ဝယ်သူအကြိုက်ဖြစ်လာသောအိမ်ခြံမြေဈေးကွက်

ဝယ်သူအကြိုက်ဖြစ်လာသောအိမ်ခြံမြေဈေးကွက် - Property News in Myanmar from iMyanmarHouse.com
31 Jan 2018 11:42 am တွင် တင်ခဲ့သည်
5033 ကြိမ် ကြည့်ရှု့ပြီး
ယခင်က ဈေးကွက်တွင် တိုက်ခန်းများသည် ဆောက်လုပ်သူနှင့် ရောင်းချသူစိတ်သဘော အတိုင်းသာ ဈေးကွက်တင်ရောင်းချမှု များပြားခဲ့သော်လည်း ယခုအခါ ၀ယ်သူ့ အကြိုက်ကို ဦးစားပေးသည့်ပုံစံသို့ ပြောင်းလဲလာကြောင်း ဈေးကွက်အတွင်းရှိ သတင်း ရင်းမြစ်များထံမှ သိရှိရသည်။

အနံပေ ၂၀ ရှိသော မြေကွက် ကို အရပ်အခေါ် ရင်ခွဲပုံစံ နှစ်ခန်းတွဲ အထပ်မြင့်များ ဆောက်လုပ်မှု၊ ယခင် ကာလက များပြားခဲ့သော်လည်း ယခုအခါ ထိုတိုက်ခန်းများမှာ ဈေးကွက်မတွင်ကျယ် တော့ဟုလည်း ဆိုကြသည်။

၂၀၁၄ နိုဝင်ဘာမှ စတင်ကာ ဆောက်လုပ်ရေးဈေးကွက် အေးစက်လာ ခဲ့ပြီးနောက် စီးပွားရေးဆိုင်ရာ တုံ့ဆိုင်း စေခဲ့သော်လည်း ကောင်းကွက်အနေဖြင့် ယခုအခါ ၀ယ်သူများ၏ လိုလားချက်က ဈေးကွက်တွင် အသာစီးရလာခြင်းဖြစ် သည်။

ဥပဒေစည်းမျဉ်း စည်းကမ်းများ ထက် ဈေးကွက်လိုလားချက်နှင့် ပိုမိုလိုက် လျောညီထွေဖြစ်စေရန် လုပ်ထုံးများကို ပင် ဆောက်လုပ်ရေးလုပ်ငန်းရှင်များဘက် မှ ဦးဆောင်ဦးရွက်ပြုကာ ပြောင်းလဲလာ သည်များ ရှိနေသည်။ ယင်းတို့အနက် ဘဏ်များနှင့် ဆောက်လုပ်ရေးလုပ်ငန်း ရှင်များပေါင်းကာ အရစ်ကျစနစ်ဖြင့် ရောင်းသည့်ပုံစံသည် ဥပမာကောင်းတစ်ခု ဖြစ်ပါသည်။

လက်ရှိအိမ်ခြံမြေအရောင်း ဈေးကွက်အတွင်း ကျယ်ဝန်းသော တိုက် ခန်းများသာ အရောင်းအ၀ယ်ကောင်းမွန် နေကြောင်း အိမ်ခြံမြေအကျိုးဆောင်များ က ပြောသည်။

တိုက်ခန်းအရောင်းဈေးကွက် အတွင်းတွင် ၀ယ်လိုအားထက် ရောင်းလို အား များပြားနေသည့်အတွက် ၀ယ်ယူ လိုသူများအနေဖြင့် ရွေးချယ်မှုများ ပိုမို ပြုလုပ်လာကြပြီးနောက် အခန်းကျယ်ဝန်း သော တိုက်ခန်းများကိုသာ ပိုမိုရွေးချယ် ၀ယ်ယူလာကြခြင်းဖြစ်ကြောင်း အာရှ ဆောက်လုပ်ရေးလုပ်ငန်းမှ အထွေထွေ မန်နေဂျာ ဦးရန်အောင်က ပြောသည်။

““တိုက်ခန်းဝယ်ယူလိုသူတွေက ရွေးချယ်မှုတွေ ပိုမိုပြုလုပ်လာနိုင်ကြပါ ပြီ။ အခန်းအကျယ်အ၀န်းသာမက နေရာ ကောင်းမွန်တာတွေ၊ ရေ၊ မီးအဆင်သင့် ပါတာတွေ၊ အရစ်ကျစနစ်နဲ့ ပေးချေနိုင် တာတွေ၊ အတိုးနှုန်းသက်သာတာတွေကို ပါ ၀ယ်ယူသူတွေက ရွေးချယ်ဝယ်ယူလာ ကြပါတယ်””ဟုလည်း ၎င်းကပြောသည်။

တိုက်ခန်းဈေးကွက်တွင် ယခင် က နေထိုင်ရန်ထက် ရင်းနှီးမြှုပ်နှံသည့် သဘောဖြင့် ၀ယ်ယူသူများပြားခဲ့သော် လည်း ယခုအခါ ပြောင်းပြန်ဖြစ်သွားပြီ ဟုလည်း သိရသည်။

““အရင်တုန်းက တိုက်ခန်းတွေ ကို ဈေးကစားဖို့ ပြန်ငှားစားဖို့ စတဲ့ ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းတွေအတွက် ၀ယ်ယူသူ တွေရှိခဲ့ကြပေမယ့် အခုနောက်ပိုင်းမှာ တော့ မြေဈေးတည်ငြိမ်နေတာကြောင့် နေထိုင်ဖို့အတွက် ၀ယ်ယူလိုသူတွေပဲ များ လာကြပါပြီ။ နေထိုင်ဖို့ပဲ ၀ယ်ယူလိုကြ တော့ တိုက်ခန်းဈေးနှုန်းကွာခြားတာထက် အကျယ်အ၀န်းကို ပိုပြီး ဦးစားပေးကြည့် လာကြပါတယ်””ဟု ဦးရန်အောင်က မှတ် ချက်ပေးသည်။

ဥပမာအားဖြင့်ဆိုလျှင် ဈေးကွက် တစ်ခုလုံးအနေဖြင့် တိုက်ခန်းအရောင်း အ၀ယ်ထိုင်းနေသော်လည်း တောင်ဥက်္က လာပမြို့နယ်တွင်မူ ဈေးကွက်ပြန်ကောင်း လာနေပြီး ထိုသို့ဖြစ်ရခြင်းမှာလည်း ပေ ၂၀ မြေတွင် ဆောက်ထားသည့် ရင်ခွဲ တိုက်များမဟုတ်ခြင်းကြောင့်လည်း အ ကြောင်းရင်းတစ်ခုဖြစ်သည်ဟု အိမ်ခြံမြေ အကျိုးဆောင်တို့က ဆိုသည်။

ဦးရန်အောင်၏ အဆိုအရ မြောက်ဒဂုံတွင်လည်း တန်ဖိုးမြင့် ကွန်ဒို တိုက်ခန်းမဟုတ်သော်လည်း စတုရန်းပေ ၁,၀၀၀ ခန့်ကျယ်ဝန်းသော တိုက်ခန်းကျယ် များ ဆောက်လုပ်မှုများပြားလာနေပြီး အရောင်းဈေးကွက်လည်း ကောင်းမွန်နေ ကြောင်း သိရသည်။

မြောက်ဒဂုံမြို့နယ်တွင် တိုက် ခန်းဝယ်ယူနေထိုင်သူတစ်ဦးဖြစ်သူ ဦးမြင့် သိန်းက တိုက်ခန်းဝယ်ယူရာတွင် ဆိတ် ငြိမ်ရပ်ကွက်ဖြစ်ခြင်းနှင့် တိုက်ခန်းအကျယ် အ၀န်းကို ဦးစားပေးရွေးချယ်ခဲ့ကြောင်း ပြောသည်။

““မိသားစုအကုန်လုံး နေ့ဘက် အလုပ်သွားမယ့်သူတွေမဟုတ်ဘဲ အိမ်မှာ ပဲ နေထိုင်မယ့် မိသားစုဝင်တွေလည်းရှိ လို့ သူတို့ နေ့ရော၊ ညရော နေရမယ့်နေ ရာဆိုတော့ မွန်းကျပ်စရာကောင်းလွန်း လှတဲ့ တိုက်ခန်းကျဉ်းကျဉ်းလေးထက် ဈေးသင့်တဲ့နေရာက ကျယ်ဝန်းတဲ့ တိုက် ခန်းကို ရွေးချယ်ဝယ်ယူခဲ့တာ ဖြစ်ပါတယ်”” ဟု သူကဆိုသည်။

““အလုပ်လုပ်နေသူတစ်ဦးအတွက် မြို့လယ်ကောင်မြို့တွေက သွားရလာရ ပိုအဆင်ပြေမယ့် မိသားစုဝင်တွေအတွက် တော့ မြို့လယ်ကောင်က အပေါ်ထပ် တိုက်ခန်းကျဉ်းလေးထက် မြို့စွန်က ပထမထပ် တိုက်ခန်းကျယ်က နေထိုင်ဖို့ ပိုအဆင်ပြေရုံမက ဈေးနှုန်းလည်း ပိုမို သက်သာပါတယ်”” ဟုလည်း ၎င်းက မှတ် ချက်ပြုသည်။

မြတ်မင်းဆောက်လုပ်ရေးလုပ် ငန်းမှ ဒါရိုက်တာ ဦးအောင်မင်းက ဆောက် လုပ်ရေးကဏ္ဍတွင် ၀ယ်ယူလိုသူကို ဦးစား ပေးရသည့် ဈေးကွက်ဖြစ်လာပြီဖြစ်သည့် အတွက် ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အနေဖြင့် ၀ယ်ယူလိုသူများ လိုချင်သည့် ပုံစံမျိုးကိုသာ ပိုမိုဆောက်လုပ်လာရ ကြောင်း ပြောသည်။

““နေထိုင်သူတွေ အဆင်ပြေစေ ဖို့ အဆောက်အအုံဆောက်ကတည်းက တိုက်ခန်းအကျယ်အ၀န်းတွေ၊ အတွင်းပိုင်း အခန်းဖွဲ့စည်းမှုတွေ၊ အလှဆင်တာ တွေကိုပါ ထည့်သွင်းစဉ်းစားပေးလာကြ ပါပြီ။ အရင်က ကွန်ဒိုတိုက်ခန်းတွေသာ အဲဒီလိုဆောက်လုပ်ပေးပေမယ့် အခုတော့ သာမန်အခန်းကျယ်တိုက်ခန်းတွေကိုလည်း ကွန်ဒိုတိုက်ခန်းတွေလိုပဲ အခန်းဖွဲ့စည်းပုံ နဲ့ အတွင်းအပြင် အလှဆင်ဒီဇိုင်းတွေကို ပါ ဆောင်ရွက်ပေးလာကြပါပြီ””ဟု ဦးအောင် မင်းက ပြောသည်။

တန်ဖိုးနည်းတိုက်ခန်းများကို ၀ယ်လိုအား ရှိနေသည်မှန်သော်လည်း ထိုဝယ်သူများသည် ဈေးကွက်၏ အစိတ် အပိုင်းတစ်ခုကိုသာ ကိုယ်စားပြုပြီး တန်ဖိုး မြင့်ကွန်ဒိုခန်းများ မ၀ယ်နိုင်သော်လည်း ဈေးနှုန်းထက် အခန်းအကျယ်နှင့် ပတ် ၀န်းကျင်ကိုကြည့်ကာ ၀ယ်ယူသူများလည်း ရှိလာပြီဟု ဈေးကွက်သတင်းရင်းမြစ် အချို့ က ဆိုကြသည်။

မယ်တင် မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...
မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က
ဘီလ်ဂိတ်က အိမ်တွင် သားသမီးများ မရှိတော့ဘဲ တစ်ယောက်တည်း အထီးကျန်နေသော်လည်း ရေချိုးခန်း ၂၄ ခန်းပါ အလွန်ကြီးမားလှသည့် စံအိမ
ဘီလ်ဂိတ်က အိမ်တွင် သားသမီးများ မရှိတော့ဘဲ တစ်ယောက်တည်း အထီးကျန်နေသော်လည်း ရေချိုးခန်း ၂၄ ခန်းပါ အလွန်ကြီးမားလှသည့် စံအိမ
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း
TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှ
တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှ
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယ
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယ
ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း
ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း
imyanmarmarket
CarsDB Showroom Opening

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service