ဂရန်မူရင်းကို ကန်ထရိုက်တာဆီ လွှဲဖို့မလို

ဂရန်မူရင်းကို ကန်ထရိုက်တာဆီ လွှဲဖို့မလို - Property Knowledge in Myanmar from iMyanmarHouse.com
20 Oct 2017 12:22 pm တွင် တင်ခဲ့သည်
1813 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

အကျိုးတူကန်ထရိုက်တိုက်တွေ ဆောက်လုပ်တဲ့အခါမှာ ဂရန်မူရင်းကို မြေပိုင်ရှင်က ကန်ထရိုက်တာဆီ လွှဲအပ်ထားဖို့ မလိုအပ်တာကို မြေပိုင်ရှင်တွေ အနေနဲ့ သိထားသင့်တယ်။

မြေပိုင်ရှင်တွေက သေချာမသိဘဲ ဂရန်မူရင်းကို ကိုယ်စားလှယ်လွှဲစာတွေနဲ့ လွှဲအပ်ကြသူတွေ ရှိပါတယ်။ အဲသည်လိုကြောင့် တချို့မြေပိုင်ရှင်တွေမသိအောင် ဂရန်ကိုပေါင်ထားခံရတဲ့ အဖြစ်တွေရှိတယ်လို့ သိရပါတယ်။

စီးပွားရေးနှင့် ဥပဒေလမ်းညွှန် ဦးသန်းဦးက "ကမ်းနားလမ်းဘက်မှာဆို ကန်ထရိုက်တာက လွှဲပေးထားတဲ့ဂရန်ကို ပေါင်ပြီးပြေးတာ၊ အိမ်ရှင်ကမသိလိုက်ဘူး၊ နောက်မှ သိလို့တရားစွဲထားတယ်၊ တော်တော်များများက လွယ်လွယ်ကူကူနဲ့ လွှဲပေးလိုက်ကြတယ်၊ ဂရန်တွေပေါင်ထားပြီးမှ ပြန်မရွေးနိုင်ဘဲ တရားစွဲကြရော"လို့ ရှင်းပြပါတယ်။

အကျိုးတူလုပ်မယ်ဆိုရင် မြေပိုင်ရှင်က ကန်ထရိုက်တာကို လွှဲအပ်ရင်ဘာအတွက် ကိုယ်စားလှယ်လွှဲတာပါ ဆိုတာကို တိတိကျကျ ဥပဒေနားလည်သူနဲ့ လုပ်သင့်တယ်လို့ ဆိုပါတယ်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အအုံ)က သည်လိုပြသနာတွေ မဖြစ်အောင် ဂရန်မူရင်းကို ကန်ထရိုက်တာဆီမှာ အပ်နှံထားဖို့ မလိုအပ်ကြောင်း ထုတ်ပြန်ကြေငြာထားပါတယ်။

ဂရန်မူရင်းကို အဆောက်အအုံ ဆောက်လုပ်ခွင့်တွေ ခွင့်ပြုပေးဖို့ ဌာနကစိစစ်ရာမှာ ပိုင်ဆိုင်မှု အထောက်အထားအဖြစ် တစ်ကြိမ်ပဲ တိုက်ဆိုင်စစ်ဆေးတာလို့ သိရပါတယ်။ စစ်ဆေးပြီးတာနဲ့ ဂရန်မူရင်းကို မြေရှင်ကသာ ပြန်သိမ်းထားရမှာ ဖြစ်တယ်။ ကန်ထရိုက်တာတွေကို ဂရန်မူရင်းတွေ အပ်ဖို့ ဌာနအနေနဲ့ ညွှန်ကြားထားတာမရှိဘူးလို့ ကြေညာထားပါတယ်။

ဒါပေမယ့် တချို့မြေပိုင်ရှင်တွေက သေချာမသိဘဲ ကန်ထရိုက်တာတွေ ပြောသမျှအတိုင်း လုပ်ဆောင်ပြီး ကိုယ်စားလှယ်လွှဲစာတွေနဲ့ အလွယ်တကူ လွှဲပေးထားကြပါတယ်။ ဂရန်မူရင်းကို အပ်နှံထားတဲ့အတွက် မလိုလားအပ်တဲ့ ပြသနာတွေ ဖြစ်လာနိုင်တာကြောင့် မြေပိုင်ရှင်တွေအနေနဲ့ သတိပြုသင့်ပါတယ်။

သေချာစိစစ်ပါ

အကျိုးတူဆောက်လုပ်တော့မယ်ဆိုရင် ကိုယ်နဲ့ အကျိုးတူလုပ်မယ့် ကန်ထရိုက်တာက လိုင်စင်ရသလား၊ စိတ်ချယုံကြည်ရရဲ့လား စိစစ်သင့်ပါတယ်။ လုပ်ငန်းခွင်စတဲ့ အခါမှာလည်း တရားဝင်ခွင့်ပြုချက် ကျပြီလားဆိုတာတွေကို သိထားသင့်ပါတယ်။ တချို့က ပြောင်းရွှေ့စရိတ် များများပေးတာနဲ့ အကုန်လုံးကို မစိစစ်တော့ဘဲ လွယ်လွယ်ကူကူ ခွင့်ပြုတာတွေကြောင့် မြေပိုင်ရှင်နဲ့ ၀ယ်သူတွေ နစ်နာမှုတွေ ရှိနေတာလို့ သိရပါတယ်။

ဆောက်လုပ်ရေးနှင့် ပတ်သက်ပြီး လိုင်စင်ရှိတဲ့ပ ကန်ထရိုက်တာက (၁၀၀၀) ကျော် ရှိတယ်လို့သိရပါတယ်။ လိုင်စင်ရှိကန်ထရိုက်တာနဲ့ အဆောက်အအုံ ဆောက်လို့ပြသနာဖြစ်ရင် ဖြေရှင်းရလွယ်ပေမယ့် လိုင်စင်မရှိတဲ့ သူတွေနဲ့ ဆောက်တဲ့ ပြသနာဆိုရင် ဖြေရှင်းရတာခက်ခဲတယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အအုံ)က သိရပါတယ်။

ဦးတင်သန်းဦးက"ဖြေရှင်းပေးနိုင်တဲ့ ဥပဒေလိုအပ်နေတာ၊ ကြိုပွိုင့်နဲ့ ၀ယ်မိလို့ အလိမ်ခံရရင် ၀ယ်သူကဘယ်လိုလုပ်ရမယ်၊ ဘယ်သူ့ကို တရားစွဲရမလဲ မသိတာ၊ မြေပိုင်ရှင်ကလဲ ကန်ထရိုက်တာ ကဆောက်လက်စနဲ့ထားပြီး ပြေးသွားရင်၊ လိမ်သွားရင် ဘယ်လိုနည်းလမ်းမျိုးနဲ့ လုပ်ဆောင်လို့ ရတာမျိုး အတိအကျမရှိဘူး"လို့ ပြောပါတယ်။

အဆောက်အအုံဆောက်လုပ်ရာမှာ အလွယ်တကူနဲ့ ကိုယ်စားလှယ်လွှဲစာ ပေးပြီး အပ်နှံတာတွေကြောင့် အလွဲသုံးစား လုပ်ခံရတာ၊ လိမ်လည်ခံရတာတွေ ဖြစ်နေကြတယ်လို့ သိရပါတယ်။

Credit: The Kumudra

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဆောင်းအေးတယ်။ ရေချိုးရမလား...မချိုးရဘူးလား.....
ဆောင်းအေးတယ်။ ရေချိုးရမလား...မချိုးရဘူးလား.....
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
တရားမှုနှင့် စပ်လျဉ်း၍ တင်ပြရန် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမှုနှင့် စပ်လျဉ်း၍ တင်ပြရန် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Los Angeles တောမီးလောင်မှုကြောင့် ပျက်စီးသွားသော နှစ် ၄၀ ကျော်စုစည်းထားသော ယုန်နှင့်ဆက်စပ်အမှတ်တရပစ္စည်းများ ပြသရာ The Bunny Museum ယုန်ပြတိုက်...
Los Angeles တောမီးလောင်မှုကြောင့် ပျက်စီးသွားသော နှစ် ၄၀ ကျော်စုစည်းထားသော ယုန်နှင့်ဆက်စပ်အမှတ်တရပစ္စည်းများ ပြသရာ The Bunny Museum ယုန်ပြတိုက်...
ကိတ္တိမသားသမီးမွေးစားခြင်း တရားဝင်ဆောင်ရွက်ရာတွင် သိရှိထားသင့်သည့်အချက်များ
ကိတ္တိမသားသမီးမွေးစားခြင်း တရားဝင်ဆောင်ရွက်ရာတွင် သိရှိထားသင့်သည့်အချက်များ
ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း
ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း
မဟာနန္ဒိယ၏ ဆန်းကြယ်သော ဖူးစာရှင် (သို့) ချစ်သူနှင့် တွေ့ခွင့်ရရန် အိန္ဒိယမှ ဥရောပအထိ စက်ဘီးနင်းကာ သွားရောက်ခဲ့သော အိန္ဒိယ ပန်းချီဆရာ...
မဟာနန္ဒိယ၏ ဆန်းကြယ်သော ဖူးစာရှင် (သို့) ချစ်သူနှင့် တွေ့ခွင့်ရရန် အိန္ဒိယမှ ဥရောပအထိ စက်ဘီးနင်းကာ သွားရောက်ခဲ့သော အိန္ဒိယ ပန်းချီဆရာ...
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရွာသားများ၏ ကျေးဇူးကို တုံ့ပြန်သောအားဖြင့် နှစ်သစ်ကူးလက်ဆောင် အဖြစ် တစ်ဦးလျှင် ဒေါ်လာ ၁၄၀၀ စီအပြင် စားသောက်ကုန်၊ အဝတ်အထည်နှင့် အိမ...

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service