စပေါ်ငွေဖြင့် တိုက်ခန်းဌားရမ်းခြင်းစာချုပ် နမူနာပုံစံ

စပေါ်ငွေဖြင့် တိုက်ခန်းဌားရမ်းခြင်းစာချုပ် နမူနာပုံစံ - Property Knowledge in Myanmar from iMyanmarHouse.com
2 Oct 2017 12:58 pm တွင် တင်ခဲ့သည်
3074 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

စပေါ်ငွေဖြင့် တိုက်ခန်းဌားရမ်းခြင်း နှစ်ဦးသဘောတူကတိစာချုပ်

၂၀၁၀ ခုနှစ် ၊ ……… လ ၊ (…….) ရက်နေ.တွင် အောက်ပါအမည်ပါသူတို.သည် ဤတိုက်ခန်းစပေါ်ဖြင့် ဌားရမ်းခြင်းကတိစာချုပ်တစ်ရပ်ကို ရန်ကုန်မြို.၌ ပြုလုပ်ချုပ်ဆိုကြပါသည်။

အိမ်ရှင် ။ ။ အမည် ……….. ( မှတ်ပုံတင် ………………)
အမှတ် ( ……. ) ၊ ………… လမ်း ၊ ………………. ရပ်ကွက်၊ …………. မြို.နယ်၊ ရန်ကုန်မြို.။

အိမ်ဌား ။ ။ အမည် ……….. ( မှတ်ပုံတင် ………………)
အမှတ် ( ……. ) ၊ ………… လမ်း ၊ ………………. ရပ်ကွက်၊ …………. မြို.နယ်၊ ရန်ကုန်မြို.။

(အထက်အမည်ပါ အိမ်ရှင်နှင့် အိမ်ဌားဟုဆိုရာ၌ ထိုစကားရပ်၏အဓိပ္ဗယ်တွင် ၎င်းတို.အသီးသီးကိုယ်တိုင်အပြင် ၎င်းတို.၏ အမွေခံများ၊ တရားဝင်ကိုယ်စားလှယ်များနှင့် လွှဲပြောင်းခြင်းခံရသူ အားလုံးပါဝင်သည်ဟု မှတ်ယူကြပါသည်။)

၁။ အထက်အမည်ပါ အိမ်ရှင်နှင့်အိမ်ဌားတို.သည် အိမ်ရှင်ဥပဒေနှင့်အညီ တရားဝင်ပိုင်ဆိုင်ပြီး ဌားရမ်းပိုင်ခွင့်ရှိသည့် အောက်အညွှန်းဇယားတွင် တိကျစွာ ဖော်ပြထားသည့် အခန်းအား စပေါ်ငွေကျပ် ၂၅၀၀၀၀၀ိ/- (ကျပ် နှစ်ဆယ့်ငါးသိန်းတိတိ)၊ အိမ်လခ ၃၀၀၀၀ိ/- (ကျပ်သုံးသောင်းတိတိ) ဖြင့် အထက်အမည်ပါ အိမ်ဌားအား အောက်ပါစည်းကမ်းချက်များနှင့်အညီ ဌားရမ်းရန် နှစ်ဥိးသဘောတူညီကြပါသည်။

အခန်းဌားရမ်းခြင်း စည်းကမ်းချက်များ

(၁) ဌားရမ်းသည့်အိမ်ခန်းကို တစ်လလျှင် အိမ်လခ ငွေကျပ် ၃၀၀၀၀ိ/- (ကျပ်သုံးသောင်းတိတိ) ဖြင့် (၃.၁၂.၂၀၁၀) မှ (၂.၁၂.၂၀၁၁) ထိ (၁၂)လ တိတိဌားရမ်းပါသည်။
(၂) နေအိမ်ခန်းကို အခြားသူတစ်ဦးဦးအားထပ်ဆင့်ဌားရမ်းခွင့်မရှိပါ။ လူဦးရေ (၆)ဦးသာ နေထိုင်ခွင့်ပြုသည်။
(၃) အိမ်ဌားအား မိသာစုနေထိုင်ရန်အလို.ဌာ ဌားရမ်းပါသည်။
(၄) အိမ်ဌားသည် အိမ်ရှင်၏ ခွင့်ပြုချက်မဘဲ နေအိမ်အား ပြင်ဆင်ခြင်း၊ တိုးချဲ.ခြင်း၊ တစ်ဆင့်ဌားရမ်းခြင်း မပြုလုပ်ရပါ။
(၅) အိမ်ဌားမှ ဥပဒေနှင့်မညီသောကိစ္စများ မပြုလုပ်ပါဟု ဝန်ခံကတိပြုပါသည်။
(၆) ဌားရမ်းသည့်နေအိမ်ခန်းအား အိမ်ဌားဖြစ်သူမှ ၎င်း၏စရိတ်ဖြင့်သာ
ပြုပြင်ခြင်း၊ ဆေးသုတ်ခြင်း
ပြုလုပ်နိုင်ပြီး နေအိမ်ခန်းမှ ဖယ်ရှားသည့်အခါတွင် မိမိပြင်ဆင်ထားသည့်ပစ္စည်းများအား ပြန်လည်၍ယူဆောင်ရန် အိမ်ရှင်မှ သဘောတူညီပါသည်။
(၇) ဌားရမ်းသည့်ကာလ စေ့ရောက်၍ အိမ်ဌားဖယ်ရှားသည့်အခါ ၎င်းတင်ထားသည့် စပေါ်ငွေကျပ် ၂၅၀၀၀၀၀ိ/- (ကျပ် နှစ်ဆယ့်ငါးသိန်းတိတိ)ကို အိမ်ရှင်မှ ပြန်အမ်းရန်။ ဌားရမ်းခကို စပေါ်ငွေမှ ခုနှိမ်ခြင်းမပြုရပါ။
(၈) အိမ်ဌားမှ ဌားရမ်းသည့်ကာလအတွင်း မိမိသုံးစွဲ.သည့် လျှပ်စစ်မီတာခများ၊ ရေခွန်တို.ကို ပေးဆောင်ရန် သဘောတူညီပါသည်။
(၉ ) အိမ်ဌား၏ ပေါ့ဆမှုကြောင့် ဌားရမ်းသည့်နေအိမ်အိမ်ခန်း၊ ရေပိုက်၊ လျှပ်စစ်ပစ္စည်းများ ပျက်စီးပါက တန်ဖိုးကိုပေးလျှော်ခြင်း (သို.) ပြန်လည်ပြုလုပ်ပေးရန်
(၁၀) အိမ်ရှင်မှ ဌားရမ်းထားသည့် ဖော်ပြပါအိမ်ခန်းအတွင်းသို. ဝင်ရောက်စစ်ဆေးလိုပါက အိမ်ဌားမှနံနက် ၆ နာရီမှ ည ၆ နာရီအတွင်း ခွင့်ပြုရန်။
(၁၁) အိမ်ဌား၏ ဥပဒေနှင့်မညီညွတ်သော လုပ်ဆောင်မှုကြောင့် အိမ်ရှင်၌ နစ်နာဆုံးရှုံးမှု ပေါ်ပေါက်က ပြန်လည်၍ ပေးလျှော်ပါမည်ဟု အိမ်ဌားမှ သဘောတူဝန်ခံကတိပြုပါသည်။
(၁၂) အိမ်ဌားမှ ဆက်လက်မနေလို၍သော်လည်းကောင်း၊ အိမ်ရှင်မှ ဆက်လက်၍ မဌားရမ်းလို၍သော်လည်းကောင်း၊ တစ်ဦးကိုတစ်ဦး ဌားရမ်းကာလ မစေ့ရောက်မီ (၁)လကြိုတင်၍ အသိပေး အကြောင်းကြားရန်။
ဌားရမ်းကာလ စေ့ရောက်သည့်နေတွင် အိမ်ရှင်အိမ်ဌား ဆက်နွယ်မှုမရှိတော့ကြောင်း အသီးသီးမှတ်ယူပါသည်။
(၁၃) အိမ်ရှင်နှင့် အိမ်ဌားတို.သည် ဖေါ်ပြပါ နေအိမ်ခန်းအား ဆက်လက်၍ ဌားရမ်းလိုပါက နှစ်ဦးညှိနှိုင်း၍ စာချုပ်အသစ် ထပ်မံချုပ်ဆိုရမည် ဖြစ်ပါသည်။
(၁၄) အိမ်ဌားသည် ဌားရမ်းကာလ စေ့ရောက်သည့် (၂.၁၂.၂၀၁၁) နေ.ရက်မှ နောက်ဆုံးထား၍ ဖော်ပြပါနေအိမ်ခန်းအား အိမ်ရှင်သို. အေးချမ်းသာယာစွာဖြင့် စနစ်တကျ ပြန်လည်လွှဲပြောင်းပေးအပ်၍ ဖယ်ရှားထွက်ပေးရပါမည်။ အိမ်ရှင်မှ မိမိသော့ဖြင့်ခတ်၍ အခန်းလက်ရောက်ရယူရန် သဘောတူပါသည်။
(၁၅) ဌားရမ်းကာလစေ့ရောက်၍ အိမ်ဌားသည် နေအိမ်ခန်းမှ ဖယ်ရှားသည့်အခါ အပိုငွေကြေးတစ်စုံတစ်ရာ မတောင်းခံပါဟု ဝန်ခံကတိပြုပါသည်။ ကျန်ခဲ့သည့်ပစ္စည်းကို စွန်.ပစ်ပစ္စည်းအဖြစ် မှတ်ယူပါသည်။
(၁၆) အိမ်ဌားမှ ပတ်ဝန်ကျင်အားဆူညံခြင်း၊ နှောက်ယှက်ခြင်းမပြုလုပ်ပါဟု ဝန်ခံကတိပြုပါသည်။ ၎င်းအပြင် အိမ်ဌားစည်းကမ်းချက်နှင့်အညီ နေထိုင်ပါမည်ဟု ဝန်ခံကတိပြုပါသည်။

ဌားရမ်းသည့် တိုက်ခန်းစာရင်းဇယား

ရန်ကုန်မြို.၊ ဗဟန်းမြို.နယ်၊ ဆရာစံမြောက် အနောက်ရပ်ကွက်၊ ဓမ္မပါလလမ်းနှင့် တင့်ဆန်းလမ်းထောင့်၊ အမှတ် (………) ၊ မြေညီထပ်၊ ၊ (၂၀’ x ၄၀’) ပေရှိ ရေမီးစုံ တိုက်ခန်းတစ်ခန်းအပါအဝင် ရေမီးသုံးစွဲခွင့်နှင့် လူနေထိုင်ခွင့်တို.အတွက် ဌားရမ်းပါသည်။

၂။ သို.ဖြစ်ရာ အိမ်ဌားမှ စပေါ်ငွေကျပ် ၂၅၀၀၀၀၀ိ/- (ကျပ်နှစ်ဆယ့်ငါးသိန်းတိတိ)အား ပေးအပ်ရာ အိမ်ရှင်မှ အပြည့်အဝ လက်ခံရရှိပါကြောင်း ဤစာချုပ်ဖြင့် ဝန်ခံပါသည်။

၃။ ထိုနည်းတူ အိမ်ဌားဖြစ်သူမှလည်း မိမိဌားရမ်းသည့် အထက်ဖော်ပြပါ နေအိမ်ခန်းအား နေအိမ်ခန်းအား လွှဲပြောင်းလက်ခံရရှိကြောင်း ဝန်ခံပါသည်။
၎။ အထက်စာချုပ်ပါ စကားရပ်များကို မိမိကိုယ်တိုင် သေချာစွာ ဖတ်ရှု၊ သိရှိ၊ နားလည်းသဘောပေါက်ကြပြီး အောက်ပါအသိသက်သေများ၏ ရှေ.တွင် လက်မှတ်ရေးထိုး ချုပ်ဆိုကြပါသည်။

(…………………..)
အိမ်ရှင်

(…………………)
အိမ်ဌား

အသိသက်သေများ

(၁)အမည် ................
မှတ်ပုံတင် ...............
နေရပ် ...............

(၂)အမည် .................
မှတ်ပုံတင် ................
နေရပ် ................

Credit : U Myint Lwin (Lawyer)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဆောင်းအေးတယ်။ ရေချိုးရမလား...မချိုးရဘူးလား.....
ဆောင်းအေးတယ်။ ရေချိုးရမလား...မချိုးရဘူးလား.....
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
တရားမှုနှင့် စပ်လျဉ်း၍ တင်ပြရန် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမှုနှင့် စပ်လျဉ်း၍ တင်ပြရန် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Los Angeles တောမီးလောင်မှုကြောင့် ပျက်စီးသွားသော နှစ် ၄၀ ကျော်စုစည်းထားသော ယုန်နှင့်ဆက်စပ်အမှတ်တရပစ္စည်းများ ပြသရာ The Bunny Museum ယုန်ပြတိုက်...
Los Angeles တောမီးလောင်မှုကြောင့် ပျက်စီးသွားသော နှစ် ၄၀ ကျော်စုစည်းထားသော ယုန်နှင့်ဆက်စပ်အမှတ်တရပစ္စည်းများ ပြသရာ The Bunny Museum ယုန်ပြတိုက်...
ကိတ္တိမသားသမီးမွေးစားခြင်း တရားဝင်ဆောင်ရွက်ရာတွင် သိရှိထားသင့်သည့်အချက်များ
ကိတ္တိမသားသမီးမွေးစားခြင်း တရားဝင်ဆောင်ရွက်ရာတွင် သိရှိထားသင့်သည့်အချက်များ
ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း
ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း
မဟာနန္ဒိယ၏ ဆန်းကြယ်သော ဖူးစာရှင် (သို့) ချစ်သူနှင့် တွေ့ခွင့်ရရန် အိန္ဒိယမှ ဥရောပအထိ စက်ဘီးနင်းကာ သွားရောက်ခဲ့သော အိန္ဒိယ ပန်းချီဆရာ...
မဟာနန္ဒိယ၏ ဆန်းကြယ်သော ဖူးစာရှင် (သို့) ချစ်သူနှင့် တွေ့ခွင့်ရရန် အိန္ဒိယမှ ဥရောပအထိ စက်ဘီးနင်းကာ သွားရောက်ခဲ့သော အိန္ဒိယ ပန်းချီဆရာ...
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရွာသားများ၏ ကျေးဇူးကို တုံ့ပြန်သောအားဖြင့် နှစ်သစ်ကူးလက်ဆောင် အဖြစ် တစ်ဦးလျှင် ဒေါ်လာ ၁၄၀၀ စီအပြင် စားသောက်ကုန်၊ အဝတ်အထည်နှင့် အိမ...

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service