အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ပြောပြသော အောင်မြင်သူတစ်ဦးဖြစ်လာစေမည့် နည်းလမ်း ၁၀ ပါး

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ပြောပြသော အောင်မြင်သူတစ်ဦးဖြစ်လာစေမည့် နည်းလမ်း ၁၀ ပါး - Property Knowledge in Myanmar from iMyanmarHouse.com
24 Oct 2017 12:11 pm တွင် တင်ခဲ့သည်
1108 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

အမေရိကန်သမ္မတ ဒေါ်နယ် ဂျွန် ထရမ့်ကို နယူးယောက်မြို့တွင် မွေးဖွားသည်။
ဖခင်ဖြစ်သူမှာ အိမ်ခြံမြေလုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး မိခင်မှာ စကော့တလန်သူဖြစ်ပြီး နယူးယောက်တွင် ပြောင်းရွှေ့အခြေချခဲ့သူ ဖြစ်၏။
ဒေါ်နယ်ထရမ့်သည် နယူးယောက်မြို့ အရှေ့ဘက် ကွင်းစ်အရပ်တွင် ကြီးပြင်းခဲ့ပြီး ငယ်စဉ်ကတည်းကပင် ဖခင်ဖြစ်သူနှင့် အိမ်ခြံမြေလုပ်ငန်းရှင် ဒဗလျူ ဇက်ကန်ဒေါ့ဖ်တို့ကို လေးစားအားကျခဲ့သည်။
အသက် ၁၈ နှစ်တွင် ဖို့ဒ်ဟမ်တက္ကသိုလ်သို့ တက်ရောက်ခဲ့ပြီး နှစ်နှစ်အကြာတွင်မူ အိမ်ခြံမြေကဏ္ဍ သင်ကြားပို့ချမှုများ ပြုလုပ်ပေးသည့် ပန်ဆယ်လ်ဗေးနီးယားတက္ကသိုလ်သို့ ပြောင်းရွှေ့ခဲ့သည်။
ယင်းနောက် စီးပွားရေးသိပ္ပံဖြင့် ကျောင်းပြီးခဲ့၏။
ဘွဲ့ရပြီးနောက် ဒေါ်နယ်ထရမ့်သည် မိသားစုလုပ်ငန်းတွင် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။
၎င်းတို့ မိသားစု၏ လုပ်ငန်းအမည်မှာ မူလက Elisabeth Trump and Son ဟူ၍ ဖြစ်သည်။
အသက် ၄၀ အရွယ်တွင် ဒေါ်နယ်ထရမ့်သည် မိသားစုလုပ်ငန်းတွင် ဥက္ကဌဖြစ်လာခဲ့ပြီးနောက် The Trump Organization ဟု အမည်ပြောင်းလဲခဲ့သည်။
အသက် ၃၂ နှစ်အရွယ်တွင် အရေးပါသည့် အိမ်ခြံမြေဝယ်ယူမှုတစ်ခု ပြုလုပ်ခဲ့ရာ နောက်ပိုင်းတွင် Grand Hyatt Hotel ဟု ပေါ်ပေါက်လာခဲ့သည်။
ယင်းအချိန်ကတည်းက နယူးယောက်၏ နာမည်ကျော် ထရမ့်တာဝါကို စတင်ဆောက်လုပ်နေပြီ ဖြစ်သည်။
အသက် ၃၆ နှစ်အရွယ်တွင် ဖော့ဘ်မဂ္ဂဇင်းကြီး၏ သန်းကြွယ်သူဌေးများစာရင်းတွင် ပါဝင်လာခဲ့ပြီး ကန်ဒေါ်လာ သန်း ၂၀၀ ခန့် ကြွယ်ဝသည်ဟု ခန့်မှန်းခြင်း ခံခဲ့ရသည်။
အသက် ၇၁ နှစ်အရွယ်တွင်ကား အမေရိကန်ပြည်ထောင်စု၏ ၄၅ ဆက်မြောက် သမ္မတ ဖြစ်လာခဲ့သည်။
ဒေါ်နယ်ထရမ့် လက်ကိုင်ထားသော အောင်မြင်ရေးစည်းမျဉ်း ၁၀ ပါး
ဒေါ်နယ်ထရမ့်သည် အမေရိကန်ပြည်ထောင်စုတွင်သာမက အခြားကမ္ဘာ့နိုင်ငံများတွင်ပါ အိမ်ခြံမြေလုပ်ငန်းကဏ္ဍတွင် အလွန်အောင်မြင်မှုရသည့် လုပ်ငန်းရှင်တစ်ဦး ဖြစ်၏။
အောင်မြင်မှုလမ်းပေါ်ရောက်အောင် မည်သို့ ရောက်အောင်လျှောက်လှမ်းခဲ့ရသည်ဟူခြင်းနှင့် စပ်လျဉ်း၍ သတင်းမီဒီယာများစွာက ဒေါ်နယ်ထရမ့်နှင့်တွေ့ဆုံကာ ကြိမ်ဖန်များစွာ တွေ့ဆုံမေးမြန်းခဲ့ကြပြီးဖြစ်သည်။
အောက်ပါအချက်တို့မှာ အောင်မြင်မှုသို့ လျှောက်လှမ်းရာတွင် ဒေါ်နယ်ထရမ့်လက်ကိုင်ထားသည့် အချက် ၁၀ ချက်ပင်ဖြစ်လေသည်။

၁။ ကိုယ့်ကိုယ်ကိုယ် ကံကောင်းအောင်လုပ်ပါ

ကံကောင်းမှုဟူသည်ကို ယုံကြည်ကြောင်း ဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောကြားဖူးသည်။
အချို့သူများသည် ပိုမိုကံကောင်းလေ့ရှိကြသည်ဟု ထရမ့်ကဆိုသည်။
သို့ရာတွင် ထရမ့်က ပြောသည်မှာ အလုပ်ကို ပိုမိုအာရုံထားကြိုးပမ်းသူတို့သည် ပိုမိုကံကောင်းလေ့ရှိမြဲဖြစ်သည်ဟု ဖြည့်စွက်ပြောကြား၏။
လူတစ်ယောက်သည် အလုပ်အပြင်းအထန်ကြိုးစားခြင်းအားဖြင့် မိမိကိုယ်မိမိ ကံကောင်းလာအောင် လုပ်နိုင်သည်ဟု ဒေါ်နယ်ထရမ့်က ယုံကြည်သည်။

၂။ ငွေတစ်မျက်နှာတည်း ကြည့်ပြီး မလုပ်ပါနှင့်

ဒေါ်နယ်ထရမ့်ပြောခဲ့ဖူးသည်မှာ ၎င်းလုပ်ဆောင်သမျှ အလုပ်တိုင်းသည် ၎င်းကိုယ်တိုင်နှစ်သက်မြတ်နိုးသောကြောင့် လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဆိုသည်။
၎င်းအနေဖြင့် အလုပ်လုပ်ရာတွင် ငွေရရေးသည် အဓိကရည်ရွယ်ချက်မဟုတ်ဟု ဆိုသည်။
မိမိသည် အိမ်ခြံမြေလုပ်ငန်းနှင့် အခြေခံအဆောက်အအုံတို့ကို ခမ်းနားကြီးကျယ်သော အဆောက်အအုံကြီးများ ဖြစ်လာအောင် ဆောင်ကြဉ်းရခြင်းကို မြတ်နိုးကြောင်း ထရမ့်မကြာခဏပြောဖူးသည်။
ယင်းသို့ မိမိမြတ်နိုးသောအလုပ်ကိုလုပ်ဆောင်ရင်းဖြင့် အကျိုးဆက်အားဖြင့် ငွေအမြောက်အမြားရလာခြင်းသာဖြစ်သည်ဟု ဆိုသည်။
အိမ်ခြံမြေလုပ်ငန်းကဏ္ဍကို မိမိအနေဖြင့် မြတ်နိုးခြင်းမရှိပါက အောင်မြင်မှုများလည်း ရရှိလာလိမ့်မည်မဟုတ်ကြောင်း ထရမ့်က ဆို၏။

၃။ ရေစီးကြောင်းကို အံတုပါ

ရေစီးကြောင်းအတိုင်း မလိုက်ခြင်းသည် ကြီးမြတ်ကြောင်း ၊ သို့ရာတွင် အမှန်တကယ် အလုပ်ဖြစ်ရန်လည်း လိုအပ်ကြောင်း ဒေါ်နယ်ထရမ့်က ဆိုသည်။
အမှန်တကယ်ထက်မြက်သူတို့သည် အများ၏ အမြင်များ၊ ယူဆချက်များကို ဆန့်ကျင်ရဲကြရန်လိုသည်ဟု ဆိုသည်။
ထိုသို့သောသူတို့၏ ဆုံးဖြတ်ချက်၊ လမ်းကြောင်းရွေးချယ်မှု မှန်ကန်သွားပါက ခမ်းနားကြီးကျယ်သည့် ပန်းတိုင်က စောင့်ကြိုနေလေ့ရှိသည်ဟု ထရမ့်က ပြောကြားသည်။
မိုက္ကရိုဆော့ဖ်နှင့် ဂူးဂဲကဲ့သို့ ကုမ္ပဏီကြီးများသည် ရေစီးကြောင်းကို ဆန့်ကျင်ကာ ကြီးကျယ်ခမ်းနားသည့် အောင်မြင်မှုများ ရရှိခဲ့ခြင်းဖြစ်ကြောင်း ထရမ့်က ထောက်ပြသည်။
ယင်းသို့လုပ်ဆောင်ရန်အတွက် လိုအပ်သည်မှာ ကြီးမားသည့်ယုံကြည်ချက်ဖြစ်သည်ဟု ဆိုသည်။

၎။ ဆက်လျှောက်

ထရမ့်က အဆိုပါစကားကို မကြာမကြာပင် ပြောခဲ့ဖူးသည်။
မည်သည့်အခါမျှ လက်လျှော့အရှုံးမပေးပါနှင့်။
အောင်မြင်ရန် အခွင့်အလမ်းမရှိဟု ထင်ရသည့် အခြေအနေမျိုးကြုံတွေ့နေရသူများကို ထရမ့်က ယင်းသို့အားပေးတိုက်တွန်းလေ့ရှိ၏။
ထရမ့်က ၎င်းတို့ကို ခြေလှမ်းများ မရပ်လိုက်ရန်နှင့် ရှေ့ဆက်လျှောက်ရန်သာ တိုက်တွန်းလေ့ရှိသည်။
ထရမ့်ကဆိုသည်မှာ မိမိလုပ်ကိုင်သည့်အလုပ်အပေါ် နှစ်သက်ပျော်ရွှင်မှုရှိသူတို့သည် ထက်မြက်သည့်အသိဥာဏ်များရှိပါက နောင်တစ်ချိန်တွင် အောင်မြင်မှုပန်းတိုင်သို့ ဆိုက်ရောက်ရမည်မှာမလွဲကြောင်း အခိုင်အမာဆိုသည်။

၅။ စိတ်ဓာတ်ပြောင်းပါ

ဒေါ်နယ်ထရမ့်က စိတ်ဓာတ်ကို ပြောင်းလိုက်သောကြောင့် အောင်မြင်မှုရသွားသည့် မိတ်ဆွေတစ်ဦးအကြောင်း မကြာခဏပြန်ပြောပြလေ့ရှိသည်။
ထရမ့်၏ မိတ်ဆွေသည် ငွေကြေးနည်းပါးနေသည့်အချိန်မျိုးတွင်ပင် လေကြောင်းဖြင့် ခရီးသွားပါက ပထမတန်းတွင်သာ အမြဲစီးနင်းလေ့ရှိသည်။
ထိုသို့ ပထမတန်းတွင် စီးနင်းခြင်းအားဖြင့် မိမိကိုယ်မိမိအောင်မြင်သူတစ်ဦးဟူသော အထင်အမြင်ခံစားရစေသည်ဟု ဆိုသည်။
ထိုသို့ စိတ်ဓာတ်ခံယူရမှုက သူ၏ တွေးခေါ်ပုံအားလုံးကို ပြောင်းလဲပစ်လိုက်နိုင်ပြီး နောက်ဆုံးတွင် အောင်မြင်မှုပန်းတိုင်သို့ ရောက်ရှိစေခဲ့သည်ဟု ဆို၏။
ထိုသင်ခန်းစာကို မိမိမည်သည့်အခါမျှ မမေ့ကြောင်း ထရမ့်က ပြောဖူးသည်။

၆။ အဆိုးဆုံးအတွက် ကြိုတင်ပြင်ဆင်ပါ

ဒေါ်နယ်ထရမ့်က အပြုသဘောတွေးခေါ်ခြင်းအပေါ် လက်ခံယုံကြည်၏။
နော်မန် ဗင်းဆင့် ပီးလ်သည် မိမိအပေါ်များစွာ သြဇာလွှမ်းမိုးသူဖြစ်ကြောင်း ထရမ့်က ပြောဖူးသည်။
သို့ရာတွင် အဆိုးဆုံးအတွက် ကြိုတင်ပြင်ဆင်ထားရန်လည်း မိမိအနေဖြင့် ဆန္ဒပြင်းပြကြောင်း ထရမ့်က ဆိုသည်။
တစ်ချိန်လုံး အပြုသဘောတွေးတောနေရမည်ဟူခြင်းမှာ ရူးနှမ်းခြင်းသာဖြစ်သည်ဟု ထရမ့်က ဆို၏။
စိန်ခေါ်မှုများကို တွေးတောထားရန်လည်း အရေးကြီးပြီး သို့မှသာ အမှန်တကယ်ရင်ဆိုင်ကြုံတွေ့လာရပါက အသင့်ပြင်ဆင်ထားပြီးဖြစ်နေမည်ဖြစ်သည်ဟု ထရမ့်က ပြောကြားသည်။

၇။ ဖိအားကို ကိုင်တွယ်နိုင်သူဖြစ်ပါစေ

စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်လာရန်အတွက် ပုံမှန်လစာရနေသည့်အလုပ်တစ်ခုကို ကျောခိုင်းရန် ဆုံးဖြတ်ရခြင်းမှာ အလွန်ခက်ခဲသည့်အလုပ်ဖြစ်သည်ဟု ထရမ့်ကဆိုသည်။
အဆိုပါဆုံးဖြတ်ချက်တွင် မိမိကိုယ်တိုင်နှင့် မိသားစုအတွက် စွန့်စားရမှုများ ပါဝင်နေသည်။
လူတစ်ယောက်သည် စွန့်ဦးလုပ်ငန်းရှင်တစ်ဦးဖြစ်လာနိုင်မည်လောဟူသည်ကို သိလိုပါက အဆိုပါပုဂ္ဂိုလ်သည် ဖိအားများကို ကိုင်တွယ်ဖြေရှင်းနိုင်သူလောဟူသည်ကို ကြည့်ခြင်းအားဖြင့် သိနိုင်သည်ဟု ထရမ့်က ဆိုသည်။
ထရမ့်၏ လေ့လာချက်များအရ ဖိအားများကို ကိုင်တွယ်ဖြေရှင်းနိုင်သူတို့သည် အောင်မြင်သော စွန့်ဦးလုပ်ငန်းရှင်များ ဖြစ်လာကြသည်ဟု ဆိုသည်။
ထက်ထက်မြက်မြက်ရှိနေရုံမျှဖြင့် မလုံလောက်သေးဘဲ အောင်မြင်မှုနှင့် စပ်လျဉ်း၍ မှန်ကန်သည့်သဘောထားခံယူချက်ရှိခြင်းမှာလည်း ဖိအားကို ကိုင်တွယ်ရန် အကောင်းဆုံးနည်းလမ်းဖြစ်သည်ဟု ထရမ့်က ပြောကြားသည်။

၈။ ဘယ်တော့မှ မရောင့်ရဲပါနဲ့

လူအများစုတို့သည် ၎င်းတို့၏ ပျင်းရိမှုများကြောင့် သာမညအဆင့်မျှဖြင့် ရောင့်ရဲကျေနပ်သွားကြလေ့ရှိသည်ဟု ထရမ့်က ဆိုသည်။
ခရီးတစ်ခုကို လျှောက်လှမ်းသူသည် ပန်းတိုင်အပြင် အပိုခရီး (သို့မဟုတ်) ထပ်ဆောင်းအားထုတ်မှုများ မပြုလုပ်လိုပါက မည်သည့်အခါမျှ အောင်မြင်မှုရလိမ့်မည်မဟုတ်ဟု ထရမ့်က ယတိပြတ်ဆိုသည်။
ထိုသို့သောသူများသည် အလုပ်ဖြစ်ပြီဟူရုံမျှဖြင့် ရောင့်ရဲတတ်ကြခြင်းကြောင့် နိဂုံးရလဒ်မှာ မည်သည့်အခါတွင်မှ ခမ်းနားလိမ့်မည်မဟုတ်ကြောင်းလည်း ထရမ့်က ပြောကြားသည်။

၉။ ကျန်းမာအောင် နေပါ

ဒေါ်နယ်ထရမ့်က အရက်သမားဖြစ်နေသော သူ့အစ်ကိုအကြောင်းကို မကြာခဏပြောဖူးသည်။
သူ၏အစ်ကိုဖြစ်သူ ငယ်ရွယ်စဉ်ကာလက ထရမ့်ကတွေးခဲ့ဖူးသည်မှာ အစ်ကိုဖြစ်သူသည် အလွန်ယောက်ျားပီသလှပြီး ကိုယ်ရည်ကိုယ်သွေး မြင့်မားလှသည်ဟု တွေးခဲ့ဖူးသည်ဟု ဆိုသည်။
သို့ရာတွင် အရက်သမားလုံးလုံးဖြစ်သွားပြီးနောက်ပိုင်း အစ်ကိုဖြစ်သူ၏ ရုပ်ရည်မှာ သူ၏ကျန်းမာရေးနည်းတူ ကျဆင်းသွားခဲ့ရတော့သည်။
အစ်ကိုဖြစ်သူကမူ ထရမ့်ကို မည်သည့်အခါမျှ အရက်မသောက်ရန်၊ ဆေးလိပ်မသောက်ရန် ပြောလေ့ရှိသည်ဟု ဆိုသည်။
ထို့ကြောင့် ထရမ့်သည် အရက်မသောက်သည့်နည်းတူ ဆေးလိပ်၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း လုံးဝမလုပ်ခဲ့။
ထရမ့်က သူ၏သားသမီးများကိုလည်း အရက်သေစာ၊ ဆေးလိပ်နှင့် မူးယစ်ဆေးဝါးများ မသုံးစွဲကြရန် တင်းတင်းကြပ်ကြပ် ကြပ်မတ်ခဲ့သည်။

၁၀။ အခြားသူများကို ကူညီပါ

တစ်ခါက ဒေါ်နယ်ထရမ့်သည် ရုပ်သံအစီအစဉ်တစ်ခုတွင် ပါဝင်နေရင်း အရိုးဆတ်ရောဂါရှိသည့် မိန်းကလေးတစ်ဦးကို ငွေကြေးများ လှူဒါန်းခဲ့ဖူး၏။
နောက်ပိုင်းတွင်လည်း ၎င်း၏မိတ်ဆွေ မော်ရီ ပိုဗစ်ခ်ျထံမှတစ်ဆင့် အဆိုပါ ၁၀ နှစ်အရွယ်ရှိ မိန်းကလေးကို အားပေးခဲ့ပြီး ကျန်းမာရေးစိန်ခေါ်မှုများရှိစေကာမူ အားမလျှော့ဘဲ ဘဝကို ရင်ဆိုင်ရန် အားပေးခဲ့သည်။

(အနှစ်ချုပ်)

အနှစ်ချုပ်အားဖြင့် ဆိုရလျှင် ဒေါ်နယ်ထရမ့်သည် အခြားအောင်မြင်သူများစွာနည်းတူ စိတ်ဓာတ်ပြင်းထန်မှု၊ ဇွဲလုံ့လရှိမှု၊ အလုပ်ကြိုးစားမှု အစရှိသည်တို့သည် အောင်မြင်မှုသို့ ချီတက်ရာတွင် မရှိမဖြစ်လိုအပ်သည့်အရာများအဖြစ် မီးမောင်းထိုးပြသွားခြင်း ဖြစ်လေသည်။
ဒေါ်နယ်ထရမ့်က သူပြောပြသည့်နည်းလမ်း ၁၀ ရပ်အတိုင်း ဘဝတွင်ကြိုးစားပါက အောင်မြင်မှုပန်းတိုင်သည် မလွဲမသွေရောက်ရှိလာမည်ဟု ဆိုသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဆောင်းအေးတယ်။ ရေချိုးရမလား...မချိုးရဘူးလား.....
ဆောင်းအေးတယ်။ ရေချိုးရမလား...မချိုးရဘူးလား.....
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
တရားမှုနှင့် စပ်လျဉ်း၍ တင်ပြရန် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမှုနှင့် စပ်လျဉ်း၍ တင်ပြရန် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Los Angeles တောမီးလောင်မှုကြောင့် ပျက်စီးသွားသော နှစ် ၄၀ ကျော်စုစည်းထားသော ယုန်နှင့်ဆက်စပ်အမှတ်တရပစ္စည်းများ ပြသရာ The Bunny Museum ယုန်ပြတိုက်...
Los Angeles တောမီးလောင်မှုကြောင့် ပျက်စီးသွားသော နှစ် ၄၀ ကျော်စုစည်းထားသော ယုန်နှင့်ဆက်စပ်အမှတ်တရပစ္စည်းများ ပြသရာ The Bunny Museum ယုန်ပြတိုက်...
ကိတ္တိမသားသမီးမွေးစားခြင်း တရားဝင်ဆောင်ရွက်ရာတွင် သိရှိထားသင့်သည့်အချက်များ
ကိတ္တိမသားသမီးမွေးစားခြင်း တရားဝင်ဆောင်ရွက်ရာတွင် သိရှိထားသင့်သည့်အချက်များ
ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း
ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း
မဟာနန္ဒိယ၏ ဆန်းကြယ်သော ဖူးစာရှင် (သို့) ချစ်သူနှင့် တွေ့ခွင့်ရရန် အိန္ဒိယမှ ဥရောပအထိ စက်ဘီးနင်းကာ သွားရောက်ခဲ့သော အိန္ဒိယ ပန်းချီဆရာ...
မဟာနန္ဒိယ၏ ဆန်းကြယ်သော ဖူးစာရှင် (သို့) ချစ်သူနှင့် တွေ့ခွင့်ရရန် အိန္ဒိယမှ ဥရောပအထိ စက်ဘီးနင်းကာ သွားရောက်ခဲ့သော အိန္ဒိယ ပန်းချီဆရာ...
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရွာသားများ၏ ကျေးဇူးကို တုံ့ပြန်သောအားဖြင့် နှစ်သစ်ကူးလက်ဆောင် အဖြစ် တစ်ဦးလျှင် ဒေါ်လာ ၁၄၀၀ စီအပြင် စားသောက်ကုန်၊ အဝတ်အထည်နှင့် အိမ...

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

CarsDB
The Crest

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service