တန်ဖိုးနည်း အိမ်ရာဝယ်ယူခွင့် ရသူများ နှစ်ပတ်အတွင်း လာရောက်မဆက်သွယ်ပါက ပယ်ဖျက်မည်

တန်ဖိုးနည်း အိမ်ရာဝယ်ယူခွင့် ရသူများ နှစ်ပတ်အတွင်း လာရောက်မဆက်သွယ်ပါက ပယ်ဖျက်မည် - Property News in Myanmar from iMyanmarHouse.com
30 Jan 2018 10:16 am တွင် တင်ခဲ့သည်
5271 ကြိမ် ကြည့်ရှု့ပြီး
တန်ဖိုးနည်းအိမ်ရာစီမံ ကိန်းဝယ်ယူခွင့် ရရှိသူများသည် နှစ်ပတ်အတွင်း လာရောက်ဆက် သွယ်ခြင်း မရှိပါက ၀ယ်ယူခွင့်ပြန် လည် ရုပ်သိမ်းမည်ဟု မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးမှုဦးစီးဌာနမှ သတင်းရရှိသည်။

အိမ်ရာဝယ်ယူခွင့်ရရှိထား သူများ စာရင်းကို ဇန်န၀ါရီ ၁၀ ရက်တွင် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုး ရေးဦးစီးဌာန၊ ရုံးအမှတ်(၄၀) နေပြည်တော်နှင့်ရန်ကုန်မြို့ ဗိုလ်ချုပ် အောင်ဆန်း လမ်းမကြီးပေါ်ရှိ တိုင်းဒေသကြီး မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန (ရန်ကုန်တိုင်း ဒေသကြီး)နှင့် ဆောက်လုပ်ရေး နှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်ခွဲများ အားလုံးတွင် စတင်ကြေညာထား သည်။

‘‘နှစ်ပတ်အတွင်းတော့ လာ ဆယ်သွယ်ရမယ်။ မလာရင်တော့ ၀ယ်ယူခွင့်ကို ပယ်ဖျက်မယ်။ တချို့က ကိုယ်လျှောက်ထားတဲ့ အခန်းမရတော့ မလိုချင်တဲ့သူ တွေကို ရှိတယ်။ တကယ်လိုချင်တဲ့သူတွေအတွက် နစ်နာတာပေါ့’’ဟု မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးမှုဦးစီး ဌာနမှ ညွှန်ကြားရေးမှူးဒေါ်မီမီ တင်က ပြောသည်။

အခန်းဝယ်ယူခွင့်ရရှိသူများ အား ဘဏ်တွင်ရောင်းချသူနှင့် ၀ယ်ယူသူတို့ စာချုပ်ချုပ်ဆိုပြီးပါ က အခန်းအပ်နှံပြီး နေထိုင်ခွင့်ပေးမည်ဖြစ်သည်။

မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှု ဦးစီးဌာနသည် ယုဇန၊ ရွှေလင် ဗန်း၊ကနောင် အိမ်ရာစီမံကိန်းများ ရှိ အခန်းပေါင်း ၂,၁၀၀ ကျော်ကို ဘဏ်ချေးငွေဖြင့် ဘဏ်တွင်ငွေ စာရင်းဖွင့်လှစ်ထားပြီး သတ်မှတ်ရာခိုင်နှုန်း ပြည့်မီသူများအား စတင်ရောင်းချနေပြီ ဖြစ်သည်။

အိမ်ရာဝယ်ယူခွင့်ရရှိသူများ သို့ စည်းကမ်းချက်နှင့် သတ်မှတ်ချက်များ ထုတ်ပြန်ခဲ့ပြီး ၎င်းတို့သည်အိမ်ပိုင်မရှိသူဖြစ်ရမည်ဟု သတ်မှတ်ထားကာလစဉ် ပုံမှန်ဝင်ငွေရှိပြီး ဘဏ်ချေးငွေအတွက် ပုံမှန်ပေးဆပ်နိုင်သူဖြစ်ရမည်ဟု သတ်မှတ်ချက်တွင်ပါဝင်သည်။

စီနီယာအလိုက် ၀ယ်ယူခွင့် ပေးသောကြောင့် မိမိအလှည့်သို့ ရောက်သော်လည်း ၀ယ်ယူလို သော ဆန္ဒမရှိပါက မ၀ယ်ယူဘဲ နောက်အလှည့်ကိုစောင့်ဆိုင်း၍ ရကြောင်းသိရသည်။

နေးရှင်းမြန်မာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား

TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်

ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှ

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ

အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န

၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး

Royal Theikdi Condo
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service