လယ်ယာမြေကို ၀ယ်၍ နေထိုင်ကြမည်ဆိုလျှင်

လယ်ယာမြေကို ၀ယ်၍ နေထိုင်ကြမည်ဆိုလျှင် - Property Knowledge in Myanmar from iMyanmarHouse.com
12 Oct 2017 12:31 pm တွင် တင်ခဲ့သည်
2897 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

''အကွက်ရိုက်ထားတဲ့ လယ်ယာမြေကို ဝယ်ရင် တရားဝင် ပိုင်ဆိုင်ခွင့်ရပါသလား''

မိတ်ဆွေတစ်ဦးက စာရေးသူထံ လာရောက် ဆွေးနွေးခြင်းဖြစ်သည်။

''အရောင်းအဝယ်ကတော့ လုပ်နေကြတာပဲ။ အချို့ငွေကြေးရှိသူ တွေက ရင်းနှီးမြှုပ်နှံထားကြတာတွေလည်းရှိတယ်။ သွားကြည့်ရင် လယ် ကွင်းပြင်မြေကွက်အဖြစ်ပဲ တွေ့ကြရတယ်။ အချို့မြေကွက်တွေဆိုရင် ရေတွေဝပ်နေတာတွေလည်း ရှိတယ်''

''အခု မြေကွက်တွေကတော့ ခြံစည်းရိုး ကာထားတာတွေ့ရတယ်''

''သူငယ်ချင်းက ဝယ်မယ်စိတ်ကူးလို့လား''

''နောက်ပိုင်း လူနေထိုင်ခွင့်အတွက် လျှောက်ထားရင်ရတယ်လို့ပြောတယ်။ လူနေရပ်ကွက်ဖြစ်လာ ရင်တော့ အဆင်ပြေမလားလို့''

''လူနေထိုင်ခွင့်ရဖို့အတွက် အဆင့်ဆင့်ရှိတယ်။ အချိန်တော့ စောင့်ရမယ်''

''အဲဒီ အဆင့်ဆင့် ဆောင်ရွက်ပုံကို နားလည်ထားချင်လို့ သူငယ်ချင်းဆီ ရောက်လာတာ''

''လယ်ယာမြေ ဥပဒေက ၂ဝ၁၂ ခုနှစ်မှာ ပြဋ္ဌာန်းခဲ့တယ်။ လယ်ယာမြေဆိုတာ လယ်မြေ၊ ယာမြေ၊ ကိုင်း ကျွန်းမြေ၊ ဥယျာဉ်ခြံမြေ၊ မြေနုကျွန်း မြေများပါဝင်တယ်လို့ ဥပဒေမှာ အဓိပ္ပာယ်ဖွင့်ဆိုထားတယ်။ အဲဒီမှာ လယ်မြေဆိုတာက စိုက်ပျိုးရေးယူပြီး စပါးသီးနှံ အဓိက စိုက်ပျိုးမြေလို့ သီခြားအဓိပ္ပာယ်ဖွင့်ဆိုထားတယ်''

''လယ်ယာမြေဥပဒေအရ လွှဲပြောင်းရောင်းချခွင့်ရှိတယ် မဟုတ်လား''

''လယ်ယာမြေ ဥပဒေပုဒ်မ-၉မှာ လယ်ယာမြေလုပ်ပိုင်ခွင့်ရသူသည် လယ်ယာမြေလုပ်ပိုင်ခွင့်ကို လယ်ယာမြေအားလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ လွှဲပြောင်းရောင်းချ၊ ပေါင်နှံ၊ ငှားရမ်းခွင့်ရှိတယ်လို့ ပြဋ္ဌာန်းထားတယ်။ အဓိကအချက် ကတော့ လယ်ယာမြေလုပ်ပိုင်ခွင့်ကို လွှဲပြောင်းရောင်းချတာပဲဖြစ်တယ်''

''လယ်ယာမြေ လုပ်ပိုင်ခွင့်ကို လွှဲပြောင်း၊ ရောင်းချတယ်ဆိုတော့ ဘယ်လို စာရွက်စာတမ်း အထောက်အထားကို ရယူဖို့လိုပါသလဲ''

''သက်ဆိုင်ရာက လယ်ယာမြေ လုပ်ပိုင်ခွင့် လက်မှတ် ပုံစံ (၇) ကို ထုတ်ပေးထားတယ်။ ပုစံ (၇) လယ် ယာမြေလုပ်ပိုင်ခွင့် လက်မှတ်နဲ့အတူ တွဲပြီး မြေစာရင်းပုံစံ (၁ဝ၅) လို့ ခေါ် တဲ့ မြေပုံမြေရာဇဝင် စာရွက်လည်း ပါရှိရမှာဖြစ်ပါတယ်''

''ဒါဆိုရင် လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ်ပုံစံ (၇) နဲ့ မြေကွက် မြေပုံပါရှိတဲ့ ပုံစံ (၁ဝ၅) ရှိမရှိ စုံစမ်း ရမှာပေါ့''

''မှန်ပါတယ်။ မြေစာရင်းပုံစံ (၁ဝ၅) မှာလည်း နှစ်မျိုးထုတ်ပေးထားတာရှိတယ်။ အဖြူရောင် စာရွက်ပေါ်မှာ မြေပုံဆွဲထားတဲ့ စာရွက်စာတမ်းနဲ့ အပြာရောင်စာရွက်ဆိုဒ် အရှည်နဲ့ ထုတ်ပေးထားတဲ့ စာရွက်စာတမ်းဖြစ်တယ်။ ပုံစံ ၁ဝ၅ အပြာ ရောင်မြေပုံ စာရွက်စာတမ်းကတော့ ဘဏ်ချေးငွေ ထုတ်ယူရန်အတွက် လျှောက်ထားရယူထားတဲ့ စာရွက် စာတမ်းဖြစ်တယ်''

''ပုံစံ (၇) နဲ့ ပုံစံ ၁ဝ၅ ရှိရင် တရားဝင် လွှဲပြောင်းရောင်းချနိုင်ပြီ ပေါ့''

''လယ်ယာမြေ ဥပဒေအရတော့ လယ်ယာမြေလုပ်ပိုင်ခွင့်ရာရှိသူသည် လယ်ယာမြေ လုပ်ပိုင်ခွင့်ကို လွှဲပြောင်းရောင်းချမယ်ဆိုရင် သက်ဆိုင်ရာ မြို့နယ်ဦးစီးဌာနရုံးမှာ မှတ်ပုံတင် စာချုပ်စာတမ်းချုပ်ဆိုဆောင်ရွက်ရမယ်လို့ ပြဋ္ဌာန်းထားပါတယ်''

''ဒါဆိုရင် သက်ဆိုင်ရာ မြေ စာရင်းဦးစီးဌာနမှာ စုံစမ်းရယူနိုင်တယ်ပေါ့''

''ဟုတ်ပါတယ်။ လုပ်ပိုင်ခွင့်ပုံစံ (၇) ထုတ်ပေးထားခြင်းရှိမရှိ၊ ပုံစံ ၁ဝ၅ မြေပုံမြေရာဇဝင်ပါမပါတို့ကို စိစစ်ကြည့်ရှုပြီးမှ ဝယ်သင့်ပါတယ်''

''အချို့က ပြောတော့ လယ်ယာ မြေတွေကို လူနေခွင့်ရဖို့ လျှောက်ထားရယူနိုင်တယ်လို့ ပြောတယ်။ အဲဒါက ဘာဆိုလိုတာလဲ''

''အစောက ပြောသလို လယ်ယာမြေကို လွှဲပြောင်းရောင်းချတယ်ဆိုတာ လယ်ယာမြေပေါ်မှာ စိုက်ပျိုး လုပ်ကိုင်ခွင့်၊ လွှဲပြောင်းရောင်းချတာ ဖြစ်တယ်။ ဒါကြောင့် အဲဒီ လယ်ယာမြေပေါ်မှာ လူနေထိုင်ခွင့်မရသေးဘူး။ စိုက်ပျိုးလုပ်ကိုင်ခွင့်သာရရှိတာ ဖြစ်တယ်''

''ဒါဆိုလူနေရပ်ကွက်ဖြစ်ဖို့ ခက် ခဲမှာပေါ့''

''အချို့ကလည်း ရောင်းချလွှဲပြောင်းတဲ့ လယ်ယာမြေတွေဟာ လူနေရပ်ကွက်နဲ့ နီးစပ်တဲ့ နေရာဖြစ်ရင်တော့ အနှေးနဲ့အမြန် လူနေရပ်ကွက် ဖြစ်လာမှာပဲဆိုတဲ့ စိတ်ကူးနဲ့ ဝယ်ကြတာရှိတယ်''

''လူနေရပ်ကွက်ဖြစ်ဖို့ ဘယ်လို ဆောင်ရွက်ရပါသလဲ''

''စပါးသီးနှံကိုသာ စိုက်ပျိုးတဲ့ 'လယ်မြေ'ဆိုရင်တော့ လယ်ယာမြေ ဥပဒေပုဒ်မ ၃ဝ (က) အရ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လယ် ယာမြေစီမံခန့်ခွဲမှု အဖွဲ့ရဲ့ စိစစ် ထောက်ခံချက်နဲ့ ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ထံ တင်ပြခွင့်ပြုချက် ရယူရမှာဖြစ်ပါတယ်။ အဲဒီလို လျှောက်ထားချက်ပုံစံကို ပုံစံ ၃ဝ (က) လို့ အလွယ်တကူ ပြောနေကြတာ ဖြစ်တယ်''

''ပုစံ ၃ဝ(ခ) ဆိုတာလည်းပြောတယ်။ အဲဒါက ဘယ်လို အမျိုးအစားလဲ''

''ပုံစံ ၃ဝ(ခ) ဆိုတာက စပါးသီးနှံ တစ်မျိုးကိုသာ စိုက်ပျိုးတဲ့ လယ်မြေ မဟုတ်ဘဲ ကျန်လယ်ယာမြေတွေကို အခြားနည်း အသုံးပြုဖို့ လျှောက်ထားရာမှာ ပုံစံ ၃ဝ (ခ) အရ လျှောက်ထားရတယ်။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့ရဲ့ စိစစ်ထောက်ခံချက်နဲ့ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့ထံ တင်ပြခွင့်ပြုချက်ရယူရမှာဖြစ်တယ်''

''သက်ဆိုင်ရာ အဖွဲ့အစည်းက ထုတ်ပေးတဲ့ အခြားနည်း အသုံးပြုခွင့် လက်မှတ်ကို ပုံစံဘယ်လောက်လို့ ခေါ်ပါသလဲ''

''ပုံစံ ၃ဝ (က) အရ စပါးသီးနှံ စိုက်ပျိုးတဲ့ လယ်မြေပေါ်မှာ အခြားနည်းအသုံးပြုခွင့် လက်မှတ်ကို ပုံစံ ၁၅ (က)လို့ ခေါ်ကြပြီး ကျန်လယ် မြေပေါ်မှာ အခြားနည်း အသုံးပြုခွင့် လက်မှတ်ကို ပုံစံ ၁၅ (ခ) လို့ ခေါ်ကြ တယ်''

''အဲဒီ ပုံစံ ၁၅(က)၊ ပုံစံ ၁၅(ခ) ဖြစ်တဲ့ အခြားနည်းအသုံးပြုခွင့် လက်မှတ်ရရင် လယ်မြေပေါ်မှာ အိမ်ဆောက်နေထိုင်နိုင်ပြီပေါ့''

''မှန်ပါတယ်။ ဒါကြောင့် လယ်ယာမြေကို ဝယ်တဲ့အခါ သေချာစိစစ် ဝယ်ယူဖို့လိုပါတယ်''

''အကွက်ရိုက်ခြံစည်းရိုးခတ်ထားရုံနဲ့ လယ်ယာမြေခွဲစိတ်ထားပြီးလို့ ယူဆမရဘူးပေါ့''

''ဟုတ်ပါတယ်။ ဝယ်ရောင်း အကျိုးဆောင်ပွဲစားများနဲ့ ဆောင်ရွက်တဲ့အခါ လယ်ယာမြေပုံစံ (၇)နဲ့ အတူပုံစံ (၁ဝ၅) မြေပုံမြေရာဇဝင်ပါ ရှိခြင်းရှိမရှိ စိစစ်ဝယ်ယူသင့်တယ် သူငယ်ချင်း''ဟု အကြံပြုဆွေးနွေး လိုက်ပါသည်။

Credit: ထီယု (ဥပဒေအတိုင်ပင်ခံ)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဆောင်းအေးတယ်။ ရေချိုးရမလား...မချိုးရဘူးလား.....
ဆောင်းအေးတယ်။ ရေချိုးရမလား...မချိုးရဘူးလား.....
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
တရားမှုနှင့် စပ်လျဉ်း၍ တင်ပြရန် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမှုနှင့် စပ်လျဉ်း၍ တင်ပြရန် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Los Angeles တောမီးလောင်မှုကြောင့် ပျက်စီးသွားသော နှစ် ၄၀ ကျော်စုစည်းထားသော ယုန်နှင့်ဆက်စပ်အမှတ်တရပစ္စည်းများ ပြသရာ The Bunny Museum ယုန်ပြတိုက်...
Los Angeles တောမီးလောင်မှုကြောင့် ပျက်စီးသွားသော နှစ် ၄၀ ကျော်စုစည်းထားသော ယုန်နှင့်ဆက်စပ်အမှတ်တရပစ္စည်းများ ပြသရာ The Bunny Museum ယုန်ပြတိုက်...
ကိတ္တိမသားသမီးမွေးစားခြင်း တရားဝင်ဆောင်ရွက်ရာတွင် သိရှိထားသင့်သည့်အချက်များ
ကိတ္တိမသားသမီးမွေးစားခြင်း တရားဝင်ဆောင်ရွက်ရာတွင် သိရှိထားသင့်သည့်အချက်များ
ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း
ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း
မဟာနန္ဒိယ၏ ဆန်းကြယ်သော ဖူးစာရှင် (သို့) ချစ်သူနှင့် တွေ့ခွင့်ရရန် အိန္ဒိယမှ ဥရောပအထိ စက်ဘီးနင်းကာ သွားရောက်ခဲ့သော အိန္ဒိယ ပန်းချီဆရာ...
မဟာနန္ဒိယ၏ ဆန်းကြယ်သော ဖူးစာရှင် (သို့) ချစ်သူနှင့် တွေ့ခွင့်ရရန် အိန္ဒိယမှ ဥရောပအထိ စက်ဘီးနင်းကာ သွားရောက်ခဲ့သော အိန္ဒိယ ပန်းချီဆရာ...
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရွာသားများ၏ ကျေးဇူးကို တုံ့ပြန်သောအားဖြင့် နှစ်သစ်ကူးလက်ဆောင် အဖြစ် တစ်ဦးလျှင် ဒေါ်လာ ၁၄၀၀ စီအပြင် စားသောက်ကုန်၊ အဝတ်အထည်နှင့် အိမ...

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Car Expo and Networking
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service