ယနေ့ခေတ်တွင် လူအတော် များများမှာ ငွေပိုငွေလျှံ များရှိလာလျှင် မြေ၀ယ်ဖို့သာ စိတ်ကူး ကြသည်။ “၀န်” နှင့် “အား”၊ “မြား”နှင့်
“လေး” ချိန်ဆပြီး ရင်းနှီးမြှုပ်နှံသလောက် အကျိုးရှိသည်။ ဆုံးရှုံးမှုဟူသည် မရှိ သလောက် ရှားပါးသည်။ အချိန်ကာလ ရင်းနှီးမြှုပ်နှံမှု အနည်းအများပေါ်မူတည် ၍သာ အမြတ်အစွန်းပမာဏ ကွာခြား သွားခြင်း ဖြစ်သည်။
သို့သော် မိမိဝယ်ယူသည့်မြေ သည် တည်ငြိမ်သည့်နေရာမျိုးတွင် ဖြစ် ဖို့တော့ လိုအပ်ပါသည်။ စီမံကိန်းအကောင် အထည်ဖော်မည်ဟူသော သတင်းကြား သည့်နေရာမျိုးတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခဲ့မိပါက ပိတ်ကားပေါ်မှာ “မကြာ မီ လာမည်မျှော်” ခိုင်းသည့် သဲထိတ်ရင်ဖို ဇာတ်လမ်း နမူနာကြည့်နေရသကဲ့သို့ ဖြစ်တော့မည်။ “ဘာများဖြစ်လာမှာပါလိမ့်” ဟူသာ အတွေးဖြင့် စောင့်စားမျှော်လင့် နေလင့်နေရတော့မည်ဖြစ်သည်။
- သဲထိပ်ရင်ဖိုရမှာ စိတ်မ၀င်စား ခိုင်မာမှု ကို အဓိကထားသူ
ယင်းသို့ သဲထိတ်ရင်ဖိုဇာတ် လမ်းမျိုးနှင့်တူသည့် ရင်ခုန်ရသည့်မြေကွက် မျိုးကို စိတ်မ၀င်စားဘဲ ခိုင်မာတည်ငြိမ် ပြီး တရိပ်ရိပ်ဈေးတက်လာသည့် မြေကွက် မျိုးကိုသာ စိတ်ဝင်စားသော လုပ်ငန်းရှင် ကိုစိုးသူ တစ်ယောက် မမျှော်လင့်ဘဲ ကျွန်ုပ်အား ဖုန်းဆက်လာပြန်သည်။
““အစ်ကိုရေ...ကျွန်တော့် မိတ်ဆွေ တောင်ဒဂုံက စက်မှုဇုန်မြေ ကွက်ဝယ်မယ်။ စရန်ပေးစာချုပ်ပေးဖို့ မနက် (၁၀း၃၀)နာရီမှာ (၈)မိုင်လမ်းဆုံ က ရွှေဘဲစားသောက်ဆိုင်မှာ ဆုံကြမယ်။ အစ်ကို အရောက်လာပေးပါနော်””
““အေးပါဗျာ”” သူဋ္ဌေးက ကြိမ် စင်္ကြာနဲ့ ရိုက်ခေါ်တော့လည်း ရောက်တဲ့ အရပ်က အမြန်ဆုံးလာရမှာပေါ့။
““ဟဲ...ဟဲ..ဟဲ အစ်ကိုက လည်း နောက်နေပြန်ပြီ။ အဲဒီလိုမဟုတ် ပါဘူး။ ကျွန်တော်တို့ အဖွဲ့စုံစုံညီညီနဲ့ ရွှေဘဲစားတော်ဆက်မှာ နေ့လယ်စာ စား ပြီးမှ မြေကွက်ပိုင်ရှင်အိမ်ကို ပျော်ပျော် ရွှင်ရွှင် သွားချင်လို့ပါ””
““ကောင်းတာပေါ့ဗျာ။ ဒီလိုပွဲ မျိုးမျှော်နေတာကြာပြီ။ အခုတော့လည်း မောင်ကောင်းဖေတို့ စားရကံကြုံလို့ မုတ် ဆိတ် ပျားစွဲပြီလို့သာ မှတ်လိုက်ပြီ။
ကတိပေးပြီးနောက်တွင် မနက် ပိုင်းရုံးကိစ်္စများ အလျင်အမြန်ပြီးအောင် လုပ်ပြီး သွားဖို့အဆင်သင့်ဖြစ်ရသည်။ (၁၀)နာရီခန့်တွင် ကိုစိုးသူက ဖုန်းဆက် ပြန်သည်။ ၁၂း၀၀နာရီမှာ မရမ်းကုန်းက မြေရှင်အိမ်ကိုလာခဲ့ပါတဲ့။ မြေရှင်က ချိန်းလိုက်လို့ပါဟု ဆိုသည်။
ကျွန်ုပ်လည်း ၁၂း၀၀ နာရီ အရောက် သွားဖို့အားလုံး ဆုံရပ်နေရာ ကိုမေးပြီး နာရီဝက်ခန့်ကြို၍ ပန်းဆိုးတန်း မှ မရမ်းကုန်းမြို့နယ် မင်းဓမ်္မလမ်းပေါ်ရှိ VIP အိမ်ရာတစ်ခုဆီသို့ ခရီးဆက်ခဲ့ သည်။ လမ်းတွင် ၀ယ်သူ/ရောင်းသူ/ ပွဲစား/ရှေ့နေ အားလုံးဆုံပြီး မြေကွက် ပိုင်ရှင်အိမ်သို့ဝင်ကြသည်။ ဧည့်ခန်းတွင် ၀င်ထိုင်မိသည်နှင့် စာရွက်စာတမ်းကြည့် လိုကြောင်း ကျွန်ုပ်က ပြောသည်နှင့် အိမ် ရှင်အမျိုးသမီးက စာရွက်များကိုပြသည်။ ပိုင်ဆိုင်မှုစာရွက်စာတမ်းများမှာ မြေကွက် နေရာပြမြေပုံနှင့် ငွေသွင်းဖြတ်ပိုင်း (၃) ရွက်သာပြသည်။
- မြေကွက်တည်နေရာ တောင်ဒဂုံ(၁၄၄) စက်မှုဇုန်မှာ ၀ယ်ချင်တာ
အရောင်းအ၀ယ်ပြုလုပ်မည့် မြေကွက်က တောင်ဒဂုံ အမှတ်(၂)လမ်း မကြီးအနီးမှ စက်မှုဇုန်မြေကွက်ဖြစ်သည့် ပါမစ်မြေကွက်လည်း မဖြစ်သေး။ ဂရန် လျှောက်ထားဖို့က ဝေလာဝေး၊ ပထမ အရစ်၊ ဒုတိယအရစ်၊ တတိယအရစ် ပေး သွင်းထားသည့် အိုးအိမ်ဦးစီးဌာနမှ ထုတ် ပေးထားသည့် ငွေသွင်းဖြတ်ပိုင်းများကို သာကြည့်ခွင့်ရသည်။ အခြားမည်သည့် အထောက်အထားမှ မတွေ့ရပေ။ ၀ယ်သူ နှင့် ကိုစိုးသူဘက်လှည့်၍ဖြတ်ပိုင်းစာ ရွက်များသာရှိ၍ ၀ယ်မလားဟု မေးကြည့် လိုက်သည်။
- ရှမ်းကြိုက်လျှင် နွားချောဆိုသကဲ့သို့ ၀ယ်သူက သဘောကျနေ
““ကိစ်္စမရှိဘူး။ ၀ယ်လို့ရရင် ၀ယ် ချင်တယ်””။ ၀ယ်သူများမှာ တောင်ဒဂုံ စက်မှုဇုန်တွင် ယခင်က ၀ယ်ဖူးသူများ ဖြစ်၍ ရောင်းဈေးညှိကြသည်။ ရောင်းသူ ဘက်က တစ်ဧကခွဲနီးပါးဖြစ်၍ သိန်း (၆၀၀၀ိ/-) ဈေးမလျော့တော့ကြောင်း ပြောသည်။ ၀ယ်သူဘက်ကလည်း ဈေး ဆစ်၍မရ၍ ၀ယ်ဖို့သာဆုံးဖြတ်ပြီး အရစ် ကျစနစ်ဖြင့် (၄)ကြိမ်ခွဲပေးရန် ညှိုနှိုင်း သဘောတူကြသည်။ ကျွန်ုပ်လည်း ပထမ အရစ် သိန်း (၁၅၀၀)ပေးအပ်မည်။ စရန် ပေးစာချုပ်ချုပ်ဆိုရန် ပြင်ဆင်လိုက်သည်။ ရောင်းသူဘက်မှ မြေချပါမစ်ပြုလုပ်ပေး ရန် သဘောတူသည်။ နောက်ဆုံးငွေပေး ချေသည့်နေ့ မတိုင်မီ ယင်းမြေကွက်ပေါ် တွင် ယခင်လယ်ပိုင်ရှင်ဟုဆိုသူများက ကျောက်တိုင်များလာစိုက်ထားခြင်းကို သက်ဆိုင်ရာ အဖွဲ့အစည်းများခေါ်၍ ရှင်းလင်းဖယ်ရှားပေးရန် နှစ်ဘက်ညှိနှိုင်း ရပြန်သည်။
- ၀ယ်မည့်မြေက ပါမစ်မဖြစ်သေး၊ ကျူး ကျော်တိုင်တွေကိုလည်း ဖယ်ရှားပေး
ကျောက်တိုက်လာစိုက်ထား သည့်ကိစ်္စကလည်း ပေါ့ပေါ့တွေးလို့ မရ ပေ။ ယခင်က လယ်မြေကွက်များကို ပိုင် ဆိုင်ခဲ့ဖူးသူ လယ်သမားများက လွန်ခဲ့ သော ၁၉၉၂-၉၃ ခုနှစ်ခန့်က “လယ် ပြေစာ” အဟောင်းများကို ရှာဖွေတင်ပြ ၍ သူတို့ပိုင် လယ်မြေများဟုဆိုကာ အဆိုပါ မြေကွက်လပ်များပေါ်တွင် ကျူး ကျော်၍ ကျောက်တိုင်များ လာစိုက်ထား ကြသည့်သတင်းက မကြာခဏကြားနေရ သည်။ နှစ်ဖက်ညှိနှိုင်းရန်ဆိုသော်လည်း သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရှေ့တွင်ခေါ်ယူညှိနှိုင်းဆွေးနွေးပြီး ကျောက် တိုင်များ ပြန်လည်ဖယ်ရှားပေးဖို့ တောင်း ဆိုရဦးမည်ဖြစ်သည်။
- ရောင်းမည့်မြေဧက ကွာခြားချက် ၀ယ် သူ့အတွက် သိန်းထောင်ကျော်အရှုံးထွက်
ဤကိစ်္စမျိုးမှာ ရောင်းသူဘက် မှ ဆောင်ရွက်ပေးရမည့်တာဝန်ဖြစ်သည်။ အဓိကအရေးကြီးဆုံးမှာ “တစ်ဧကခွဲခန့် နီးပါးဟု ရောင်းသူဘက်က ပြောသော် လည်း ရောင်းသူဘက်မှ ထုတ်ပြသည့် “ငွေသွင်းဖြတ်ပိုင်း (၃)ရွက်ကို အသေ အချာကြည့်လိုက်သည့်အခါ (၁ ဒဿမ ၃၀)ဧကမဟုတ်ဘဲ (၁ ဒဿမ ၁၇)ဧက ဟုသာ ဖော်ပြထားသဖြင့် တစ်ဧကခွဲပြည့် ဖို့ (ဒဿမ ၁၃ ဧက) လိုနေသေးသည်။ ဒဿမ ၁၃ ဧကမှာ ၁ စတုရန်ပေနှင့် တွက်ကြည့်လျှင် သိန်းထောင်ကျော်ဈေး ကွာနေသည်ဟု သိရသည်။
- အထင်နှင့် အမြင်တက်တက်စင်လွဲ မာန လွန်ဆွဲပွဲ
သို့အတွက် ယင်းကွာဟနေမှု အတွက် ဈေးလျော့ရန် ၀ယ်သူဘက်မှ စကားကမ်းလှမ်းရာ ရောင်းသူက အရှိ အတိုင်းသာ ရောင်းမည့်ဈေးမလျော့နိုင် ဟု ယတိပြတ်ပြောလာသဖြင့် ရှေ့ဆက် ၍ မရတော့ဘဲ ပွဲပျက်သွားတော့သည်။ ဤတွင် ရှေ့နေ အဆင်သင့်ပြုလုပ်ထား သည့်စာချုပ်မှာလည်း အသက်မ၀င်တော့ ဘဲ ပယ်ဖျက်လိုက်ရတော့သည်။ ဒီလိုဆို တော့လည်း ဘယ်တတ်နိုင်ပါ့မလဲ။ တပ် ခေါက်ပြီး အိမ်ပြန်ရုံပဲရှိတော့တာပေါ့။ ဒီအတိုင်းတော့မပြန်နိုင်ဘူး။ ငါးမရရင် လည်း ရေချိုးပြီးပြန်တာပေါ့ဟု ဆိုကာ ကျွန်ုပ်တို့အားလုံးကို ၀ယ်သူက “ရွှေဘဲ စားတော်ဆက်တွင် နေ့လယ်စာဖြင့် ဧည့်ခံ ကျွေးမွေးသဖြင့် ဗိုက်ဆာဆာနှင့် အားပါး တရလက်ဆုံစားခဲ့ကြသေးသည်။
- ၀ယ်သူပွဲပျက်သော်လည်း ရှေ့နေခြေကြွခ တော့ ပေးရမြဲ
ပွဲမဖြစ်သော်လည်း ရှေ့နေခေါ် လာလျှင် ဉဏ်ပူဇော်ခပေးရမည်ဆိုသည် ကို ၀ယ်သူဘက်ကသိတတ်ပြီး ခြွေကြွခ ငါးသောင်းပေးသဖြင့် ကျွန်ုပ်လည်း အား နာနာနှင့်ယူလိုက်ရသေးသည်။ ဟဲ..ဟဲ..ဟဲ အားလည်းနာတယ်၊ ခင်လည်း ခင်တယ်ဟု လူရွှင်တော်ဇာဂနာပြောသလို ဟာသနှောပြီး ပြောရသေးသည်။ ဧည့်ခံ တာကိုလည်း အားနာနာနှင့်စားကြပြီး ပွဲခ သိန်း(၁၂၀)မရလိုက်၍ စိတ်ပျက်နေ သူများမှာ ပွဲစားကြီးများပင်ဖြစ်သည်။
- ထီးဖြူဖိနပ်ပါး ပွဲမဖြစ်တော့လည်း စိတ် မကောင်းစရာပဲ
ပွဲစားများအဖို့ ယခုကဲ့သို့ ပွဲ မဖြစ်သည့်အခါ တွက်ရေးမှာ စက်သူဌေး ဖြစ်နိုင်သော်လည်း တွက်ကြည့်တာ စက် မရှိသည့် ကိန်းဆိုက်ကုန်ကြသည်။ သို့ သော်လည်း မည်သူတတ်နိုင်ပါမည်နည်း။ ရောင်းသူနှင့်ဝယ်သူ ကံမစပ်၍ ပွဲမဖြစ် ကြခြင်းဖြစ်သည်ဟု ဆိုရတော့မည်။ တစ် နေ့ ကံမကုန်လျှင် ပြန်ဆုံကြဦးမည်ဟု သဘောပိုက်ကာ အပြန်အလှန် အားပေး ဖြေသိမ့်ကြ၍ ညောင်ညိုပင်စခန်း လမ်းခွဲ ပြီး အိမ်ပြန်ခဲ့ကြပါတော့သည်။
သုခီအတ္တာနံ ပရိဟရန္တု
လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com