ဘတ်ဂျက်လိုငွေထုတ်ချေးမှုကို ဗဟိုဘဏ်က ၁၀ ရာခိုင်နှုန်း လျှော့ချမည်

ဘတ်ဂျက်လိုငွေထုတ်ချေးမှုကို ဗဟိုဘဏ်က ၁၀ ရာခိုင်နှုန်း လျှော့ချမည် - Property News in Myanmar from iMyanmarHouse.com
1 Feb 2018 10:08 am တွင် တင်ခဲ့သည်
4967 ကြိမ် ကြည့်ရှု့ပြီး
ဗဟိုဘဏ်က အစိုးရ ဘတ်ဂျက်လိုငွေ ထုတ်ချေးနေ ခြင်းကို နှစ်စဉ် ၁၀ ရာခိုင်နှုန်းအထိ လျှော့ချမည်ဟု ဗဟိုဘဏ် ဒုတိ ယဥက္ကဋ္ဌ ဦးစိုးသိန်းက ပြောသည်။ လက်ရှိ ဘဏ္ဍာနှစ်တွင် အစိုးရဘတ်ဂျက်လိုငွေအတွက် ၃၀ ရာခိုင်နှုန်းကို ဗဟိုဘဏ်က ချေးငွေထုတ်ပေးနေပြီး နောင်နှစ်များတွင် ဗဟိုဘဏ်က ထုတ်ချေးသည့် ချေးငွေ ၁၀ ရာခိုင်နှုန်းစီ နှစ်စဉ်လျှော့ချ မည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

‘‘ကျွန်တော်တို့ ရည်မှန်းချက် ထားတယ်။ နောက်ပိုင်း အစိုးရ ဘတ်ဂျက်လိုငွေကို ဗဟိုဘဏ်က ချေးနေတာအစား ငွေတိုက်စာ ချုပ်၊ ငွေချေးစာချုပ်တွေက ရှာ သွားမယ်’’ဟု ဦးစိုးသိန်းက ပြော သည်။ အစိုးရဘတ်ဂျက်လိုငွေကို ဗဟိုဘဏ်က စိုက်ထုတ်ချေးပေး နေခြင်းသည် ပြည်တွင်း၌ ငွေကြေးဖောင်းပွမှု ဖြစ်ပေါ်စေပြီး အစိုးရ ငွေတိုက်စာချုပ်နှင့် အစိုးရချေးငွေ လက်မှတ်များရောင်းချခြင်းသည် ငွေကြေးဖောင်းပွမှုကို ထိန်းချုပ် နိုင်ကြောင်း ဦးစိုးသိန်းက ပြော သည်။

အစိုးရငွေတိုက်စာချုပ်နှင့် ငွေတိုက်လက်မှတ်များသည် အ တိုးနှုန်းမြင့်မားစွာ ပေးနေရသော် လည်း ငွေကြေးဖောင်းပွမှုကို လျှော့ချနိုင်၍ ရေရှည်တွင် အကျိုးရှိကြောင်း ၎င်းက ဆက်လက်ပြော သည်။

‘‘ဒါကို (အစိုးရက ဗဟိုဘဏ် မှ ချေးငွေယူခြင်း) လျှော့နိုင်ရင် ငွေကြေးဖောင်းပွမှုကို သေချာ ပေါက် ထိန်းနိုင်သွားပြီ’’ဟု ဦးစိုး သိန်းက ဆက်လက်ပြောသည်။

အစိုးရ ဘတ်ဂျက် လိုငွေ သည် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် ကျပ်ဘီလီယံ ၄,၀၀၀ ခန့်ရှိပြီး ၂၀၁၈ ခြောက်လတာ ဘတ်ဂျက် တွင် ကျပ်ဘီလီယံ ၂,၀၀၀ ကျော် ရှိသည်။ ဗဟိုဘဏ်သည် ငွေတိုက် စာချုပ်၊ ငွေတိုက်လက်မှတ်များ ကို တစ်လလျှင် နှစ်ကြိမ်ရောင်းချ ပေးနေသည်။ အစိုးရဘတ်ဂျက် လိုငွေဖြည့်ဆည်းရန် ငွေတိုက်စာ ချုပ်ရောင်းချခြင်းသည် ၂၀၁၇ တွင် ၃၃ ရာခိုင်နှုန်းရှိပြီး ငွေတိုက် လက်မှတ်ရောင်းချခြင်းက ၁၇ ရာခိုင်နှုန်းခန့်ရှိသည်။

ငွေတိုက်လက်မှတ် သက် တမ်းသည် သုံးလ၊ ခြောက်လနှင့် တစ်နှစ်ဖြစ်ပြီး ဈေးကွက်အတိုး နှုန်းသည် အကြမ်းအားဖြင့် ၇ ရာ

ခိုင်နှုန်းမှ ၉ ရာခိုင်နှုန်းအထိ ရှိ သည်။ ငွေတိုက်စာချုပ် သက် တမ်းသည် ၂ နှစ်မှ သုံးနှစ်ကျော် အထိဖြစ်ပြီး အတိုးနှုန်းသည် အကြမ်းအားဖြင့် ၈ ဒသမ ၆ ရာခိုင်နှုန်း မှ ၉ ဒသမ ၆ ရာခိုင်နှုန်းအတွင်းရှိ သည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်

၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအ

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှ

TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော

ဘီလ်ဂိတ်က အိမ်တွင် သားသမီးများ မရှိတော့ဘဲ တစ်ယောက်တည်း အထီးကျန်နေသော်လည်း ရေချိုးခန်း ၂၄ ခန်းပါ အလွန်ကြီးမားလှသည့် စံအိမ

Royal Theikdi Condo
CarsDB Showroom Opening

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service