လက်ရှိတွင်ဘဏ်ချေးငွေ၏ ၂၀ရာခိုင်နှုန်းထိ လျော့ချသတ်မှတ်ပေးထားခြင်းကြောင့် အိမ်ခန်းဝယ်ဖို့လာရောက်စုဆောင်းငွေထည့်တဲ့သူပိုများလာခြင်းဖြစ်ကြောင်းလည်း အဆိုပါဘဏ်မှသိရသည်။
တန်ဖိုးနည်းတိုက်ခန်းဝယ်ယူမည့်သူများအတွက် ဆောက်လုပ်ရေးနှင့်အိမ်ရာဖွံ့ဖြိုးရေးဘဏ်(CHDB) တွင် တိုက်ခန်းတန်ဖိုး၏ ၂၀ ရာခိုင်နှုန်းဖြစ်သည့် ငွေကျပ်သိန်း၂၀စုထားပါက ၀ယ်ယူရန် လျှောက်ထားနိုင်ပြီး ယင်းငွေကို ကနဦးပေးချေကာ ကျန်ငွေကို ၈နှစ်မှာ၁၀အထိ အရစ်ကျငွေပေးချေစနစ်ဖြင့် ရောင်းချပေး မည်ဖြစ်ကြောင်း (CHDB)ဘဏ်ထံမှ သိရသည်။
"ဘဏ်မှာငွေလာရောက်စုဆောင်းသူ၂သောင်းကျော်လောက်ရှိနေပီအခုကဘဏ်ချေးငွေရဲ့၂၀ရာခိုင်နှုန်းထိ လျော့ချပြီးသတ်မှတ်ပေးထားတော့ အိမ်ခန်းဝယ်ဖို့လာစုဆောင်းငွေထည့်တဲ့သူပိုများလာတယ်အခုလောလောဆယ်အိမ်ရာဝယ်ယူဖို့စုဆောင်းသူတွေထဲက ကျပ်သိန်း ၂၀အထက်စုထားတဲ့သူတွေ လေးထောင်ကျော်ရှိပါတယ်။အဲဒီလေးထောင်ကျော်ထဲကနောင်အိမ်ရာနဲ့ ရွှေလင်ဗန်းအိမ်ရာကို စိတ်ပါဝင်စားတဲ့သူတွေကတော့ လျှောက်ထားနိုင်တယ်။မကြိုက်ရင်တော့ နောက်ထပ် အိမ်ရာတွေဝယ်ယူနိုင်တယ်''ဆောက်လုပ်ရေးနှင့်အိမ်ရာဖွံဖြိုးရေးဘဏ်မှတာဝန်ရှိသူတစ်ဦးကပြောသည်။
ယခုနှစ်လဆန်းပိုင်းတွင် လှိုင်သာယာမြို့နယ်ရှိ ရွှေလင်ဗန်းအိမ်ရာ၊ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိ ယုဇနအပိုင်း(၁)၊(၂)နှင့် ကနောင်အိမ်ရာတို့မှ တည်ဆောက်ပြီးစီးခဲ့သည့် တန်ဖိုးနည်း တိုက်ခန်းများကို ရောင်းချပေးမည်ဖြစ်ပြီး ဘဏ်ချေးငွေ ရယူနိုင်ရန်အတွက် လစဉ်ပေးဆပ်နိုင်စွမ်းရှိသည့် ပုံမှန်ဝင်ငွေရှိသူများအား ရောင်းချသွားမည်ဖြစ်ကြောင်းသိရသည်။
မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com