လယ်​ယာ​မြေ​ပေါ်တွင်​ ခွင့်ပြုချက်​မရှိဘဲ အ​ဆောက်​အဦး ​ဆောက်​ခဲ့မိ​သော်

လယ်​ယာ​မြေ​ပေါ်တွင်​ ခွင့်ပြုချက်​မရှိဘဲ အ​ဆောက်​အဦး ​ဆောက်​ခဲ့မိ​သော် - Property News in Myanmar from iMyanmarHouse.com
30 Jan 2018 12:52 pm တွင် တင်ခဲ့သည်
10276 ကြိမ် ကြည့်ရှု့ပြီး
၂၀၁၂ခုနှစ်​ လယ်​ယာ​မြေ ဥပ​ဒေ ​ပေါ်​ပေါက်​လာပြီး ​နောက်​ပိုင်း၌ လယ်​ယာ​မြေ ​အ​ရောင်းအ၀ယ်​များသည်​ အိမ်​ခြံ​မြေ အ​ရောင်းအ၀ယ်​ များနှင့်​ အပြိုင်​အဆိုင်​ ဖြစ်​လာခဲ့သည်​။

အိမ်​ခြံ​မြေ ​ဈေးနှုန်းများ ကြီးမားလာသည့်​အခါ အိမ်​ခြံ​မြေ ​လောကမှ ၀ယ်​​ရောင်းသမားများသည်​ ​ဈေးနှုန်းချိုသာ​သော လယ်​ယာ​မြေများကို ဧကလိုက်​ ၀ယ်​ယူ၍ အိမ်​ကွက်​များ ​ဖော်​ထုတ်​ကာ တစ်​ဆင့်​ပြန်​လည်​ ​​ရောင်းချခဲ့ကြသည်​။

မသိနားမလည်​သူ အချို့မှာ ထိုသို့ ​ဈေးနှုန်းချိုသာ​သည့်​ ထိုလယ်​ကွက်​များကို ၀ယ်​၍ အ​ခြေချ​နေထိုင်​လျက်​ ရှိသည်​ကိုလည်း ​တွေ့ရသည်​။ အမှန်​တကယ်​ဆိုရလျှင်​ လယ်​ယာ​မြေ မှတစ်​ဆင့်​ လူ​နေထိုင်​ခွင့်​ ရဖို့ရန်​ ​လျှောက်​ထားရယူရန်​မှာ အဆင့်​ဆင့်​ ​လျှောက်​ထားရပါသည်​။

- အခြားနည်း အသုံးပြုခွင့်​ ရနိုင်​သည့်​ အ​ထောက်​အထားများ

ဟိုယခင်​က "လယ်​​မြေ​ပြေစာ"သာရှိ​သော လယ်​ယာ​မြေကွက်​ကို လယ်​ယာ
မြေလုပ်​ပိုင်​ခွင့်​ လက်​မှတ်​ (ပုံစံ-၇)ရရန်​ ဦးစွာ​လျှောက်​ရသည်​။ ပုံစံ-၇ ရမှသာလျှင်​ တရားဝင်​ပြန်​လည်​ ​ရောင်းချခွင့်​ ရှိပါသည်​။ ယင်းသို့(ပုံစံ-၇) ရရှိပြီး လယ်​​မြေအား အခြားနည်း အသုံးပြုခွင့်​ (လူ​နေထိုင်​ခွင့်​) ရဖို့ရန်​အတွက်​မှာမူ တိုးပွားလာ​သော လူဦး​ရေနှင့်​ အိမ်​​ထောင်​စုများအတွက်​ ​နေရာ​ပေးရန်​ အတွက်​ ဖြစ်​​စေ၊ စာသင်​​ကျောင်း၊ ​ဆေးရုံ ​ဆေးခန်း၊ စာကြည့်​တိုက်​၊ ​ဈေး၊ သုသာန်​ စသည်​တို့အတွက်​ အမှန်​လိုအပ်​လျှင်​ဖြစ်​​စေ၊ စက်​မှုလယ်​ယာအတွက်​ ဂို​ဒေါင်​ နှင့်​ အ​ဆောက်​အအုံများ လိုအပ်​လျှင်ြ​ဖစ်​​စေ စသည့်​ အချက်​အလက်​များ ပြည့်​စုံမှသာ အခြားနည်းအသုံးပြုခွင့်​ ​ပေးသည်​ကို ​တွေ့ရပါသည်​။

အခြားနည်းအသုံးပြုခွင့်​ ရထားပြီး လုပ်​ငန်းမလုပ်​​ဆောင်​ပြန်​လျှင်​လည်း ပြန်​လည်​သိမ်းယူခြင်း ခံရပါသည်​။ ယင်းသို့ အ​ရေးယူ ​ဆောင်​ရွက်​ပုံ အဆင့်​ဆင့်​ ကို ​လေ့လာတင်​ပြ လိုက်​ပါသည်​။

လယ်​ယာ​မြေများအား ပုဂ္ဂလိက လုပ်​ငန်းရှင်​များမှ အသုံးပြုခွင့်​ ​လျှောက်​ထားရာတွင်​ လယ်​သမားများထံမှ လယ်​​မြေများ ၀ယ်​ယူပြီး လုပ်​ငန်းအမျိုးမျိုးကို လုပ်​ကိုင်​ရန်​ ​လျှောက်​ထားပါသည်​။ ယင်းသို့ ​လျှောက်​ထားမှု​ကြောင့်​ လယ်​ယာ​မြေများ စိုက်​ပျိုးနိုင်​မှု မရှိပဲ ဆုံးရှူံး​နေရသည်​များ ရှိ​နေပါသည်​။

- အခြားနည်း အသုံးပြုခွင့်​ ပြုသည့်​​နေ့မှ(၆)လအတွင်း လုပ်​ငန်းစတင်​ရန်​လို

မြန်​မာနိုင်​ငံသည်​ စိုက်​ပျိုး​ရေး ကို အဓိကထားသည့်​ နိုင်​ငံဖြစ်​ခြင်း​ကြောင့်​ လယ်​ယာ​မြေ များ အချိန်​မီ ထိန်းသိမ်းနိုင်​ရန်​ လိုအပ်​လျက်​ရှိပါသည်​။ လယ်​ယာ​မြေ ဥပ​ဒေ ပုဒ်​မ"၃၁"အရ အခြားနည်း အသုံးပြုရန်​ ခွင့်​ပြုချက်​ရရှိပြီး​နောက်​ ခွင့်​ပြုသည့်​​နေ့ရက်​မှ(၆)လအတွင်း လယ်​ယာ​မြေကို သတ်​မှတ်​သည့်​နည်းလမ်းအတိုင်း အသုံးပြုရမည်​ဖြစ်​သည်​။

- ခရိုင်​လယ်​ယာ​မြေစီမံခန့်​ခွဲမှု အဖွဲ့သို့(၆)လတစ်​ကြိမ်​ စိစစ်​တင်​ပြရ

ထိုသို့​ဆောင်​ရွက်​ခြင်းမပြုပါက လယ်​ယာ​မြေ စီမံခန့်ခွဲမှုအဖွဲ့ အ​နေဖြင့်​ လယ်​ယာ​မြေကို ပြန်​လည်​သိမ်းယူနိုင်​ပါသည်​။ ထို့​ကြောင့်​ လယ်​ယာ​မြေစီမံခန့်​ခွဲမှု အ​နေဖြင့်​ လယ်​ယာ​မြေ အခြားနည်းအသုံးပြုခွင့်​ ရရှိပြီး လုပ်​ငန်း​ဆောင်​ရွက်​မှု အ​ခြေအ​နေများကို စစ်​​ဆေး၍ ခရိုင်​လယ်​ယာ​မြေစီမံခန့်​ခွဲမှု အဖွဲ့သို့ (၆)လတစ်​ကြိမ်​ စိစစ်​တင်​ပြ​ပေးရပါသည်​။

- (၆)လအတွင်း တင်​ပြခြင်းမရှိသည့်​ လယ်​ယာ​မြေ ဗဟိုမှ အ​ရေးယူ​ဆောင်​ရွက်

(၆)လအတွင်း တင်​ပြခြင်းမရှိသည့်​ လယ်​ယာ​မြေ၊ အခြားနည်း အသုံးပြုခွင့်​ ရရှိ​သော လယ်​ယာ​မြေများကို ဗဟိုလယ်​ယာ​မြေစီမံခန့်​ခွဲမှု အဖွဲ့မှ အ​ရေးယူ​ဆောင်​ရွက်​ သွားပါသည်​။ ဗဟိုလယ်​ယာ​မြေစီမံခန့်​ခွဲမှု အဖွဲ့သို့ လုပ်​ထုံးလုပ်​နည်းနှင့်​အညီ ဆက်လက်​​​တင်​ပြရပါသည်​။

- လယ်​ယာ​မြေ​ပေါ်မှာ ခွင့်​ပြုချက်​မရှိသည့်​ အ​ဆောက်​အဦးဖယ်​ရှားခံရမည်​။_

လယ်​ယာ​မြေဥပ​ဒေပုဒ်​မ၃၀(က)နှင့်​ ၃၀(ခ)အရ လယ်​ယာ​မြေ အခြားနည်းအသုံးပြုခွင့်​ ​လျှောက်​ထားဆဲကာလတွင်​ လုပ်​ငန်းလည်​ပတ်​​နေ​သော လုပ်​ငန်းရှင်​များအား လယ်​ယာ​မြေဥပ​ဒေပုဒ်​မ ၁၉(ဃ)အရ လယ်​ယာ​မြေ​ပေါ်တွင်​ ခွင့်​ပြုချက်​မရရှိဘဲ ​ဆောက်​လုပ်​ထား​သော အ​ဆောက်​အဦး များကို ဖယ်​ရှားရန်​၊ ၀န်​ကြီးဋ္ဌာနက ဤကိစ္စ အလို့ငှါ ခန့်​အပ်​သည့်​ လယ်​ယာ​မြေစီမံခန့်​ခွဲမှု အဖွဲ့မှ အမိန့်​ချမှတ်​ရမည်​ ဖြစ်​သည်​။

- ဖယ်​ရှားခြင်း မပြုပါက တရားရုံး၌ ဦးတိုက်​​လျှောက်​ထား

လယ်​ယာ​မြေဥပ​ဒေပုဒ်​မ ၂၀အရ လိုက်​နာခြင်းမရှိလျှင်​ တရားရုံးသို့ ဦးတိုက်​​လျှောက်​ထား တရားစွဲဆိုသွားရန်​ ​ဆောင်​ရွက်​သွားမည်​ဖြစ်​သည်​။ ယင်းသို တရားစွဲဆိုရာတွင်​ အဖက်​ဖက်​မှ သုံးသပ်​ကာ ဥပ​ဒေနှင့်​အညီ ​ဆောင်​ရွက်​လျက်​ရှိကာသည်​။

- မြို့နယ်​ လယ်​ယာ​မြေစီမံခန့်​ခွဲမှု အဖွဲ့မှ မြို့နယ်​တရားရုံးသို့ တရားစွဲဆိုလာတာ ​တွေ့ရ

ယခုအခါ မြို့နယ်​ လယ်​ယာ​မြေစီမံခန့်​ခွဲမှု အ​ဖွဲ့တို့မှ သက်​ဆိုင်​ရာ မြို့နယ်​တရားရုံးသို့ လယ်​ယာ​မြေဥပ​ဒေပုဒ်​မ ၂၀အရ ယင်းတို့အား တရားစွဲဆို​ဆောင်​ရွက်​ရန်​ တိုင်​ကြား​လျှောက်​ထားခြင်းများလည်း ရှိလာသည်​ကို ​တွေ့ရသည်​။

- လယ်​ယာ​မြေစီမံခန့်​ခွဲမှု အဖွဲ့မှ သ​ဘောရိုးဖြင့်​ ​ဆောင်​ရွက်​ချက်​ အ​ရေးယူလို့မရ

၂၀၁၂ ခုနှစ်​ ပြည်​​ထောင်​စုလွှတ်​​တော်​ ဥပ​ဒေအမှတ်​ (၁၁)ဖြင့်​ ပြဋ္ဌာန်းထား​သော လယ်​ယာ​မြေဥပ​ဒေအရ ဖွဲ့စည်းတာဝန်​​ပေးအပ်​ခဲ့​သော လယ်​ယာ​မြေစီမံခန့်​ခွဲမှု အဖွဲ့အား လယ်​ယာ​မြေဥပ​ဒေပုဒ်​မ ၄၀ အရ ဥပ​ဒေ နှင့်​အညီဖြစ်​​စေ၊ ဥပ​ဒေအရပြုသည့်​ နည်းဥပ​ဒေနှင့်​ အညီဖြစ်​​စေ သ​ဘောရိုးဖြင့်​ ​ဆောင်​ရွက်​သည့်​ကိစ္စ တစ်​ရပ်​ရပ်​တွင်​ ၎င်းအဖွဲ့အား အ​ရေးယူ​ဆောင်​ရွက်​၍ မရ​ချေ။

- ၀န်​ထမ်း မရိုးမ​ဖြောင့်​ လုပ်​ပါက၊ နိုင်​ငံဝန်​ထမ်းဥပ​ဒေ နှင့်​ နည်းဥပ​ဒေ အရ အ​ရေးယူ

ပြစ်​မှုထင်​ရှားပါကလည်း သက်​ဆိုင်​ရာဝန်​ကြီးဋ္ဌာန အလိုက်​ ဋ္ဌာနဆိုင်​ရာမှ စုံစမ်းစစ်​​ဆေးပြီး နိုင်​ငံဝန်​ထမ်းဆိုင်​ရာ ဥပ​ဒေ၊ နည်းဥပ​ဒေ များနှင့်​အညီ အ​ရေးယူ​ဆောင်​ရွက်​လျက်​ ရှိသည်​ဟု သိရသည်​။

- အခြားနည်းအသုံးပြုခွင့်​ ရလျက်​ လုပ်​ငန်းမ​ဖော်​ပြနိုင်​ ပုဒ်​မ ၂၀ အရ အ​ရေးယူ

ထို့​ကြောင့်​ အမှန်​တကယ်​ စိုက်​ပျိုး၍ ရနိုင်​​သော လယ်​ယာ​မြေအား အခြားနည်းသုံးစွဲခွင့်​ ရရှိထား​သော်​လည်း လုပ်​ငန်း​ဖော်​​ဆောင်​မှု မရှိပါက လယ်​ယာ​မြေဥပ​ဒေပုဒ်​မ ၂၀ အရ အ​ရေးယူ​ဆောင်​ရွက်​ခြင်း ခံရမည်​ကို သိရှိလာရပါသည်​။

လွှတ်​​တော်​​ရှေ့​နေ ​မောင်​​ကောင်း​ဖေ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...
မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်
ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀
ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀
လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။
လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယ
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှ
တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှ
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
CarsDB
CarsDB Showroom Opening

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service