မေတ္တာဖြင့် ပေးကမ်းထားသည့် မြေနှင့်အိမ်ကို ဝယ်မည်ဆိုလျှင်

မေတ္တာဖြင့် ပေးကမ်းထားသည့် မြေနှင့်အိမ်ကို ဝယ်မည်ဆိုလျှင် - Property Knowledge in Myanmar from iMyanmarHouse.com
28 Sep 2017 12:26 pm တွင် တင်ခဲ့သည်
11266 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

''သူငယ်ချင်း ရောက်နေတာ ကြာပြီ ထင်တယ်''

စာရေးသူ၏ ရုံးခန်းရှေ့၌ သုန်သုန်မှုန်မှုန်မျက်နှာဖြင့် ထိုင်နေသော ငယ်သူငယ်ချင်းအား တောင်းပန်သည့်သဘော ပြောလိုက်ခြင်းဖြစ်သည်။

''အချိန်နာရီဝက်ခန့်တော့ ရှိသွားပြီ။ တရားရုံးဆီတစ်ဆက်တည်း သွားပြီထင်တာ''

''ကဲ-ဆိုပါဦး။ သူငယ်ချင်းကို ကြည့်ရတာ ပြဿနာတစ်ခုခုများရှိ နေသလားလို့''

''ပြဿနာရယ်တော့ မဖြစ်သေးဘူးပေါ့ သူငယ်ချင်း။ ဒါပေမယ့် အ ခက်အခဲတော့ရှိနေတာနဲ့မေးဖို့ ရောက်လာတာပဲ ဆိုပါတော့''

''ဖြစ်စဉ်လေး ပြောပါဦး''

''မြေနဲ့ အိမ်ဝယ်ဖို့သွားကြည့်တယ်။ ဈေးကလည်း သင့်တယ်''

''ဒါနဲ့ - စရန်ငွေပေးလိုက်တယ်ပေါ့''

''အဲဒီလိုဖြစ်သွားတယ်။ ဒါပေမယ့် ကန့်ကွက်သူရှိ မရှိကို သတင်းစာထဲမှာ ထည့်ပြီး ကြေညာလိုက် တယ်''

''ကန့်ကွက်သူရှိလာတယ်ပေါ့''

''ဟုတ်ပါတယ်''

''သူက ဘာအကြောင်းပြချက်နဲ့ ကန့်ကွက်တာလဲ''

''မရောင်းဖို့ ကတိပြုထားတဲ့အတွက် ကန့်ကွက်ကြောင်း ဖော်ပြထားတာပဲ''

''ထူးထူးဆန်းဆန်း မရောင်းဖို့ ကန့်ကွက်တာဖြစ်နေတယ်''

''ဒါကြောင့် ဥပဒေကြောင်းအရ ဘယ်လိုရှိတယ်ဆိုတာ သိချင်လို့ သူ ငယ်ချင်းဆီရောက်လာတာ''

''မြေဂရန် မြေပဲလား''

''ဟုတ်တယ်။ ဂရန်မြေ''

''ဒါဆိုရင် ရောင်းမယ်ဆိုတဲ့ သူက အဲဒီမြေနဲ့အိမ်ကို ဘယ်လိုပိုင် ဆိုင်လာသလဲ။ မေးကြည့်ခဲ့လား''

''ဂရန်အမည်ပြောင်းလျှောက် ထားတယ်လို့ပြောတယ်။ ဒါပေမယ့် ခွင့်ပြုချက်မကျသေးဘူး''

''ဂရန်အမည်ပြောင်းလျှောက် ထားတယ်ဆိုတော့ ဝယ်ထားတဲ့ မြေ နဲ့ အိမ်လား''

''ဝယ်ထားတာမဟုတ်ဘူး။ ဂရန်အမည်ပေါက်က ရောင်းမယ်ဆိုသူရဲ့ မိခင်အမည်နဲ့ ရှိနေတာ''

''ဂရန်အမည်ပေါက်ဖြစ်တဲ့ မိခင်က ကွယ်လွန်သွားပြီလား''

''သက်ရှိထင်ရှားရှိနေလို့ ကန့်ကွက်တာပေါ့''

''မောင်နှမသားချင်းက ကန့်ကွက်တာမဟုတ်ဘဲ သက်ရှိထင်ရှားရှိတဲ့ မိခင်က ကန့်ကွက်တာဆိုတော့ မိခင်နဲ့ အပေးအယူကတိစာချုပ် တစ်ခုခုရှိမယ်ထင်တယ်''

''အပေးစာချုပ်လုပ်ထားတယ် ဆိုလားပဲ''

''စာချုပ်ကို သေချာမကြည့်ခဲ့ဘူးလား။ ရောင်းမယ်ဆိုတဲ့ အိမ်မှာ ဘယ်သူနေသလဲ''

''ရောင်းမယ်ဆိုတဲ့ သမီးဖြစ်သူ မိသားစုနေတာတွေ့တယ်''

''မိခင်ဖြစ်သူက ရောင်းမယ်ဆိုတဲ့ အိမ်မှာ သမီးဖြစ်သူနဲ့အတူမနေ ဘူးလား''

''မနေဘူး။ သားဖြစ်သူနဲ့ အခြား တစ်အိမ်မှာနေတယ်''

''ဒါဆိုရင် မိခင်က ဒီအိမ်နဲ့ မြေကို သမီးဖြစ်သူထံ အပေးစာချုပ်နဲ့ လွှဲပြောင်းပေးကမ်းထားတာဖြစ်မယ်''

''သမီးဖြစ်သူ ပြောတာတော့ မိခင်က ဒီအိမ်နဲ့ မြေကို မှတ်ပုံတင် စာချုပ်ရုံးမှာ မှတ်ပုံတင် အပေး စာချုပ်ချုပ်ဆို လွှဲပြောင်းပေးကမ်းထား တဲ့အတွက် သူပိုင်သွားပြီဖြစ်လို့ ကန့် ကွက်ခွင့်မရှိ၊ ရောင်းပိုင်ခွင့်ရှိတယ်လို့ ပြောတယ်။ အဲဒါဖြစ်နိုင်ပါသလား''

''မြန်မာ့ဓလေ့ထုံးတမ်းဥပဒေ အရတော့ မိဘမှသားသမီး၊ မြေး၊ မြစ် စသူတွေထံ မိမိပိုင် ပစ္စည်းကို မိမိ အသက်ရှင်နေစဉ်ကာလမှာ အပြီးအပိုင် လွှဲပြောင်းပေးကမ်းနိုင်တယ်။ တရားဝင်ဖြစ်ဖို့ စာချုပ်စာတမ်းချုပ် ဆိုဖို့ လိုတယ်''

''သူငယ်ချင်းရဲ့ ပြောစကားအရဆိုရင် အခုကိစ္စမှာ ဥပဒေနဲ့အညီ ပေးကမ်းထားတာပဲ မဟုတ်လား''

''မေတ္တာဖြင့် ပေးကမ်းခြင်း စာချုပ်ကို စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှာ သက်သေနှစ်ဦးနဲ့ လက်မှတ်ရေး ထိုးပြီး မှတ်ပုံတင်ပြုလုပ်ချုပ်ဆိုရမှာ ဖြစ်တယ်။ ဒါမှ - ဥပဒေနဲ့အညီ ပေး ကမ်းခြင်း အထမြောက်မှာဖြစ်တယ်''

''အချို့က ပြောတော့ ပေးကမ်းတဲ့ပစ္စည်းကို လက်ဝယ်ရရှိမထားရင် တရားမဝင်ဘူးဆိုတာ ဟုတ်သလား''

''အခုကိစ္စက ပေးကမ်းခြင်း စာချုပ်က မှတ်ပုံတင်ချုပ်ဆိုထားတဲ့အပြင် ပေးကမ်းတဲ့ မြေနဲ့အိမ်ကို လက်ခံသူသမီးရဲ့ လက်ဝယ်ရှိနေပြီ ဆိုတော့ အငြင်းပွားစရာ မရှိပါဘူး''

''ဒါဆိုရင် မရောင်းဖို့ ကတိပြုထားတဲ့အတွက် ရောင်းခွင့်မရှိ ကန့်ကွက်တယ်ဆိုတဲ့ ကိစ္စက ဘယ်လို ဖြစ်နိုင်သလဲ''

''မေတ္တာနဲ့ ပေးကမ်းခြင်းမှာ ထူးခြားချက်က တားမြစ်ချက်၊ ကန့်သတ်ချက်တွေ ထည့်သွင်းချုပ်ဆိုနိုင်တဲ့ သဘောပဲဖြစ်တယ်'

''ဒါဆိုရင် ပေးကမ်းသူက မကျေနပ်ရင် ပြန်လည်ရုပ်သိမ်းပယ်ဖျက်နိုင်တဲ့ သဘောပေါ့။ ဟုတ်လား''

''ဒီလိုတော့ မဟုတ်ဘူး။ ပေးကမ်းသူတစ်ဦးတည်း၏ သဘော သက်သက်အရ မေတ္တာဖြင့် ပေးကမ်းခြင်းကို မပယ်ဖျက်နိုင်ဖို့ ဥပဒေက သတ်မှတ်ပြဋ္ဌာန်းထားပါတယ်။ ရှင်းအောင် ပြောရမယ်ဆိုရင် တရားရုံး ချုပ်က ဆုံးဖြတ်ထားတဲ့ ဒေါ်အေး အေးယုနှင့် ဦးဂါယုပါ (၂)၊ ၁၉၉၅ ခုနှစ် မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက်နှာ ၂ဝ၅ အမှုမှာ မေတ္တာနှင့် ပေးကမ်းခြင်းပြုရာတွင် ပေးကမ်းခြင်း စာချုပ်၌ဖြစ်စေ၊ နှုတ်ကတိဖြင့်ဖြစ် စေ၊ မည်သည့်အခါတွင် ပေးကမ်းခြင်း ရပ်ဆိုင်းမည်။ ဖျက်သိမ်းမည်ဟု သဘောတူညီချက်ပြုလုပ်နိုင်သည်။ ပေးကမ်းသူ အသက်ရှင်နေထိုင်စဉ် အတွင်း၊ ပစ္စည်းရယူသူက ယင်းပစ္စည်းကို ရောင်းချ၊ ပေါင်နှံခြင်းမပြု ရ၊ ပြုလျှင် မေတ္တာဖြင့် ပေးကမ်းထားခြင်းကို ဖျက်သိမ်းမည်ဟု သဘောတူ ညီခွင့်ရှိကြောင်း ဆုံးဖြတ်ထားတာကို တွေ့ရပါတယ်''

''ဒါဆိုရင် အခုကိစ္စမှာလည်း မိခင်နဲ့သမီးတို့ သဘောတူညီထား တာရှိမယ်ထင်တယ်''

''အဲဒါကြောင့် မေတ္တာနဲ့ အပေးစာချုပ်ကို သေချာလေ့လာဖတ်ရှုပြီးမှ ဝယ်ပါသူငယ်ချင်း''ဟု အကြံပြု ဆွေးနွေးလိုက်ပါသည်။

Credit: ထီယု (ဥပဒေအတိုင်ပင်ခံ)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဆောင်းအေးတယ်။ ရေချိုးရမလား...မချိုးရဘူးလား.....
ဆောင်းအေးတယ်။ ရေချိုးရမလား...မချိုးရဘူးလား.....
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
တရားမှုနှင့် စပ်လျဉ်း၍ တင်ပြရန် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမှုနှင့် စပ်လျဉ်း၍ တင်ပြရန် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Los Angeles တောမီးလောင်မှုကြောင့် ပျက်စီးသွားသော နှစ် ၄၀ ကျော်စုစည်းထားသော ယုန်နှင့်ဆက်စပ်အမှတ်တရပစ္စည်းများ ပြသရာ The Bunny Museum ယုန်ပြတိုက်...
Los Angeles တောမီးလောင်မှုကြောင့် ပျက်စီးသွားသော နှစ် ၄၀ ကျော်စုစည်းထားသော ယုန်နှင့်ဆက်စပ်အမှတ်တရပစ္စည်းများ ပြသရာ The Bunny Museum ယုန်ပြတိုက်...
ကိတ္တိမသားသမီးမွေးစားခြင်း တရားဝင်ဆောင်ရွက်ရာတွင် သိရှိထားသင့်သည့်အချက်များ
ကိတ္တိမသားသမီးမွေးစားခြင်း တရားဝင်ဆောင်ရွက်ရာတွင် သိရှိထားသင့်သည့်အချက်များ
ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း
ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း
မဟာနန္ဒိယ၏ ဆန်းကြယ်သော ဖူးစာရှင် (သို့) ချစ်သူနှင့် တွေ့ခွင့်ရရန် အိန္ဒိယမှ ဥရောပအထိ စက်ဘီးနင်းကာ သွားရောက်ခဲ့သော အိန္ဒိယ ပန်းချီဆရာ...
မဟာနန္ဒိယ၏ ဆန်းကြယ်သော ဖူးစာရှင် (သို့) ချစ်သူနှင့် တွေ့ခွင့်ရရန် အိန္ဒိယမှ ဥရောပအထိ စက်ဘီးနင်းကာ သွားရောက်ခဲ့သော အိန္ဒိယ ပန်းချီဆရာ...
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရွာသားများ၏ ကျေးဇူးကို တုံ့ပြန်သောအားဖြင့် နှစ်သစ်ကူးလက်ဆောင် အဖြစ် တစ်ဦးလျှင် ဒေါ်လာ ၁၄၀၀ စီအပြင် စားသောက်ကုန်၊ အဝတ်အထည်နှင့် အိမ...

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service