အမွေမမီမြေးနှင့် ဆက်စပ်နေသည့် မြေနှင့်အိမ်ကို ၀ယ်မိလျှင်

အမွေမမီမြေးနှင့် ဆက်စပ်နေသည့် မြေနှင့်အိမ်ကို ၀ယ်မိလျှင် - Property Knowledge in Myanmar from iMyanmarHouse.com
23 Nov 2017 12:35 pm တွင် တင်ခဲ့သည်
1232 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

''ဆွေမျိုးတော်စပ်မှုမှာ အမွေမ မီမြေးဆိုတာရှိပါသလား''

''ဦးတင်မြင့်ကတော့ ဈေးသက်သာမယ့်မြေကွက်ကို တွေ့ထားပြန်ပြီ ထင်တယ်''

စာရေးသူက အရွှမ်းဖောက် ပြောလိုက်ပါသည်။

ဦးတင်မြင့်မှာ အိမ်ဝယ်ရောင်း လုပ်နေသူတစ်ဦးဖြစ်သဖြင့် သူ အခက်အခဲရှိပြီဆိုလျှင် စာရေးသူထံ ရောက်လာစမြဲဖြစ်သည်။

''ဒီတစ်ခါက ကျွန်တော်ဝယ်ဖို့ မဟုတ်ဘူး။ ကန့်ကွက်ရမယ့်အပိုင်း ဖြစ်နေလို့''

''ပြောပါဦး၊ ဘယ်လိုဆက်စပ်မှု ရှိလာလို့လဲ''

''ကျွန်တော့် မိန်းမရဲ့အဘွားဖြစ်သူ ကွယ်လွန်သွားတယ် ဆရာ။ မြေးဖြစ်တဲ့ ကျွန်တော့်ဇနီးက အမွေ ရနိုင်ပါသလား''

''ဦးကျော်မြင့်ရဲ့ ဇနီးမှာမောင်နှမ ဘယ်နှယောက်ရှိသလဲ''

''မောင်နှမမွေးချင်းမရှိဘူး ဆရာ တစ်ဦးတည်းသော သမီး''

''မိဘတွေရှိသေးလား''

''အမေတော့ရှိတယ်။ အဖေကတော့ ဆုံးသွားတာ နှစ်နှစ်လောက်ရှိ ပြီ''

''အခု ကွယ်လွန်သွားတာက အဖေဘက်က ဖြစ်မှာပေါ့''

''ဟုတ်ပါတယ်။ အဖေကွယ်လွန်ပြီးမှ အဘွားဖြစ်သူက ကွယ်လွန် သွားတယ်ဆိုတော့ ဘယ်လိုတော်စပ်သွားသလဲ''

''မြေးတော်စပ်တာကတော့ မပြောင်းလဲပါဘူး။ ဥပဒေအရ ပြောရရင်တော့ သားဖြစ်သူက ကျန်ရစ်သူ မိဘမကွယ်လွန်မီ ကွယ်လွန်သွားတာကြောင့် သားမှမွေးဖွားတဲ့ သားသမီးတွေဟာ အမွေမမီမြေးတွေဖြစ်သွားတယ်''

''အမွေမမီမြေးက အမွေရခွင့်ရှိပါသလား''

''မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရတော့ အမွေမမီမြေးတွေဟာ အဘိုးအဘွားရဲ့ ကျန်ရစ်ပစ္စည်းပေါ်မှာ အမွေရပိုင်ခွင့်ရှိပါတယ်။ အခုအဖြစ်အပျက်က ဘယ်လိုဖြစ်တာပဲ''

''အဘိုးအဘွားမှာ မြေနဲ့အိမ်တစ်လုံးရှိတယ်''

''သူတို့နှစ်ယောက်အမည် ပေါက်မြေကွက်လား''

''ဟုတ်ပါတယ်။ သမီးဖြစ်သူတွေနဲ့ နေတယ်။ သမီးကြီးက အပျိုကြီး၊ သမီးငယ်ကတော့ အိမ်ထောင်ရှိတယ်။ သူတို့အတူနေကြတယ်။ ဇနီးသည်ရဲ့ ဖခင်က ဒုတိယမြောက်ဖြစ်တယ်''

''အခု အဘွားကြီးကွယ်လွန်တော့ မြေနဲ့ အိမ်ကို ရောင်းမယ်ပေါ့''

''ဟုတ်တယ်။ ရောင်းမယ်လို့ ကြားတာနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးမှာတော့ ကန့်ကွက်လွှာတင်ထားတယ်။ ရပိုင်ခွင့်ရှိရင်တော့ သတင်းစာထဲမှာ ကန့်ကွက်လွှာထည့်ထားရင် ကောင်းမလားလို့ အကြံလာတောင်းတာဆရာ''

''အမှန်တကယ် အဘိုးအဘွားပိုင်မြေနဲ့ အိမ်ဖြစ်တယ်ဆိုရင်တော့ အမွေမမီမြေးအနေနဲ့ အမွေဆက်ခံခွင့်ရှိမှာဖြစ်တယ်''

''အဘွားကြီးက သူမကွယ်လွန်မီ သမီးနှစ်ယောက်ကို အဲဒီအိမ်နဲ့ မြေပေးခဲ့တယ်လို့ ပြောသံကြားတယ်''

''အမွေရှင်အနေနဲ့ မိမိကွယ်လွန်သွားတဲ့အခါ အမွေစားအမွေခံများ ဆုံးရှုံးစေရန် သဘောနှင့် မိမိနှစ်သက်သူကိုသာ ပေးကမ်းသွားလျှင် ပျက်ပြယ်သည်ဟု မြန်မာ့ဓလေ့ထုံးတမ်းဥပဒေမှာ ပြဋ္ဌာန်းထားတယ်။ ဒါကြောင့် ကျန်အမွေစားအမွေခံများ မခံစားရအောင် သမီးနှစ်ဦးတည်းကိုပဲ အိမ်နဲ့ မြေကို အပေးစာချုပ်ပြုလုပ် ချုပ်ဆိုလို့မရပါဘူး။ ချုပ်ဆိုခဲ့ရင်လည်း ပျက်ပြယ်သွားမှာဖြစ်ပါတယ်''

''ဒါဆိုရင်အခု အိမ်နဲ့မြေအပေါ် ကျွန်တော့်ဇနီးက ခံစားခွင့်ရှိမှာပေါ့နော်''

''မှန်ပါတယ်။ အမွေမမီမြေးအဖြစ် အမွေရပိုင်ခွင့်ရှိမှာ ဖြစ်ပါတယ်''

''ဒါဆိုရင် သတင်းစာထဲမှာ အရောင်းအဝယ်မလုပ်ဖို့ ကန့်ကွက်စာ ထည့်လို့ရနိုင်တယ်ပေါ့နော်''

''ဟုတ်ပါတယ်။ အရောင်းအဝယ် မလုပ်ရသေးဘူးဆိုတော့ အမွေဆိုင်အိမ်နဲ့ မြေဖြစ်ကြောင်းနဲ့ မြေးဖြစ်သူရဲ့ သဘောတူညီမှုမရဘဲ ရောင်းချခြင်း မပြုရန်တားမြစ်ထားရင်တော့ ကောင်းတာပေါ့''

''တကယ်လို့များ ဆရာရယ်၊ အဘွားကြီးက သမီးနှစ်ဦးကို အပေးစာချုပ်နဲ့ မြေနှင့်အိမ်ကို ပေးခဲ့ကြောင်း မှတ်ပုံတင်အပေးစာချုပ် ချုပ်ထားမယ်ဆိုရင် ရနိုင်ပါဦးမလား''

''မှတ်ပုံတင် အပေးစာချုပ် ချုပ်ဆိုထားတယ်ဆိုရင်တော့ တရားစွဲဆို ရမယ့်အဆင့်ရောက်သွားမှာဖြစ်တယ်''

''အမွေရလိုမှုစွဲရမှာပေါ့နော်''

''မှတ်ပုံတင် အပေးစာချုပ်ကို ဖျက်သိမ်းပေး၍ အမွေပုံစီမံခန့်ခွဲပေး စေလိုမှုစွဲဆိုရမှာဖြစ်တယ်''

''ဝယ်တဲ့သူက စရန်ပေးထားရင် ဘယ်လိုဖြစ်နိုင်သလဲ''

''ဦးတင်မြင့်တို့ဘက်က အမွေဆိုင်အိမ်နဲ့မြေဖြစ်ကြောင်း ကန့်ကွက် ကြော်ငြာစာထည့်ပြီးရင်တော့ အရောင်းအဝယ်ရပ်တန့်သွားမှာပါ။ စရန်ငွေကိစ္စကတော့ ငွေယူထားတဲ့သူနဲ့ပဲ ဖြေရှင်းရမှာဖြစ်တယ်''

''နှစ်ဖက်ညှိနှိုင်းပြီး ခွဲဝေကြမယ်ဆိုရင် အမွေမမီမြေးက ဝေစုဘယ် လောက်ရနိုင်မလဲ''

''မြန်မာ့ဓလေ့ထုံးတမ်းဥပဒေမှာ ဗုဒ္ဓဘာသာဝင်ဘိုးဘွားတို့၏ အမွေကို သြရသနှင့် အကြီးဆုံး သားသမီးမှ မွေးဖွားသည့် အမွေမမီမြေး နှင့် ၄င်းတို့၏ ဦးကြီး၊ ဦးလေး၊ ဒေါ်ကြီး၊ ဒေါ်လေးတို့သည် အညီအမျှခွဲဝေရရှိသည်လို့ ပြဋ္ဌာန်းထားပါတယ်''

''အခု ကျွန်တော့် ယောက္ခထီးပေါ့ဗျာ၊ သူက အကြီးဆုံးသားမဟုတ်ဘူး။ ဒုတိယသားဖြစ်နေတော့ အဒေါ်တွေနဲ့အညီအမျှရပါ့မလား''

''ဒါနဲ့ ပတ်သက်လို့ကတော့ မောင်ရွှေရေးနှင့် မောင်ဖိုးမြ၊ ရန်ကုန် အတွဲ ၃- စာမျက်နှာ ၄၆၄ စီရင်ထုံးမှာ သြရသနှင့် အကြီးဆုံးသားသမီးမှ မွေးဖွားခြင်းမဟုတ်ဘဲ ကျန်သားသမီးများမှ မွေးဖွားသည့် အမွေမမီ မြေးများသည် ဘိုးဘွားကွယ်လွန်စဉ် မိမိတို့၏ မိဘများအသက်ထင်ရှားရှိ ခဲ့လျှင် ရရှိရမည့် ဝေစု၏ လေးပုံတစ်ပုံ ရခွင့်ရှိတယ်လို့ ဆိုပါတယ်''

''ဒါဆိုရင် ဇနီးသည်အနေနဲ့ အဒေါ်ဖြစ်သူနှစ်ဦးနဲ့ အညီအမျှမ ရနိုင်ဘူးပေါ့''

''မှန်ပါတယ်။ ဥပဒေနဲ့အညီရပိုင်ခွင့်ရှိမှာဖြစ်ပါတယ်။ အကောင်းဆုံးကတော့ အမှန်တကယ် အရောင်းအဝယ်ဖြစ်မယ်ဆိုရင် အားလုံးညှိနှိုင်း ခွဲဝေခြင်းက အကောင်းဆုံးပါပဲ''ဟု အကြံပြုဆွေးနွေးလိုက်ပါသည်။

တစ်ဆက်တည်း တင်ပြလိုသည်မှာ အိမ်မြေဝယ်မည့်သူအနေဖြင့်လည်း အမည်ပေါက် ကွယ်လွန်သွားသည့် မြေကွက်ဖြစ်လျှင် အမွေဆက် ခံခွင့်အဆင့်ဆင့် မြေးအဆင့်အထိ သေချာစုံစမ်းပြီးမှ ဝယ်သင့်ပါကြောင်း အကြံပြုရေးသားလိုက်ပါသည်။

Credit: ထီယု (ဥပဒေအတိုင်ပင်ခံ)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဆောင်းအေးတယ်။ ရေချိုးရမလား...မချိုးရဘူးလား.....
ဆောင်းအေးတယ်။ ရေချိုးရမလား...မချိုးရဘူးလား.....
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
တရားမှုနှင့် စပ်လျဉ်း၍ တင်ပြရန် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမှုနှင့် စပ်လျဉ်း၍ တင်ပြရန် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Los Angeles တောမီးလောင်မှုကြောင့် ပျက်စီးသွားသော နှစ် ၄၀ ကျော်စုစည်းထားသော ယုန်နှင့်ဆက်စပ်အမှတ်တရပစ္စည်းများ ပြသရာ The Bunny Museum ယုန်ပြတိုက်...
Los Angeles တောမီးလောင်မှုကြောင့် ပျက်စီးသွားသော နှစ် ၄၀ ကျော်စုစည်းထားသော ယုန်နှင့်ဆက်စပ်အမှတ်တရပစ္စည်းများ ပြသရာ The Bunny Museum ယုန်ပြတိုက်...
ကိတ္တိမသားသမီးမွေးစားခြင်း တရားဝင်ဆောင်ရွက်ရာတွင် သိရှိထားသင့်သည့်အချက်များ
ကိတ္တိမသားသမီးမွေးစားခြင်း တရားဝင်ဆောင်ရွက်ရာတွင် သိရှိထားသင့်သည့်အချက်များ
ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း
ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း
မဟာနန္ဒိယ၏ ဆန်းကြယ်သော ဖူးစာရှင် (သို့) ချစ်သူနှင့် တွေ့ခွင့်ရရန် အိန္ဒိယမှ ဥရောပအထိ စက်ဘီးနင်းကာ သွားရောက်ခဲ့သော အိန္ဒိယ ပန်းချီဆရာ...
မဟာနန္ဒိယ၏ ဆန်းကြယ်သော ဖူးစာရှင် (သို့) ချစ်သူနှင့် တွေ့ခွင့်ရရန် အိန္ဒိယမှ ဥရောပအထိ စက်ဘီးနင်းကာ သွားရောက်ခဲ့သော အိန္ဒိယ ပန်းချီဆရာ...
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရွာသားများ၏ ကျေးဇူးကို တုံ့ပြန်သောအားဖြင့် နှစ်သစ်ကူးလက်ဆောင် အဖြစ် တစ်ဦးလျှင် ဒေါ်လာ ၁၄၀၀ စီအပြင် စားသောက်ကုန်၊ အဝတ်အထည်နှင့် အိမ...

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Ponnami Estate
The Crest

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service