လိုင်စင်အင်ဂျင်နီယာနဲ့ လိုင်စင်ကန်ထရိုက်တာကိုယ်တိုင် လက်မှတ်ထိုးမှ တည်ဆောက်ခွင့်ပြုမည်

လိုင်စင်အင်ဂျင်နီယာနဲ့ လိုင်စင်ကန်ထရိုက်တာကိုယ်တိုင် လက်မှတ်ထိုးမှ တည်ဆောက်ခွင့်ပြုမည် - Property Knowledge in Myanmar from iMyanmarHouse.com
6 Dec 2017 12:21 pm တွင် တင်ခဲ့သည်
1875 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

လိုင်စင်အင်ဂျင်နီယာနဲ့ လိုင်စင်ကန်ထရိုက်တာကိုယ်တိုင် လက်မှတ်ထိုးမှ တည်ဆောက်ခွင့်ပြုမည်လိုင်စင်အင်ဂျင်နီယာ(Ls) နဲ့ လိုင်စင်ကန်ထရိုက်တာ(LC)တွေ ကိုယ်တိုင် စည်ပင်ရုံးမှာလက်မှတ်လာထိုးမှ အဆောက်အအုံ တည်ဆောက်ခွင့်ပြုတဲ့ စနစ်ကိုဇူလိုင်လနောက်ဆုံးပတ် စတင်မယ်လို့ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက သိရပါတယ်။

ရန်ကုန်မြို.တော် စည်ပင်သာယာရေးကော်မတီအင်ဂျင်နီယာဌာန(အဆောက်အအုံ)က တာဝန်ရှိသူတစ်ဦးက ‘LC, LS’ တွေက အဆောက်အအုံတည်ဆောက်ဖို့ လက်မှတ်ထိုးပြီးတင်တဲ့အချိန်မှာလက်မှတ်အတုနဲ့ တင်တာတွေ စိစစ်တွေ.ရှိရတယ်။ ကိုယ်စားဆောင်ရွက်တာတွေ ရှိနေတယ် လို့ပြောပါတယ်။

လိုင်စင် ကန်ထရိုက်တာနဲ့ လိုင်စင်အင်ဂျင်နီယာတချို့က အဆောက်အအုံကြီးကြပ်တည်ဆောက်ဖို. လက်မှတ်ထိုးထားပေမဲ့ ခွင့်ပြုမိန့်ထက်ကျော်လို့ အရေးယူတော့မှ သူထိုးတာမဟုတ်ဘူးဆိုပြီး ငြင်းတာတွေလည်းရှိတယ်လို့သိရပါတယ်။

လိုင်စင်အင်ဂျင်နီယာ၊ လိုင်စင်ကန်ထရိုက်တာတွေက နိုင်ငံခြားခရီးထွက်နေတာ၊ ကျန်းမာရေးမကောင်းလို့ ဆေးရုံတက်နေတာတွေ ရှိပေမဲ့ သူတို့ကိုယ်စားဆောက်ရွက်နေတာတွေ ရှိနေပါတယ်။ ပြစ်မှုဆိုင်ရာနဲ့ အရေးယူထားတာကို အရေးယူထားမှန်း မသိဘဲခွင့်ပြုနေတာတွေလည်း ရှိနေတယ်လို့ဆိုပါတယ်။

အဲဒါကြောင့် သည်လနောက်ဆုံးပတ်ကစပြီးအဆောက်အအုံကိုတာဝန်ယူကြီးကြပ်တည်ဆောက်မယ့် လိုင်စင်အင်ဂျင်နီယာနဲ့ လိုင်စင်ကန်ထရိုက်တာတွေကအဆောက်အအုံတည်ဆောက်ဖို့ အမှုတွဲတင်ရင် စည်ပင်ရုံးကသက်ဆိုင်ရာအရာရှိရှေ.မှာလူကိုယ်တိုင် လက်မှတ်ထိုးရမှာပါ။

ရန်ကုန်မြို.တော် စည်ပင်သာယာရေးကော်မတီကအရေးယူနိုင်ဖို. လိုင်စင်အင်ဂျင်နီယာ(LS)နဲ့ လိုင်စင်ကန်ထရိုက်တာ(LC)တွေကိုစပေါ်ငွေ ကျပ်သိန်း ၅၀၀နဲ့ လိုင်စင်တွေ ထုတ်ပေးနေတာဖြစ်ပါတယ်။

သည်နေ.အထိလိုင်စင်အင်ဂျင်နီယာနဲ့ လိုင်စင်ကန်ထရိုက်တာတွေကိုအရေးယူတဲ့ အမှုတွဲ ၂၀၁မှု ရှိပါတယ်။ ရာသက်ပန်လိုင်စင် ပိတ်သိမ်းတာ၊ လိုင်စင် ခြောက်လ၊ တစ်နှစ်၊ နှစ်နှစ်နဲ့ နာမည်ပျက်စာရင်းသွင်းတာတွေနဲ့နည်းအရေးယူနေပါတယ်။

လက်ရှိအကြီးတန်းကန်ထရိုက်တာလိုင်စင် ၉၉၂ခု ချပေးထားပြီးအရေးယူတဲ့ ကန်ထရိုက်တာ ၇၂ဦးရှိပါတယ်။

အငယ်တန်းကန်ထရိုက်တာလိုင်စင် ၁၇ဦးရှိပြီး အရေးယူခံရသူ နှစ်ဦးရှိတယ်လို့ သိရပါတယ်။

Credit : The Modern

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဆောင်းအေးတယ်။ ရေချိုးရမလား...မချိုးရဘူးလား.....

ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
တရားမှုနှင့် စပ်လျဉ်း၍ တင်ပြရန် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

Los Angeles တောမီးလောင်မှုကြောင့် ပျက်စီးသွားသော နှစ် ၄၀ ကျော်စုစည်းထားသော ယုန်နှင့်ဆက်စပ်အမှတ်တရပစ္စည်းများ ပြသရာ The Bunny Museum ယုန်ပြတိုက်...

ကိတ္တိမသားသမီးမွေးစားခြင်း တရားဝင်ဆောင်ရွက်ရာတွင် သိရှိထားသင့်သည့်အချက်များ

ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း

မဟာနန္ဒိယ၏ ဆန်းကြယ်သော ဖူးစာရှင် (သို့) ချစ်သူနှင့် တွေ့ခွင့်ရရန် အိန္ဒိယမှ ဥရောပအထိ စက်ဘီးနင်းကာ သွားရောက်ခဲ့သော အိန္ဒိယ ပန်းချီဆရာ...

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရွာသားများ၏ ကျေးဇူးကို တုံ့ပြန်သောအားဖြင့် နှစ်သစ်ကူးလက်ဆောင် အဖြစ် တစ်ဦးလျှင် ဒေါ်လာ ၁၄၀၀ စီအပြင် စားသောက်ကုန်၊ အဝတ်အထည်နှင့် အိမ...

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်

နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်

အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်

ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ

သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်

တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ

အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က

တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Maha Mini Condo
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service