ဂျေးဇက်နှင့် ဘီယွန်းဆေးတို့ ငှားရမ်းနေထိုင်ခဲ့သော နယူးယောက်နေအိမ်ကြီး ကန်ဒေါ်လာ ၁၆ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ

ဂျေးဇက်နှင့် ဘီယွန်းဆေးတို့ ငှားရမ်းနေထိုင်ခဲ့သော နယူးယောက်နေအိမ်ကြီး ကန်ဒေါ်လာ ၁၆ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
31 Jan 2018 11:18 am တွင် တင်ခဲ့သည်
5102 ကြိမ် ကြည့်ရှု့ပြီး
ကမ္ဘာကျော်ဟစ်ပ်ဟော့အဆိုတော် ဂျေးဇက်နှင့် ပေါ့ပ်ကြယ်ပွင့် ဘီယွန်းဆေးတို့ ဇနီးမောင်နှံ ငှားရမ်းနေထိုင်ခဲ့သော နယူးယောက် နေအိမ်ကြီး ကန်ဒေါ်လာ ၁၆ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာကြောင်း နယူးယောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက် တစ်ခုတွင် ဖော်ပြသည်။

ကမ္ဘာကျော်ကြယ်ပွင့်များစွာ နေထိုင်ခဲ့ဖူးသည့်နေအိမ်ဖြစ်ပြီး “Gatsby ခေတ် စံအိမ်” ဟုလည်း ခေါ်ကြသည်။

နေအိမ်တည်နေရာမှာ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ ဟမ့်ပ်တန်အရပ်၊ ဝိန်းစကော့ စတုန်းဟိုက်ဝေးလမ်း၊ အမှတ် ၃၀ တွင် ဖြစ်သည်။

အဆိုပါ နေအိမ်ကြီးတွင် ငှားရမ်းနေထိုင်ခဲ့ဖူးသူများအနက် ဂျေးဇက်နှင့် ဘီယွန်းဆေးတို့ စုံတွဲမှာ နာမည်အကျော်ဆုံးဖြစ်သည်ဟု သတ်မှတ်ခြင်းခံရသည်။
အိပ်ခန်း ၈ ခန်း၊ ရေချိုးခန်း ၁၁ ခန်းပါဝင်ပြီး ကန်ဒေါ်လာ ၁၅ ဒသမ ၉၉ သန်း ဈေးခေါ်ထားသည်။

ဘီယွန်းဆေးတို့ ဇနီးမောင်နှံက အဆိုပါနေအိမ်ကို ၂၀၁၂ ခုနှစ်အတွင်း တစ်လလျှင် ကန်ဒေါ်လာ ၄၀၀၀၀၀ ဖြင့် ငှားရမ်းနေထိုင်ခဲ့ခြင်း ဖြစ်ပြီး ယင်းနေအိမ်တွင် ဂီတဗွီဒီယိုတစ်ခုပင် ရိုက်ကူးခဲ့သေးသည်။

ဂျနီဖာလိုပက်ဇ်နှင့် မက်ဒေါနားတို့သည်လည်း ယခုနေအိမ်ကို ငှားရမ်းနေထိုင်ခဲ့ဖူးသည်ဟု ဆိုသည်။
Goose Creek ဟုလည်း အမည်ပေးထားပြီး နောက်ဆုံးအရောင်းဈေးကွက်သို့ ရောက်ခဲ့သည်မှာ ၂၀၁၄ ခုနှစ်အတွင်းဖြစ်ကာ ထိုစဉ်က ကန်ဒေါ်လာ ၁၀ ဒသမ ၅ သန်းဖြင့် ဈေးခေါ်ခဲ့သည်။

ခြံဝန်းမှာ ၅ ဒသမ ၅ ဧကခန့်ရှိပြီး နေအိမ်မှာ ၁၉၀၀၀ စတုရန်းပေ ကျယ်ဝန်းသည်။

ထိုင်ခုံ ၁၁၀ ဆန့် ရုပ်ရှင်ရုံခန်းနှင့် ကပ်လျက်တွင် အရက်ဘားတစ်ခု တည်ရှိသည်။

နေအိမ်အတွင်း ရေကူးကန်၊ အားကစားလေ့ကျင့်ခန်းမ၊ နေအိမ်ပြင်ပတွင် ရေပူကန်၊ တင်းနစ်ကွင်းတို့ ပါဝင်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ဂျေးဇက်နှင့် ဘီယွန်းဆေးတို့ ငှားရမ်းနေထိုင်ခဲ့သော နယူးယောက်နေအိမ်ကြီး ကန်ဒေါ်လာ ၁၆ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
ဂျေးဇက်နှင့် ဘီယွန်းဆေးတို့ ငှားရမ်းနေထိုင်ခဲ့သော နယူးယောက်နေအိမ်ကြီး ကန်ဒေါ်လာ ၁၆ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
ဂျေးဇက်နှင့် ဘီယွန်းဆေးတို့ ငှားရမ်းနေထိုင်ခဲ့သော နယူးယောက်နေအိမ်ကြီး ကန်ဒေါ်လာ ၁၆ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေး

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအ

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ

CarsDB Showroom Opening
Shwe Moe Kaung

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service