လယ်မြေကို ပြောင်းလဲသုံးစွဲမယ်ဆိုရင် . . . .

လယ်မြေကို ပြောင်းလဲသုံးစွဲမယ်ဆိုရင် . . . . - Property Knowledge in Myanmar from iMyanmarHouse.com
5 Jan 2018 12:26 pm တွင် တင်ခဲ့သည်
3089 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

လယ်မြေဥပဒေတွေ ပေါ်ပေါက်လာပြီးနောက်ပိုင်း လယ်ယာမြေအရောင်းအ၀ယ်ဟာ အိမ်ခြံမြေ အရောင်းအ၀ယ်နဲ့ အပြိုင်အဆိုင် ဖြစ်နေပြီး ဈေးနှုန်းနည်းပါးတဲ့ လယ်မြေတွေက အရောင်းအ၀ယ်ပိုကောင်းခဲ့တယ်လို့ သိရပါတယ်။

အိမ်ခြံမြေဈေးနှုန်းကြီးမားလာတဲ့အတွက် အိမ်ခြံမြေလောကမှာ ၀ယ်ရောင်းသမားတွေဟာ ဈေးနှုန်းချိုသာတဲ့ လယ်မြေတွေကို ၀ယ်ယူပြီး အိမ်ကွက်တွေ ဖော်ထုတ်ကာ ပြန်လည်ရောင်းချတာတွေရှိလာတယ်။

ဥပဒေလွှတ်တော် အကျိုးဆောင်တစ်ဦးက ‘မသိနားမလည်တဲ့သူတွေက ဈေးနှုန်းချိုသာတဲ့လယ်ကွက်တွေကို ၀ယ်ပြီး အခြေချနေထိုင်ကြတယ်၊ အမှန်တကယ်ဆိုရင်လယ်ယာမြေတွေက လူနေထိုင်ခွင့် အဆင့်ဆင့်လျှောက်ထားရတယ်’ လို့ ပြောပါတယ်။

အထောက်အထားတွေ

လယ်မြေပြေစာသာရှိတဲ့ လယ်ယာမြေကွက်ကို လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် (ပုံစံ-၇) ရဖို့ ပထမဦးစွာလျှောက်ရပြီး ရတဲ့အခါမှသာ တရားဝင်ပြန်ရောင်းချခွင့်ရှိကြောင်း သိရပါတယ်။ ပုံစုံ-၇ ရပြီးလယ်မြေကို အခြားနည်းအသုံးပြုခွင့် (လူနေထိုင်ခွင့်ရရှိဖို့) အတွက် တိုးပွားလာတဲ့ လူဦးရေနဲ့ အိမ်ထောင်စုတွေအတွက် နေရာပေးဖို့အတွက်၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်း၊ စာကြည့်တိုက်၊ ဈေးတွေအတွက်၊ စက်မှုလယ်ယာအတွက် ဂိုဒေါင်နဲ့ အဆောက်အအုံ လိုအပ်ရင် အချက်အလက်တွေ ပြည့်စုံမှ အသုံးပြုခွင့်ပေးတယ်လို့ သိရပါတယ်။ အခြားနည်းအသုံးပြုခွင့်ရထားပြီး လုပ်ငန်းမလုပ်ဆောင်ရင် ပြန်သိမ်းယူခံရမှာဖြစ်တယ်လို့ သိရပါတယ်။

လုပ်ငန်းစဖို့လို

လယ်ယာမြေ ဥပဒေပုဒ်မ-၃၁ အရအခြားနည်းအသုံးပြုခွင့်ရရှိပြီးနောက်ခွင့်ပြုတဲ့နေ့ကစပြီး ခြောက်လအတွင်း လယ်ယာမြေကို သတ်မှတ်တဲ့ နည်းလမ်းအတိုင်းအသုံးပြုရမှာဖြစ်ကြောင်း သိရပါတယ်။ အသုံးပြုခဲ့ရင် သတ်မှတ်ကာလမှာ လုပ်ငန်းတွေကို ပြီးအောင်ဆောင်ရွက်ရမှာဖြစ်ပါတယ်။

ခြောက်လတစ်ကြိမ်စိစစ်

အဲသည်လို ဆောင်ရွက်ခြင်းတွေမပြုလုပ်ရင် လယ်ယာမြေစီမံခန့်ခွဲမှု အနေနဲ့ လယ်ယာမြေကို ပြန်သိမ်းယူနိုင်ပြီး လယ်ယာမြေ စီမံခန့်ခွဲမှုအနေနဲ့ လယ်ယာမြေအခြားအသုံးပြုခွင့်ရရှိမှာဖြစ်တယ်။ လုပ်ငန်းဆောင်ရွက်မှု အခြေအနေတွေကို စစ်ဆေးပြီး ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ကို ခြောက်လတစ်ကြိမ် တင်ပြရမှာဖြစ်ပါတယ်။

အဆောက်အအုံတွေဖယ်ရှားရမည်

လယ်ယာမြေ ဥပဒေပုဒ်မ ၃၀ (က) နဲ့ (ခ) အရလယ်ယာမြေအခြားနည်း အသုံးပြုခွင့်လျှောက်ထားဆဲ လုပ်ငန်းလည်ပတ်နေတဲ့ လုပ်ငန်းရှင်တွေကို လယ်ယာမြေ ဥပဒေပုဒ်မ ၁၉ (လ၀)အရ လယ်ယာမြေပေါ်မှာ ခွင့်ပြုချက်မရရှိဘဲ ဆောက်လုပ်ထားတဲ့ အဆောက်အအုံတွေကို ဖယ်ရှားဖို့ ၀န်ကြီးဌာနက လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က အမိန့်ချမှတ်မှာဖြစ်ကြောင်း သိရပါတယ်။

ဦးတိုက်လျှောက်ထား

လယ်ယာမြေဥပဒေပုဒ်မ ၂၀ အရလိုက်နာတာတွေမရှိရင် တရားရုံးကို ဦးတိုက်လျှောက်ထားတရားစွဲဆိုသွားဖို့ ဆောင်ရွက်မှာဖြစ်ပြီး တရားစွဲဆိုတဲ့အခါ အဘက်ဘက်က သုံးသပ်ပြီး ဥပဒေနဲ့အညီ ဆောင်ရွက်နေကြာင်း သိရပါတယ်။

တရားစွဲဆို

မြို့နယ်လယ်ယာစီမံခန့်ခွဲမှုအဖွဲ့က သက်ဆိုင်ရာမြို့နယ် တရားရုံးကို လယ်ယာမြေဥပဒေပုဒ်မ ၂၀ အရ တရားစွဲဆိုဆောင်ရွက်ဖို့ တိုင်ပင်လျှောက်ထားခြင်းတွေရှိကြောင်း တွေ့ရပါတယ်။

အရေးယူမရ

၂၀၁၂ ခုနှစ်ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် (၁၁)နဲ့ ပြဌာန်းထားတဲ့ လယ်ယာမြေဥပဒေအရ ဖွဲ့စည်းတာဝန်ပေးခဲ့တဲ့ လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ကို လယ်ယာမြေဥပဒေပုဒ်မ ၄၀ အရ ဥပဒေနဲ့အညီ နည်းဥပဒေနဲ့ သဘောရိုးနဲ့ ဆောင်ရွက်တဲ့ ကိစ္စတွေမှာ အရေးယူဆောင်ရွက်ခွင့်မရကြောင်း သိရပါတယ်။

ဥပဒေအရအရေးယူ
ပြစ်မှုဥထင်ရှားရင် သက်ဆိုင်ရာ ၀န်ကြီးဌာနအလိုက် ဌာနဆိုင်ရာက စုံစမ်းစစ်ဆေးပြီး နိုင်ငံဝန်ထမ်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ တွေနဲ့အညီ အရေးယူဆောင်ရွက်နေကြောင်း သိရပါတယ်။

ပုဒ်မ ၂၀ အရ

အမှန်တကယ် စိုက်ပျိုးမရနိုင်တဲ့ လယ်မြေတွေကို အခြားနည်းသုံးစွဲခွင့် ရရှိထားတဲ့ လုပ်ငန်းဖော်ဆောင်မှုမရှိရင် လယ်ယာမြေဥပဒေပုဒ်မ ၂၀ အရ အရေးယူခံရမှာဖြစ်ပါတယ်။

Credit: The Modern

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဆောင်းအေးတယ်။ ရေချိုးရမလား...မချိုးရဘူးလား.....
ဆောင်းအေးတယ်။ ရေချိုးရမလား...မချိုးရဘူးလား.....
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
တရားမှုနှင့် စပ်လျဉ်း၍ တင်ပြရန် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမှုနှင့် စပ်လျဉ်း၍ တင်ပြရန် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Los Angeles တောမီးလောင်မှုကြောင့် ပျက်စီးသွားသော နှစ် ၄၀ ကျော်စုစည်းထားသော ယုန်နှင့်ဆက်စပ်အမှတ်တရပစ္စည်းများ ပြသရာ The Bunny Museum ယုန်ပြတိုက်...
Los Angeles တောမီးလောင်မှုကြောင့် ပျက်စီးသွားသော နှစ် ၄၀ ကျော်စုစည်းထားသော ယုန်နှင့်ဆက်စပ်အမှတ်တရပစ္စည်းများ ပြသရာ The Bunny Museum ယုန်ပြတိုက်...
ကိတ္တိမသားသမီးမွေးစားခြင်း တရားဝင်ဆောင်ရွက်ရာတွင် သိရှိထားသင့်သည့်အချက်များ
ကိတ္တိမသားသမီးမွေးစားခြင်း တရားဝင်ဆောင်ရွက်ရာတွင် သိရှိထားသင့်သည့်အချက်များ
ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း
ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း
မဟာနန္ဒိယ၏ ဆန်းကြယ်သော ဖူးစာရှင် (သို့) ချစ်သူနှင့် တွေ့ခွင့်ရရန် အိန္ဒိယမှ ဥရောပအထိ စက်ဘီးနင်းကာ သွားရောက်ခဲ့သော အိန္ဒိယ ပန်းချီဆရာ...
မဟာနန္ဒိယ၏ ဆန်းကြယ်သော ဖူးစာရှင် (သို့) ချစ်သူနှင့် တွေ့ခွင့်ရရန် အိန္ဒိယမှ ဥရောပအထိ စက်ဘီးနင်းကာ သွားရောက်ခဲ့သော အိန္ဒိယ ပန်းချီဆရာ...
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရွာသားများ၏ ကျေးဇူးကို တုံ့ပြန်သောအားဖြင့် နှစ်သစ်ကူးလက်ဆောင် အဖြစ် တစ်ဦးလျှင် ဒေါ်လာ ၁၄၀၀ စီအပြင် စားသောက်ကုန်၊ အဝတ်အထည်နှင့် အိမ...

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Maha Mini Condo
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service