ဆင်ခြေဖုံးနှင့် မြို့တွင်းဆက်စပ်မြို့နယ်များတွင် သုံးလစာချုပ်ဖြင့် တိုက်ခန်းငှားရမ်းမှုများပြား

ဆင်ခြေဖုံးနှင့် မြို့တွင်းဆက်စပ်မြို့နယ်များတွင် သုံးလစာချုပ်ဖြင့် တိုက်ခန်းငှားရမ်းမှုများပြား - Property News in Myanmar from iMyanmarHouse.com
1 Feb 2018 10:27 am တွင် တင်ခဲ့သည်
4896 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန် မြို့တွင်း ဆက်စပ်မြို့နယ်များနှင့် ဆင်ခြေဖုံးမြို့နယ်များတွင် အိမ်ပိုင်ရှင်များအနေနှင့် သုံးလစာချုပ်ဖြင့် တိုက်ခန်းငှားရမ်းမှု များပြားလာကြောင်း ရန်ကုန်မြို့ အိမ်ခြံမြေ အကျိုးဆောင်များထံမှ စုံစမ်းသိရှိရသည်။

ယခုလက်ရှိ မြို့တွင်းဆက်စပ်မြို့နယ်များနှင့် ဆင်ခြေဖုံးမြို့နယ်များဖြစ်သည့် သာကေတ၊ ဒေါပုံ၊ တာမွေ၊ သင်္ဃန်းကျွန်း၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ ဒဂုံမြို့သစ် မြောက်ပိုင်းနှင့် အင်းစိန်မြို့နယ်တို့တွင် တိုက်ခန်းများကို သုံးလစာချုပ်ဖြင့် ငှားရမ်းမှု များလာကြောင်း အိမ်ခြံမြေ အကျိုးဆောင်များထံမှ သိရသည်။

“မြို့နယ်တွေမှာ ကျပ်တစ်သိန်း၊ တစ်သိန်းနှစ်သောင်းဝန်းကျင် တိုက်ခန်းတွေက ငှားရမ်းတာ များလာတယ်။ ကျပ်တစ်သိန်းတိုက်ခန်းတွေက ဟော၊ အခန်း မဖွဲ့တာ များတယ်။ ခြောက်လ စာချုပ်ကျတော့ ငှားရမ်းသူက တိုက်ခန်းရော ဈေးနှုန်းရော သဘောကျမှ ပွဲဖြစ်တယ်။ အခု သုံးလစာချုပ်ကျတော့ ပွဲခလည်း တစ်ဝက်လောက်ပဲပေးရတော့ ငှားရမ်းတာတွေ တော်တော်များလာတယ်”ဟု မိုးမိုး အိမ် ခြံ မြေ အကျိုးဆောင်လုပ်ငန်းမှ ဒေါ်မိုးမိုးက ဆိုသည်။

မြို့တွင်းဆက်စပ်မြို့နယ်များနှင့် ဆင်ခြေဖုံးမြို့နယ်များတွင် ကျပ်တစ်သိန်းမှ ကျပ်တစ်သိန်းခွဲဝန်းကျင် တိုက်ခန်းများကို သုံးလစာချုပ်ဖြင့် ငှားရမ်းမှု များလာပြီး သုံးလစာချုပ်ဖြင့် ငှားရမ်းပါက ပွဲစားခလည်း အနည်းငယ်သက်သာကြောင်း အိမ်ငှားရမ်းနေထိုင်သူများထံမှ သိရသည်။

“တိုက်ခန်းငှားရတာက ၆ လစာချုပ်ဆို ပွဲစားခ တစ်လစာ ပေးရတယ်။ သုံးလ စာချုပ်က ပွဲစားခ တစ်ဝက်လောက်ပဲ ပေးရတဲ့အပြင် စပေါ်လည်း မပေးရ၊ တိုက်ခန်း သုံးလစာပဲ ပေးရတော့ ဝန်ထမ်းတွေအတွက် အဆင်ပြေပါတယ်။ အခုဆို သုံးလစာချုပ်နဲ့ တာမွေမှာ တစ်လတစ်သိန်းခွဲနဲ့ ငှားနေတယ်”ဟု တာမွေမြို့နယ်တွင်နေထိုင်သူ ကုမ္ပဏီဝန်ထမ်း မနေခြည်က ဆိုသည်။

အိမ် ခြံ မြေ အကျိုးဆောင်များအနေနှင့် ရန်ကုန်မြို့ရှိ အိမ်ခြံမြေ အရောင်းအဝယ်မှာ ယခုလက်ရှိတွင် စီးပွားရေး လုပ်ကိုင်သူများနှင့် အမှန်တကယ် နေထိုင်မည့်သူများ ဝယ်ယူမှု အနည်းငယ်သာ ရှိသောကြောင့် အငှားဈေးကွက်ကိုသာ အဓိကထား လုပ်ကိုင်နေရကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေ ဝန်ဆောင်မှုအသင်းထံမှ သိရသည်။

ရန်ကုန်မြို့တွင်းမြို့နယ်များတွင် တိုက်ခန်းများကို နှစ်သိန်းမှ ငါးသိန်းဝန်းကျင်ထိ ဈေးနှုန်းဖြင့် ငှားရမ်းလျက်ရှိပြီး မြို့တွင်း ဆက်စပ်မြို့နယ်များနှင့် ဆင်ခြေဖုံးမြို့နယ်များတွင် ငွေကျပ် ၅ သောင်းမှစကာ ကျပ်နှစ်သိန်းအထိ ဈေးနှုန်းဖြင့် ငှားရမ်းလျက်ရှိသည်။

Credit: The voice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယ

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်

ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ

စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်

TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအ

Shwe Moe Kaung
Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service