ဆိုရင် ဈေးရုံအတွင်းမှာ နေချင်စဖွယ် မဖြစ်ဘူးဖြစ်နေတယ်။ ဈေးဝယ်သူတွေကလည်း ဈေးရုံးအတွင်းဝင်ရမှာ အင်မတန်မှ စိုးထိတ်ပါတယ်။ ဘာကြောင့်လဲဆိုရင် အနံအသက်တွေက လည်းမကောင်းဘူး။ ဈေးရုံအတွင်းဝင်တဲ့ လမ်းတွေကလည်း သန့်သန့်ရှင်းရှင်းမရှိဘူးဆိုတော့ လူတွေက လမ်းမဘေးက ဈေးတွေ မှာသာဝယ်ချင်ကြပါတယ်"ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

နိုင်​ငံတကာ၌အောင်မြင်နေသည့်ဈေးများ၏စံနှုန်းများ အရ ဈေးများသည်သန့်ရှင်းသပ်ရပ်လှပပြီး ကျန်းမာရေးနှင့် ကိုက်ညီသည့် အစားအသောက်များကိုရောင်းဝယ်ခြင်း၊ လာ ရောက်ရောင်းချသည့်သူများနှင့် ဝယ်ယူမည့်သူများပါ အဆင် ပြေနိုင်မယ့် ဈေးမျိုးဖြစ်အောင် ဆောင်ရွက်ခြင်း၊ ဈေးတည် ဆောက်ပြီးနောက် ထိန်းသိမ်းစောင့်ရှောက်ခြင်းပြုပြင်ခြင်း များကို ဥစနမအေသမ ကတာဝန်ယူခြင်းများကြောင့်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

မျှော်မှန်းထားသည့်အဆင့်

" ဒီဈေးကြီးကလည်း မြို့တော်စည်ပင်သာယာနဲ့ အကျိုးတူ ပူးပေါင်းဆောင်ရွက်ထားတဲ့ ဈေးကြီးဖြစ်ပါတယ်။ ဒီဈေးကြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားကြ ရမှာဖြစ်တယ်။ ဒီဈေးကြီးရဲ့ ပိုင်ဆိုင်မှုတွေထဲမှာလည်း ကုမ္ပဏီ၊ စည်ပင်သာယာနဲ့ အတူ ဖွဲ့စည်းထားတဲ့ကုမ္ပဏီကြီးထဲမှာ အားလုံး ပါဝင်ခွင့်ရအောင်၊ ဈေးသူဈေးသားတွေရော ပြည်သူ လူထုကြီးကပါ ဒီဈေးကြီးရဲ့ ပိုင်ဆိုင်ခွင့်ထဲမှာ ပါဝင်ခွင့်ရရန် လိုတယ်။ ရှေ့ဆက်ပြီးတော့ ဒီအခြေအနေကို ဖြစ်အောင် ဆောင်ရွက်သွားကြမှာဖြစ်ပါတယ်။ ဒီဈေးကြီးဟာ ကျွန်တော် တို့ မျှော်မှန်းထားတဲ့ အဆင့်တစ်ဆင့်ကို ရောက်လာမယ့် ဈေးဖြစ်တယ်"ဟု ၎င်းက ပြောဆိုသည်။

ယင်းဈေးစီမံကိန်းမှာ ရန်ကုန်တိုင်းဒေသကြီး အင်းစိန် မြို့နယ်ရှိ တညင်းကုန်းဈေးဟောင်းအနီး၌ တည်ရှိကြောင်း သိရသည်။

Credit: The Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ

လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယ

၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှ

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀

Shwe Moe Kaung
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service