သိထားသင့်သည့် ကိုယ်စားလှယ်လွှဲစာရသူနှင့် တရားဝင် ကိုယ်စားလှယ်

သိထားသင့်သည့် ကိုယ်စားလှယ်လွှဲစာရသူနှင့် တရားဝင် ကိုယ်စားလှယ် - Property Knowledge in Myanmar from iMyanmarHouse.com
9 Jan 2018 12:00 pm တွင် တင်ခဲ့သည်
3233 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

ကိုယ်စားလှယ်လွှဲစာရသူနဲ့ တရားဝင် ကိုယ်စားလှယ်ဆိုတာ မတူဘူးလား။ ဘာကွာခြားချက်ရှိသလဲဟု မိတ်ဆွေတစ်ဦးက စာရေးသူထံ
လာရောက် မေးမြန်းပါသည်။

''သာမန်အားဖြင့် ဖတ်ကြည့် လိုက်ရင်တော့ တူတယ်လို့ ထင်ကြတယ်။ ဥပဒေအရတော့ မတူဘူး။ ခြားနားမှုရှိတယ်''

''အချို့ကလည်း ကိုယ်စားလှယ် လွှဲစာရသူနဲ့ တရားဝင် ကိုယ်စားလှယ်ဆိုတာ တစ်ဦးတည်းပဲ၊ အခေါ်အဝေါ်မတူတာလို့ ပြောကြတယ်။ ဒါကြောင့် နည်းနည်းရှင်းပြပေးပါဦး''

''သူငယ်ချင်းအနေနဲ့ ဘာများ အခက်အခဲတွေ့နေလို့လဲ''

''ဒီလို သူငယ်ချင်း။ မြေတစ်ကွက်ဝယ်မယ်လို့ သွားကြည့်တော့ ပိုင်ရှင်က အမွေရထားတာလို့ ပြောတယ်။ ပိုင်ရှင်က ကွယ်လွန်သွားပြီဖြစ်လို့ သူ့ရဲ့ တရားဝင် ကိုယ်စားလှယ်က တာဝန်ယူရောင်းမှာဖြစ်တယ်။
စာချုပ်စာတမ်းချုပ်မယ်ဆိုရင် လည်း အဲဒီတရားဝင် ကိုယ်စားလှယ်နဲ့ပဲ ချုပ်ဆိုရမယ်လို့ ပြောပါတယ်။ ကိုယ်စားလှယ်လွှဲစာပေးထားလား ဆိုတော့လည်း
မဟုတ်ဘူးလို့ ပြောတယ်။အဲဒါ နားမရှင်းဘူးဖြစ်နေတယ်။ ဘယ်လို ဆောင်ရွက်ရမယ် ဆိုတာ သိချင်လို့''

''ကိုယ်စားလှယ် Agent ဆိုတာနဲ့ ပတ်သက်လို့ ပဋိညာဉ် ဥပဒေပုဒ်မ ၁၈၂ မှာ ကိုယ်စားလှယ်ဆိုသည်မှာ မိမိကိုယ်စား ကိစ္စတစ်ရပ်ရပ်ကို ဆောင်ရွက်ရန် ခန့်ထားခံရသူလို့ အဓိပ္ပာယ်ဖွင့်ဆိုထားတယ်။ ကိုယ်စားလှယ်အဖြစ် လွှဲအပ်တဲ့အခါ ဥပဒေနဲ့အညီ ကိုယ်စားလှယ်လွှဲစာ ပြုလုပ် ခန့်ထားကြပါတယ်။ အချို့လည်း စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှာ ကိုယ်စားလှယ်လွှဲစာကို ပြုလုပ်ချုပ်ဆိုကြတာ ရှိပါတယ်''

''ကိုယ်စားလှယ် လွှဲအပ်သူ ကွယ်လွန်သွားရင် ကိုယ်စားလှယ်လွှဲစာ ပျက်ပြယ်သွားတယ် ဆိုတာ
ဟုတ်ပါသလား''

''ဥပဒေအရတော့ ကိုယ်စားလှယ် လွှဲအပ်သူဖြစ်စေ ကိုယ်စားလှယ်အဖြစ် လက်ခံ ဆောင်ရွက်သူဖြစ်စေ တစ်ဦးဦးကွယ်လွန်သွားလျှင် ကိုယ်စားလှယ်စာလည်း ပျက်ပြယ် သွားတယ်လို့ ဆိုပါတယ်။ လွယ်လွယ်ကူကူ မှတ်သားထားမယ်ဆိုရင်တော့ ကိုယ်စားလှယ် Agent ဆိုတာ မိမိသက်ရှိထင်ရှားရှိနေစဉ် ကိုယ်စားလှယ် လွှဲစာပြုလုပ်၍ ခန့်ထားခြင်းခံရသူလို့ မှတ်သားထားနိုင်ပါတယ်''

''တရားဝင် ကိုယ်စားလှယ်ဆို တာက''

''အင်း-တရားဝင် ကိုယ်စားလှယ် ဆိုတာကတော့ ကိုယ်စားလှယ်စာနဲ့ မိမိကိုယ်စား လုပ်ပိုင်ခွင့် လွှဲအပ်ထားတာမဟုတ်ဘူး။ တရားရုံးက ဆုံးဖြတ်၍ လုပ်ပိုင်ခွင့်ရသူ ဖြစ်တယ်။ တစ်နည်းအားဖြင့် (Legal Representative) ဥပဒေအရ ကိုယ်စားပြုသူ ဖြစ်တယ်''

''အခု ရောင်းမယ်ဆိုတဲ့ မြေကွက်နဲ့ ပတ်သက်လို့ တရားရုံးရဲ့ အမိန့်မှာ ကွယ်လွန်သူ မိခင်ရဲ့ တရားဝင် ကိုယ်စားလှယ်လို့ ရောင်းမယ့်သူရဲ့ အမည်ကို ဖော်ပြထားတယ်''

''မှန်ပါတယ်။ တရားဝင်ကိုယ် စားလှယ်ဆိုတာ တရားရုံးတွင် စစ်ဆေးနေဆဲ တရားမမှုမှာ အမှုသည်တစ်ဦးဦး ကွယ်လွန်သွားရင် သူ့နေရာကို ထိုသူ၏ အမွေဆက်ခံသူ အားလုံးက တရားဝင် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်လာတာပဲ ဖြစ်တယ်''

''အခု မြေကွက်အမှုမှာ ကွယ်လွန်သူရဲ့တရားဝင်ကိုယ်စားလှယ်အဖြစ် သားနဲ့သမီး ဖြစ်သူနှစ်ယောက် ထည့်ထားပါတယ်''

''ဒါဆိုရင်တော့ ရှင်းပါတယ်။ မိခင်ရပိုင်ခွင့်ရှိတဲ့ အမွေပစ္စည်းကို မိခင်ရဲ့ အမွေဆက်ခံသူ သားနဲ့ သမီးက တရားဝင်ကိုယ်စားလှယ်အဖြစ် ရပိုင်ခွင့် ရှိသွားမှာဖြစ်တယ်''

''ဒါဆိုရင် တရားဝင် ကိုယ်စားလှယ် သားနဲ့ သမီးထံမှ ဝယ်ရင်ဖြစ်ပြီပေါ့''

''မှန်ပါတယ်၊ မူလပိုင်ရှင်ရဲ့ အမွေစား အမွေခံသားသမီးများဖြစ်ပြီး ဥပဒေနဲ့အညီ ကွယ်လွန်သူရဲ့ (Legal Representative) တရားဝင် ကိုယ်စားလှယ်လည်းဖြစ်လို့ သူတို့ မောင်နှမနဲ့ပဲ အရောင်းအဝယ် မှတ်ပုံတင်စာချုပ် ချုပ်ဆိုနိုင်မှာဖြစ်တယ်''

''ဒါကြောင့် အိမ်မြေအရောင်းအဝယ် ကတိစာချုပ်တွေမှာ ရောင်းသူ၊ ဝယ်သူဆိုရာ၌ ၄င်းတို့၏ အမွေဆက်ခံသူများ၊ ကိုယ်စားလှယ်လွှဲစာရသူများ၊ တရားဝင်ကိုယ်စားလှယ်များ ပါဝင်သည်လို့ ဖော်ပြထားတာကိုး''

''မှန်ပါတယ်။ သူငယ်ချင်း''

''အစကတော့ နှစ်ခါထပ်ရေးထားတယ်လို့ ထင်မိတာ၊ သူငယ်ချင်းပြောမှပဲ ရှင်းတော့တယ်''

''နောက်တစ်ခုရှိသေးတာက ကိုယ်စားလှယ်လွှဲစာကို ပေးအပ်သူက အချိန်မရွေး ရုပ်သိမ်းခွင့်ရှိတယ်။ လုပ်ပိုင်ခွင့်ပေးထားသည်ထက် ကျော်လွန်ပြီးလုပ်ကိုင်ခဲ့ရင်
လည်း တရားမဝင် ဆောင်ရွက်ချက်ဖြစ်ပြီး တရားစွဲ အရေးယူရနိုင်ပါတယ်''

''တရားဝင်ကိုယ်စားလှယ်ကတော့ မိမိအသက်ရှင်နေသရွေ့ ဆောင်ရွက်ပိုင်ခွင့် ရှိတယ်ပေါ့''

''ဟုတ်ပါတယ်။ ကွယ်လွန်သွားသူ ပစ္စည်းပိုင်ရှင်ရဲ့ ဥပဒေနဲ့အညီ အမွေဆက်ခံခွင့်ရှိသူတွေဖြစ်လို့ မိမိအသက်ရှင်နေသရွေ့ ခံစားခွင့် လုပ်ပိုင်ခွင့်တွေရှိမှာ ဖြစ်ပါတယ်''

''အချို့က ကွယ်လွန်သူရဲ့ တရားဝင် ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခွင့်ပြုဖို့ တရားရုံးမှာ ပြိုင် လျှောက်ကြတာတွေရှိတယ်လို့ ကြားဖူးတယ်''

''မှန်ပါတယ်။ တစ်ခါတစ်ရံမှာ အမှုအနေအထားအရ ကွယ်လွန်သူမှာ သားသမီးအရင်းတွေ မကျန်ရစ်ခဲ့တဲ့ ကိစ္စရပ်များလည်း
ရှိတတ်ပါတယ်။ ဥပမာ ပြောရရင် ကိတ္တိမမွေးစား သားသမီးနဲ့ ကွယ်လွန်သူရဲ့ ညီအစ်ကို မောင်နှမတွေ ပြိုင်ဆိုင် လျှောက်ထားတာတွေရှိတတ်ပါတယ်''

''ကွယ်လွန်သူက လူပျိုကြီး အပျိုကြီးတွေဖြစ်ရင် ဘယ်လိုဖြစ်နိုင်သလဲ''

''ကွယ်လွန်သူက အကြီးဆုံး သားသမီးဖြစ်ရင်တော့ ပြဿနာမရှိဘူး။ ကွယ်လွန်သူရဲ့အောက် မောင်နှမအားလုံးက တရားဝင်
ကိုယ်စား လှယ်ဖြစ်လာမှာဖြစ်တယ်။ တကယ်လို့ ကွယ်လွန်သူဟာ မောင်နှမထဲမှာ တတိယအမှတ်စဉ်ဖြစ်ရင်တော့ သူ့အထက်က မောင်နှမတွေက
တရားဝင်ကိုယ်စားလှယ်ဖြစ်ခွင့်မရှိဘဲ အမွေဆက်ခံခွင့်ရှိတဲ့ ကွယ်လွန်သူအောက် မောင်နှမများသာ ကွယ်လွန်သူ၏
အမွေရခွင့်ရှိပြီး ကွယ်လွန်သူ၏ တရားဝင်ကိုယ်စားလှယ်များဖြစ်တယ်''

''တိုတိုရှင်းရှင်း မှတ်သားရမယ် ဆိုရင်တော့ ကိုယ်စားလှယ်စာရသူ ဆိုတာ ကိုယ်စားလှယ်ပေးသူ သက်ရှိထင်ရှားရှိချိန်မှာ ပေးထားတဲ့ ကိုယ်စားလှယ်စာရထားသူဖြစ်ပြီး တရားဝင် ကိုယ်စားလှယ်ဆိုတာ တရားရုံးရှိ စစ်ဆေးဆဲ တရားမမှုမှာ ကွယ်လွန်သူ အမှုသည်ကိုယ်စား အမွေဆက်ခံသူများကို တရားဝင်ကိုယ်စားလှယ် အဖြစ် သတ်မှတ်ပေးတာပဲ မဟုတ်လား''

''မှန်ပါတယ်။ ပစ္စည်းပိုင်ရှင် အသက်ထင်ရှားရှိစဉ် လွှဲပြောင်းပေးတာက ကိုယ်စားလှယ်စာဖြစ်ပြီး ပစ္စည်းပိုင်ရှင် ကွယ်လွန်မှ အမွေ
ဆက်ခံခွင့်ရှိသူဟာ တရားဝင်ကိုယ်စားလှယ်ဖြစ်တယ်လို့ သက်ရှိထင်ရှားရှိခြင်း၊ ကွယ်လွန်ခြင်းဆိုတဲ့ ကွာခြားချက်ပေါ် မူတည်ပြီး မှတ်ထားလိုက်ရင် မမှားတော့ဘူးပေါ့''ဟု ရှင်းပြ ဆွေးနွေးလိုက်ပါသည်။

Credit: ထီယု (ဥပဒေအတိုင်ပင်ခံ)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အမေရိကန်တွင် သူဌေးကြီးတစ်ဦးက ရတနာသေတ္တာကြီး ၅ လုံးကို တိုင်းပြည်အနှံ့ ဖြန့်ကျက်သိုဝှက်ထားပြီး မည်သူမဆို လိုက်လံရှာဖွေ ရယူနိုင်ကြောင်းကြေညာ၊ ရတနာသေတ္တာများ တည်ရှိသည့်နေရာများအကြောင်း စာအုပ်တစ်အုပ်ရေ...

ဘတ်စ်ကား စပယ်ယာ၊ လမ်းဘေးသစ်သီးသည်ဘဝမှ ဆင်းဆင်းရဲရဲ ရုန်းကန်ခဲ့ရသော ကျွဲရိုင်းအချိုရည် မိသားစု ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးဖြစ်လာပုံ...
ဘတ်စ်ကား စပယ်ယာ၊ လမ်းဘေးသစ်သီးသည်ဘဝမှ ဆင်းဆင်းရဲရဲ ရုန်းကန်ခဲ့ရသော ကျွဲရိုင်းအချိုရည် မိသားစု ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးဖြစ်လာပုံ...
ဗြိတိန်တွင် ပန်းရံဆရာအဖြစ် အလုပ်လုပ်ကိုင်နေသော မလေးရှားနိုင်ငံသားက တစ်ရက်လျှင် ဒေါ်လာ ၂၀၀ ရကာ လစဉ်ဝင်ငွေ ဒေါ်လာ ၅၁၀၀ ကျော်ရကြောင်း ပြောပြထားသည့် TikTok ဗွီဒီယို လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ဗြိတိန်တွင် ပန်းရံဆရာအဖြစ် အလုပ်လုပ်ကိုင်နေသော မလေးရှားနိုင်ငံသားက တစ်ရက်လျှင် ဒေါ်လာ ၂၀၀ ရကာ လစဉ်ဝင်ငွေ ဒေါ်လာ ၅၁၀၀ ကျော်ရကြောင်း ပြောပြထားသည့် TikTok ဗွီဒီယို လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
Elon Musk မှာ အိမ်မပြန်ဘဲ ဒေါ်နယ်ထရမ့်၏ စံအိမ်ကြီးတွင်သာ နေထိုင်လျက်ရှိ၊ Elon Musk ကို အနားမှ ထွက်မသွားစေလိုကြောင်း ဒေါ်နယ်ထရမ့်ပြောကြား...
Elon Musk မှာ အိမ်မပြန်ဘဲ ဒေါ်နယ်ထရမ့်၏ စံအိမ်ကြီးတွင်သာ နေထိုင်လျက်ရှိ၊ Elon Musk ကို အနားမှ ထွက်မသွားစေလိုကြောင်း ဒေါ်နယ်ထရမ့်ပြောကြား...
အင်္ဂလန်တွင် ဇနီးမောင်နှံနှစ်ဦး ၂၆ နှစ်အချိန်ယူ စိုက်ပျိုးမွမ်းမံခဲ့ရတဲ့ ပန်းအိမ်လေး
အင်္ဂလန်တွင် ဇနီးမောင်နှံနှစ်ဦး ၂၆ နှစ်အချိန်ယူ စိုက်ပျိုးမွမ်းမံခဲ့ရတဲ့ ပန်းအိမ်လေး
ရှန်ဟိုင်းတွင် ယနေ့စတင်ကျင်းပလျက်ရှိသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံး စက်ယန္တယားများနှင့် ယာဉ်များ ပြပွဲ...
ရှန်ဟိုင်းတွင် ယနေ့စတင်ကျင်းပလျက်ရှိသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံး စက်ယန္တယားများနှင့် ယာဉ်များ ပြပွဲ...
"မြေတစ်ခေတ်မှာ" "ရွှေဖြစ်ဖို့" မြေအကြောင်း လေ့လာကြစို့
"မြေတစ်ခေတ်မှာ" "ရွှေဖြစ်ဖို့" မြေအကြောင်း လေ့လာကြစို့
မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
သဲမရှိ ရေမရှိ ဆောင်းဦးရောက်တိုင်း ကြက်သွေးရောင်အတိဖြစ်သွားတဲ့ တရုတ်နိုင်ငံက အနီရောင်ကမ်းခြေ...
သဲမရှိ ရေမရှိ ဆောင်းဦးရောက်တိုင်း ကြက်သွေးရောင်အတိဖြစ်သွားတဲ့ တရုတ်နိုင်ငံက အနီရောင်ကမ်းခြေ...
ကာကွယ်ခုခံပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ကာကွယ်ခုခံပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သားသမီးခြောက်ယောက်အထိမွေးဖွားခဲ့ပြီး အသက် ၆၀ ကျော်တွင် ယောင်္ကျားဘဝမှမိန်းမဘဝသို့ပြောင်းလဲခံယူခဲ့သူ Caitlyn Marie Jenner
သားသမီးခြောက်ယောက်အထိမွေးဖွားခဲ့ပြီး အသက် ၆၀ ကျော်တွင် ယောင်္ကျားဘဝမှမိန်းမဘဝသို့ပြောင်းလဲခံယူခဲ့သူ Caitlyn Marie Jenner
ဗြိတိန်တွင် တောင်ကုန်းတစ်ခုအောက်မှ တွင်းတစ်တွင်းကို လေလံတင်ရောင်းချရာ ပေါင် ၃၆,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့
ဗြိတိန်တွင် တောင်ကုန်းတစ်ခုအောက်မှ တွင်းတစ်တွင်းကို လေလံတင်ရောင်းချရာ ပေါင် ၃၆,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့
မြောက်ကိုရီးယားဗိုလ်ကြီး (သို့မဟုတ်) Hyun Bin နှင့် Son Ye-jin တို့စုံတွဲက ပျားရည်ဆမ်းခရီး ဖြတ်သန်းခဲ့သော Penthouse ခန်း
မြောက်ကိုရီးယားဗိုလ်ကြီး (သို့မဟုတ်) Hyun Bin နှင့် Son Ye-jin တို့စုံတွဲက ပျားရည်ဆမ်းခရီး ဖြတ်သန်းခဲ့သော Penthouse ခန်း
ဒီတစ်ခါမှတော့ ဩရသအခွင့်အရေးနှင့် စပ်လျဉ်းပြီး အကျိုးခံစားခွင့် ဆက်ခံရရှိသူများအကြောင်း
ဒီတစ်ခါမှတော့ ဩရသအခွင့်အရေးနှင့် စပ်လျဉ်းပြီး အကျိုးခံစားခွင့် ဆက်ခံရရှိသူများအကြောင်း
သြစတေးလျမှ လုပ်ငန်းရှင်တစ်ဦးက ကမ္ဘောဒီးယားရှိ ကျွန်းတစ်ကျွန်းကို ဒေါ်လာ ၁၅,၀၀၀ မျှဖြင့် ဝယ်ယူကာ အပန်းဖြေစခန်းအဖြစ် ပြောင
သြစတေးလျမှ လုပ်ငန်းရှင်တစ်ဦးက ကမ္ဘောဒီးယားရှိ ကျွန်းတစ်ကျွန်းကို ဒေါ်လာ ၁၅,၀၀၀ မျှဖြင့် ဝယ်ယူကာ အပန်းဖြေစခန်းအဖြစ် ပြောင
ဗြိတိန်သူဌေးကြီးက အခြားသူထံမှ ပေါင် ၃ သန်း ငွေချေးယူပြီးနောက် အတိုးအရင်းပေါင်း ပေါင် ၄၂ သန်းအထိရှိလာပြီးနောက် သူ၏စံအိမ်က
ဗြိတိန်သူဌေးကြီးက အခြားသူထံမှ ပေါင် ၃ သန်း ငွေချေးယူပြီးနောက် အတိုးအရင်းပေါင်း ပေါင် ၄၂ သန်းအထိရှိလာပြီးနောက် သူ၏စံအိမ်က
သိမ်းငှက်သူရဲကောင်း (အတွဲ-၂) ဖြင့် ထင်ရှားသူ အသက် ၇၄ နှစ်အရွယ် ဟောင်ကောင်ရုပ်ရှင်မင်းသားကြီး Lee Lung Kei က ၎င်းနှင့်စေ့
သိမ်းငှက်သူရဲကောင်း (အတွဲ-၂) ဖြင့် ထင်ရှားသူ အသက် ၇၄ နှစ်အရွယ် ဟောင်ကောင်ရုပ်ရှင်မင်းသားကြီး Lee Lung Kei က ၎င်းနှင့်စေ့
ထိုင်းတွင် ကာလကြာရှည်နေထိုင်ခဲ့သူပေါင်း ၄၈၃၀၀၀ ဦးကို နိုင်ငံသားဖြစ်ခွင့်ပေးရန် ထိုင်းအစိုးရက အတည်ပြု၊ ထိုလူဦးရေအားလုံးကိ
ထိုင်းတွင် ကာလကြာရှည်နေထိုင်ခဲ့သူပေါင်း ၄၈၃၀၀၀ ဦးကို နိုင်ငံသားဖြစ်ခွင့်ပေးရန် ထိုင်းအစိုးရက အတည်ပြု၊ ထိုလူဦးရေအားလုံးကိ
အမေရိကန်နာမည်ကြီးမဂ္ဂဇင်း Vanity Fair ၏ မျက်နှာဖုံးတွင် ဖော်ပြခံရရေးအတွက် မိမိ၏ ချစ်သူ ကမ္ဘာ့ပဉ္စမမြောက် အချမ်းသာဆုံးသူဌ
အမေရိကန်နာမည်ကြီးမဂ္ဂဇင်း Vanity Fair ၏ မျက်နှာဖုံးတွင် ဖော်ပြခံရရေးအတွက် မိမိ၏ ချစ်သူ ကမ္ဘာ့ပဉ္စမမြောက် အချမ်းသာဆုံးသူဌ
တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်ရှိ Luxury ဟိုတယ်ကြီး ၁၄ ခုမှ ခေတ်မမီတော့သည့် ပရိဘောဂ ၁၂၀,၀၀၀ ကျော်ကို ဝင်ငွေနည်းပ
တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်ရှိ Luxury ဟိုတယ်ကြီး ၁၄ ခုမှ ခေတ်မမီတော့သည့် ပရိဘောဂ ၁၂၀,၀၀၀ ကျော်ကို ဝင်ငွေနည်းပ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
Grand Aung Thar Yar

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service