မလေးရှားတွင် အလီဘာဘာ၏ စမတ်စီးတီးနည်းပညာကို အသုံးပြုမည်

မလေးရှားတွင် အလီဘာဘာ၏ စမတ်စီးတီးနည်းပညာကို အသုံးပြုမည် - Property News in Myanmar from iMyanmarHouse.com
30 Jan 2018 10:55 am တွင် တင်ခဲ့သည်
4810 ကြိမ် ကြည့်ရှု့ပြီး
တရုတ်အီးကောမာ့စ်ကုမ္ပဏီ အလီဘာဘာလုပ်ငန်းစုသည် စမတ်စီးတီး နည်းပညာကို ပြည်ပတွင် ပထမဆုံးအကြိမ် ဖော်ဆောင်ပေးတော့မည် ဖြစ်ကြောင်း သိရသည်။

ဒီဂျစ်တယ်စီးပွားရေးကို တိုးမြှင့်ရန် ကြံဆောင်နေသည့် မလေးရှားတွင် နိုင်ငံတစ်ဝန်းမြို့ကြီးများတွင် စမတ်စီးတီးနည်းပညာကို အသုံးပြုရန် အလီဘာဘာနှင့် သဘောတူညီမှု ချုပ်ဆိုထားပြီး ဖြစ်သည်။

ထို Malaysia City Brain ကို မြို့တော်ကွာလာလမ်ပူတွင် ပထမဆုံး အသုံးပြုမည်ဖြစ်ဖြစ်သည်။ ယင်းသည် ကနဦးတွင် ယာဉ်ကြောကို စောင့်ကြည့်မည်ဖြစ်သော်လည်း စွမ်းအင်ပိုမိုကောင်းမွန်စွာ စီမံအသုံးပြုနိုင်ရေး၊ လုံခြုံရေးနှင့် ပြည်သူ့ဖူလုံမှုတို့ ပိုမိုကောင်းမွန်စေရေးတို့အတွက် အာဏာပိုင်များကို သတင်းပေးပို့နိုင်မည်ဖြစ်သည်။

၎င်းနည်းပညာကို အကောင်အထည်ဖော်ရန် အလီဘာဘာလုပ်ငန်းစု လက်အောက်ခံကုမ္ပဏီ အလီဘာဘာကလောက်ဒ်က မလေးရှားဒီဂျစ်တယ် စီးပွားရေးကော်ပိုရေးရှင်းနဲ့ လက်တွဲဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

ဥပမာအားဖြင့် ဆိုရသော် Malaysia City Brain သည် မြို့ပြနေရာများတွင် အရေးပေါ်ဝန်ဆောင်မှုများအတွက် လမ်းကြောင်းနေရာအတိအကျ ရှာဖွေဖော်ထုတ်နိုင်မည်ဖြစ်ပြီး ယာဉ်ကြောမရှုပ်ထွေးအောင် စီမံပေးနိုင်မည်ဖြစ်သည်။ ထို့အပြင် အများပြည်သူပို့ဆောင်ရေးကို အသုံးပြုနေသော ခရီးသွားပြည်သူများ၏ လုံခြုံရေးအတွက်လည်း အထောက်အကူဖြစ်စေနိုင်မည်ဖြစ်သည်။

တရုတ်နိုင်ငံအရှေ့ပိုင်း ဟန်ကျိုးမြို့နှင့် စူးကျိုးမြို့အပါအ၀င် မြို့ကြီးခြောက်မြို့တွင် ထိုနည်းပညာကို အသုံးပြုနေနှင့်ပြီးဖြစ်သည်။မလေးရှားသည် အာရှတွင် မြို့ပြအဆန်ဆုံးနိုင်ငံတစ်နိုင်ငံ ဖြစ်ပြီး ကွာလာလမ်ပူသည် ဆိုးဆိုးရွားရွားယာဉ်ကြောပိတ်ဆို့ကျပ်တည်းမှုနှင့် ရင်ဆိုင်နေရသည်။

ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက်အရ ကွာလာလမ်ပူတွင် နေထိုင်သူများသည် ယာဉ်ကြောပိတ်ဆို့မှုအတွက် တစ်နှစ်လျှင် နာရီသန်း၅၀၀ ခန့် ကုန်ဆုံးနေရကြောင်း သိရသည်။

ခင်အေးချမ်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှ

လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။

ဘီလ်ဂိတ်က အိမ်တွင် သားသမီးများ မရှိတော့ဘဲ တစ်ယောက်တည်း အထီးကျန်နေသော်လည်း ရေချိုးခန်း ၂၄ ခန်းပါ အလွန်ကြီးမားလှသည့် စံအိမ

စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ

Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့

Shwe Moe Kaung
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service