မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့နှင့် မန္တလေး-မြို့သာစက်မှုဖွံ့ဖြိုးတိုးတက်ရေး အများပိုင် ကုမ္ပဏီလီမိတက်(MMID)တို့ပူးပေါင်းအကောင်အထည်ဖော်နေသည့်မန္တလေး-မြို့သာစက်မှုဥယျာဉ်မြို့တော် စီမံကိန်းဖွံ့ဖြိုးရေးအတွက် Co-developer များအနေဖြင့် လာရောက်ရင်းနှီးမြှုပ်နှံနိုင်ကြောင်းမန္တလေး-မြို့သာစက်မှုဖွံ့ဖြိုးတိုးတက်ရေးအများပိုင်ကုမ္ပဏီလီမိတက်(MMID)ဥက္ကဋ္ဌထံမှ သိရသည်။
ဒါရိုက်တာအဖွဲ့ထဲကပဲဖြစ်ဖြစ်၊ကုမ္ပဏီအစုရှယ်ယာရှင်ထဲကပဲဖြစ်ဖြစ် မည်သူပင်ဖြစ်စေ ဖိတ်ခေါ်ထားသည်။Co-Developer အခွင့်အရေးများ အားလုံးအတူတူပေးမည်ဖြစ်ပြီးMMID တစ်ခုတည်းနှင့်ရင်းနှီးမြှုပ်နှံမှုလုပ်မည်ဆိုလျှင် တိုးတက်မှုများအချိန်ကြာနိုင်၍ ပြည်တွင်းပြည်ပ Co-developer များကို ဖိတ်ခေါ်ရခြင်းဖြစ်သည်။
ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၁၂၃သန်းရှိသည့် ယင်းစီမံကိန်းအားမန္တလေးမြို့သာစက်မှုဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီလီမိတက်(MMID)အနေဖြင့်မြေဧက၁ဝ,ဝဝဝကျော်ပေါ်တွင် ၂ဝ၁၃ခုနှစ်ကစတင်ခဲ့ရာMMGED ကုမ္ပဏီကို ပထမဆုံး ဖိတ်ခေါ်ခဲ့ပြီးနောက် MMIEC ကုမ္ပဏီ၊RCC ကုမ္ပဏီ ၊ရန်ကုန်နှင့်မြင်းခြံတွင်ရှိသည့် လုပ်ငန်းရှင်များကိုလည်း ဖိတ်ခေါ်ခဲ့ကြောင်းသိရသည်။
စီမံကိန်းတွင်ပြည်တွင်းပြည်ပ ရင်းနှီမြှုပ်နှံမှုပမာဏမှာ ယခုနှစ်ဇန်နဝါရီ ဒုတိယပတ်ထိ အမေရိကန် ဒေါ်လာသန်း ၅ဝဝကျော် ရှိပြီး သုံးနှစ်အတွင်းစက်ရုံ ၁ဝဝဝကျော်ဝင်ရောက်လာမည်ဟုခန့်မှန်းထားသည်။
စက်ရုံငါးခု လည်ပတ်နေပြီး လာမည့်မေလတွင် စက်ရုံနှစ်ခု၊သြဂုတ်လတွင်စက်ရုံ၂၂ခု တည်ဆောက်ကြမည်ဖြစ်ပြီး ပြည်ပရင်းနှီးမြှုပ်နှံမှုသည် ၉ဝရာခိုင်နှုန်းခန့်ရှိသည်။
စီမံကိန်းအတွင်း အင်ဒိုနီးရှားနိုင်ငံမှ JAPFA အစာစပ်စက်ရုံ၊ဟောင်ကောင်မှ သစ်ပါးလွှာစက်ရုံ၊တရုတ်နိုင်ငျွှံ Snow Cookie ဘီစကွတ်စက်ရုံ၊ထိုင်းနိုင်ငံမှ ကွန်ကရစ်စက်ရုံ၊ထိုင်ဝမ်မှ ဖိနပ်စက်ရုံတို့လည်ပတ်နေပြီးတရုတ်နိုင်ငံပေါင်ဆန်းပြည်နယ်ခွဲမှ Tenchong Industrial Park investment Development Co.,Ltd မှ မြေ ၃၁၃ဧကတွင်အမေရိကန်ဒေါ်လာသန်း ၃၉ဝဖြင့်မြို့ပြစက်မှုဇုန် တစ်ခုအားတည်ဆောက်အကောင်အထည်ဖော်နေကြောင်း သိရသည်။
Credit :Yadana Pon Daily