စည်ပင်ဖြိုတော့မည့် တိုက်ခန်း မဝယ်မိရလေအောင်

စည်ပင်ဖြိုတော့မည့် တိုက်ခန်း မဝယ်မိရလေအောင် - Property Knowledge in Myanmar from iMyanmarHouse.com
1 Nov 2017 11:37 am တွင် တင်ခဲ့သည်
1445 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

တိုက်ခန်းဝယ်မယ်ဆိုရင် ခွင့်ပြုချက်မဲ့နဲ့ တရား မဝင် တည်ဆောက်ထားတဲ့ တိုက်တွေရှိတာကြောင့် စိစစ်ပြီးမှ ဝယ်ယူသင့် တယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရပါတယ်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာနမှ တာဝန် ရှိသူတစ်ဦးက တိုက်ခန်းဝယ်မယ်ဆိုရင် ရောင်းမယ့်သူ၊ ရောင်းမယ့်ကန်ထရိုက်ကို ပါမစ်မိတ္တူနဲ့ BCC (လူနေထိုင်ခွင့်ပါမစ်) ပြခိုင်းပါ၊ ပါမစ်ရှိရင် ပြနိုင် တယ်၊ ပါမစ်မရှိရင် မပြနိုင်ဘူး၊ အဲဒီအခန်းမျိုးမဝယ်နဲ့ပေါ့ လို့ ပြောပါတယ်။

ဆောက်နေတဲ့အချိန်မှာလည်း စည်ပင်က ခွင့်ပြုတဲ့ ဆိုင်းဘုတ်အစိမ်းရောင် ထောင်ထားရင် တရားဝင်ဆောက်လုပ်တာ ၅၀ ရာခိုင်နှုန်း သေချာပါတယ်။ ဆိုင်းဘုတ်အစိမ်းကို အတုထောင်တာတွေရှိတတ်တာကြောင့် စည်ပင်ဝက်ဘ် ဆိုက်ထဲမှာ အဲသည် အဆောက်အအုံရဲ့ လိပ်စာကို ရိုက်ထည့်လိုက်ရင် ခွင့်ပြုပေးထားရင် အဲသည် လိပ်စာပေါ်လာမယ်။ ခွင့်ပြုတာ မရှိရင်တော့ မပေါ်ဘူးလို့ သိရပါတယ်။

တရားဝင်တည်ဆောက်ဖို့ ခွင့်ပြုတဲ့ ပါမစ်မိတ္တူတွေကို မြို့နယ်အုပ်ချုပ်ရေး မှူးတွေကိုလည်း ပေးထားတာကြောင့် သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးမှာလည်း စုံစမ်းနိုင်ပါတယ်

ဈေးနှုန်းကွာခြားချက်ကြောင့် တရားမဝင်တိုက်ခန်းတွေကို ဝယ်ကြတယ်၊ တရားဝင်တိုက်ခန်းက လက်ရှိ သင်္ဃန်းကျွန်းဘက်မှာ ကျပ်သိန်း ၂၅၀ လောက် ပေါက်တယ်၊ တရားမဝင်တိုက်ခန်းတွေက ကျပ်သိန်း ၁၀ဝ လောက်သာရှိတယ် လို့ နောင်ဦး အိမ်ခြံမြေအကျိုးဆောင်မှ ဦးမြင့်ဦးက ပြောပါတယ်။

တရားမဝင်ခွင့်ပြုချက်မဲ့ တည်ဆောက်တဲ့တိုက်ခန်းဝယ်မိရင် လျှပ်စစ်မီတာ လျှောက်ထားလို့ မရသလို မြေညီထပ်တွေဆိုရင်တော့ လုပ်ငန်းလိုင်စင် လျှောက်ခွင့်နဲ့ ဆိုင်းဘုတ်ထောင်ခွင့်မရဘူးလို့ သိရပါတယ်။

စည်းကမ်းမဲ့ တည်ဆောက်တာတွေများလာတာကြောင့် လက်ရှိရန်ကင်းက
ခွင့်ပြုချက်မဲ့ အဆောက်အအုံသုံးလုံးကို ဖြိုခဲ့သလို စံနမူနာဖြစ်ဖို့ သင်္ဃန်းကျွန်းဘက်မှာလည်း ဖြိုဖို့စီစဉ်နေပါတယ်။ စံနမူနာပြ ဖြိုမယ့်တိုက်ခန်းမဝယ်မိအောင်စုံစမ်းစစ်ဆေးပြီးမှ ဝယ်ယူသင့်တယ်လို့ သိရပါတယ်။

ခွင့်ပြုချက်မဲ့တည်ဆောက်တဲ့ အဆောက်အအုံတွေက အရှေ့ပိုင်းခရိုင်မှာ ၆၀၂ လုံး၊ အနောက်ပိုင်းခရိုင်မှာ ၉၉ လုံး၊ တောင်ပိုင်းခရိုင်မှာ ၁၂၄ လုံးနဲ့ မြောက်ပိုင်းခရိုင်မှာ ၃၃၂ လုံးအထိ ရှိပြီး ခွင့်ပြုချက်ထက် ကျော်လွန်တည်ဆောက်တဲ့ အဆောက်အအုံ ၅၅ လုံးအထိ ရှိခဲ့တယ်လို့ ၂၀၁၃ ခုနှစ် စာရင်းတွေအရ
သိရပါတယ်။

Credit : Property Journal

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဆောင်းအေးတယ်။ ရေချိုးရမလား...မချိုးရဘူးလား.....

ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
တရားမှုနှင့် စပ်လျဉ်း၍ တင်ပြရန် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

Los Angeles တောမီးလောင်မှုကြောင့် ပျက်စီးသွားသော နှစ် ၄၀ ကျော်စုစည်းထားသော ယုန်နှင့်ဆက်စပ်အမှတ်တရပစ္စည်းများ ပြသရာ The Bunny Museum ယုန်ပြတိုက်...

ကိတ္တိမသားသမီးမွေးစားခြင်း တရားဝင်ဆောင်ရွက်ရာတွင် သိရှိထားသင့်သည့်အချက်များ

ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း

မဟာနန္ဒိယ၏ ဆန်းကြယ်သော ဖူးစာရှင် (သို့) ချစ်သူနှင့် တွေ့ခွင့်ရရန် အိန္ဒိယမှ ဥရောပအထိ စက်ဘီးနင်းကာ သွားရောက်ခဲ့သော အိန္ဒိယ ပန်းချီဆရာ...

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရွာသားများ၏ ကျေးဇူးကို တုံ့ပြန်သောအားဖြင့် နှစ်သစ်ကူးလက်ဆောင် အဖြစ် တစ်ဦးလျှင် ဒေါ်လာ ၁၄၀၀ စီအပြင် စားသောက်ကုန်၊ အဝတ်အထည်နှင့် အိမ...

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil

အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်

တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်

ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ

ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ

ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ

အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န

အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
Maha Mini Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service