နယူးယောက်၏ ထိပ်သီးအိမ်ခြံမြေအကျိုးဆောင် ၁၀၀ ဦးတွင် နံပါတ် ၁၅ နေရာတွင်ရှိသူက သူ၏နေအိမ်ကို ကန်ဒေါ်လာ ၃ ဒသမ ၇သန်းဖြင့် အရောင်းဈေးကွက်တင်

နယူးယောက်၏ ထိပ်သီးအိမ်ခြံမြေအကျိုးဆောင် ၁၀၀ ဦးတွင် နံပါတ် ၁၅ နေရာတွင်ရှိသူက သူ၏နေအိမ်ကို ကန်ဒေါ်လာ ၃ ဒသမ ၇သန်းဖြင့် အရောင်းဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com
30 Jan 2018 12:30 pm တွင် တင်ခဲ့သည်
5527 ကြိမ် ကြည့်ရှု့ပြီး
နယူးယောက်မြို့ တွင် ရိုင်ယန်ဆာဟန့်အမည်ရှိ နာမည်ကြီး အိမ်ခြံမြေအကျိုးဆောင်တစ်ဦးရှိသည်။နယူးယောက် အိမ်ခြံမြေလောကတွင် ၎င်းကိုမသိသူ မရှိကြချေ။

ဆာဟန့်ကို တက္ကဆပ်ပြည်နယ်၊ ဟပ်စတန်မြို့တွင် ၁၉၈၄ ခုနှစ် ဇူလိုင်လ ၂ ရက်တွင် ဖွားမြင်သည်။

ဆာဟန့်သည် နယူးယောက် မြို့ တွင် နာမည်ကျော်ထိပ်တန်းအိမ်ခြံမြေ အကျိုးဆောင်ကုမ္ပဏီဖြစ်သော NSI တွင်တာဝန်ထမ်းဆောင် သည်။

၂၀၁၇ ခုနှစ် အချက်အလက်များအရ ဆာဟန့်သည် နယူးယောက်မြို့ ၏ အအောင်မြင်ဆုံးနာမည်ကြီး အိမ်ခြံမြေအကျိုးဆောင် ၁၀၀ ဦးအနက် နံပါတ် ၁၅နေရာတွင် ရပ်တည်ခဲ့သူလည်းဖြစ်သည်။ဆာဟန့်သည်ရုပ်သံ အစီအစဉ်များတွင်လည်း အိမ်ခြံမြေကျွမ်းကျင်ပညာရှင်အဖြစ် မကြာခဏပါဝင်လေ့ရှိသည်။

CNN, CNBC, FOX, NBC ,ABC နှင့် CNB ရုပ်သံလိုင်းတို့တွင် ဆာဟန့်မှာ မကြာခဏပါဝင်ခဲ့ပြီးလည်း ဖြစ်သည်။

၂၀၁၄ ခုနှစ်အတွင်း ရိုက်ကူးထုတ်လုပ်ခဲ့သည့် Why we’re young ဇာတ်ကားတွင်လည်းပါဝင်သရုပ်ဆောင်ခဲ့သည်။
ဆာဟန့်က ရန်ဝစ်လမ်း၊ အမှတ် (၂၂) ရှိနေအိမ်ကို ကန်ဒေါ်လာ ၃ ဒသမ ၇သန်းဖြင့် ရောင်းချလိုက်သည်ဟု ခိုင်မာသည့် သတင်းရပ်ကွက်ကဆိုသည်ဟု သတင်းများတွင် ဖော်ပြသည်။

နေအိမ်ခန်းအကျယ်အဝန်းမှာ ၁၈၉၅ စတုရန်းပေရှိပြီး အိပ်ခန်း၃ ခန်းနှင့် နေအိမ်အတွင်း ရုံးခန်းတစ်ခုတို့ပါဝင်ပြီး သီးသန့် ဓာတ်လှေကား လည်းပါဝင်သည်။
မီးဖိုဆောင်နှင့်ကပ်လျှက်တွင်ဧည့်ခန်းတည်ရှိပြီး အခန်း ၂ ခန်းကြားတွင် ကြမ်းပြင်မှ မျက်နှာကျက်အထိ မြင့်မားသည့် မှန်တံခါးဖြင့် ဆက်သွယ်ထားသည်။

Master Bedroom တွင် ၁၂၈ စတုရန်းပေ ကျယ်ဝန်းသည့် လသာဆောင် ပါဝင်ပြီး Freedom တာဝါ၏ မြင်ကွင်းအလှများကို ရှုမြင်နိုင်သည်။

အဆိုပါနေအိမ်ကို ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်၊ မတ်လအတွင်းက ကန်ဒေါ်လာ ၄ ဒသမ ၁ သန်းဖြင့် အရောင်းဈေးကွက် တင်သွင်းခဲ့ သော်လည်း ရောင်းမထွက်သောကြောင့် အကြိမ်ကြိမ်ဈေးလျှော့ချခဲ့ပြီး ယခုအခါ ရောင်းထွက်သွားခြင်းလည်း ဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
နယူးယောက်၏ ထိပ်သီးအိမ်ခြံမြေအကျိုးဆောင် ၁၀၀ ဦးတွင် နံပါတ် ၁၅ နေရာတွင်ရှိသူက သူ၏နေအိမ်ကို ကန်ဒေါ်လာ ၃ ဒသမ ၇သန်းဖြင့် အရောင်းဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com
နယူးယောက်၏ ထိပ်သီးအိမ်ခြံမြေအကျိုးဆောင် ၁၀၀ ဦးတွင် နံပါတ် ၁၅ နေရာတွင်ရှိသူက သူ၏နေအိမ်ကို ကန်ဒေါ်လာ ၃ ဒသမ ၇သန်းဖြင့် အရောင်းဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com
နယူးယောက်၏ ထိပ်သီးအိမ်ခြံမြေအကျိုးဆောင် ၁၀၀ ဦးတွင် နံပါတ် ၁၅ နေရာတွင်ရှိသူက သူ၏နေအိမ်ကို ကန်ဒေါ်လာ ၃ ဒသမ ၇သန်းဖြင့် အရောင်းဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်

ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်

Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀

တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ

အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး

ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း

ဘီလ်ဂိတ်က အိမ်တွင် သားသမီးများ မရှိတော့ဘဲ တစ်ယောက်တည်း အထီးကျန်နေသော်လည်း ရေချိုးခန်း ၂၄ ခန်းပါ အလွန်ကြီးမားလှသည့် စံအိမ

Shwe Moe Kaung
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service