အမွေစီမံမှုစာချုပ်

အမွေစီမံမှုစာချုပ် - Property Knowledge in Myanmar from iMyanmarHouse.com
25 Sep 2017 12:37 pm တွင် တင်ခဲ့သည်
5037 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

တစ်လောက ကျွန်မမိတ်ဆွေတစ်ယောက် သေတမ်းစာရေးဖို့ ကျွန်မကိုလာတိုင်ပင်ပါတယ်။ ကျွန်မမိတ်ဆွေဟာဗုဒ္ဓဘာသာကိုးကွယ်သူတစ်ဦးဖြစ်ပြီးကလေး(၅)ယောက် အဖေလည်းဖြစ်ပါတယ်။ သူမွေးထားတဲ့ သား / သမီး (၅) ယောက်အနက် အကြီးဆုံး သား (၃) ယောက်မှာ မိဘများနှင့် ခွဲနေသော အိမ်ထောင်သည်များဖြစ်ကြပြီး အငယ် (၂)ယောက်မှာအိမ်ထောင် မရှိသူ အရွယ်မရောက်သေးသောသမီး လေးများ ဖြစ်ကြပါတယ်။ ကျွန်မမိတ်ဆွေဟာ သူကွယ်လွန်ပြီးနောက်ပိုင်း ၎င်းရှာဖွေထားသောပစ္စည်းဥစ္စာများကို သားသမီး (၅) ယောက်လုံးကို မျှမျှတတ ခွဲပေးချင်တဲ့ ဆန္ဒ ရှိတဲ့ အတွက် သေတမ်းစာရေးချင်ကြောင်း ကျွန်မကိုလာတိုင်ပင်ပါတယ်။ ထို့ကြောင့် ကျွန်မတို့ ဗုဒ္ဓဘာသာမှာသေတမ်းစာရေးသားတယ်ဆိုတဲ့ အလေ့အထမရှိကြောင်းနှင့် အစ္စလာမ် ၊ ခရစ်ယာန်နှင့် ဗုဒ္ဓဘာသာဝင် မဟုတ်သူများသာသေတမ်းစာရေးသားနိုင်ကြောင်းမိတ်ဆွေကိုရှင်းပြခဲ့ပါတယ်။

ဗုဒ္ဓဘာသာဝင် တွေဟာတစ်ခြားဘာသာ ၀င်များ ကဲ့သို့မဟုတ်ဘဲ မိဘများသေဆုံးခဲ့ပါက ကျန်သားသမီးများက ကျန်ရစ်ခဲ့သော အမွေပစ္စည်းကိုညီတူညီမျှ ခွဲဝေယူနိုင်သည့် အခွင့်အရေးရှိပြီးအမွေပစ္စည်းနှင့်ပတ်သက်၍ အမွေဆက်ခံခွင့် ကိုဥပဒေနှင့်အညီ ပြဋ္ဌာန်းထားပါတယ်။ ဗုဒ္ဓဘာသာမှာသားကြီး သြရသ ဟာဖခင် သေဆုံးချိန်မှာ အရွယ်ရောက်သူ ဖြစ်ပါက မိခင်ထံမှာအမွေကိုဦးစွာတောင်းခံပိုင်ခွင့်ရရှိထားပြီး၊ ထို့အတူသမီးကြီး သြရသမှာလည်း ဖခင်သေဆုံးချိန်၌ အရွယ်ရောက်သူဖြစ်ပါ က ဖခင်ထံမှ အမွေကိုဦးစွာတောင်းခံပိုင်ခွင့် ရရှိထားပါတယ်။ သြရသ သားသမီးများ ဟာမိခင်(သို့မဟုတ်) ဖခင် ဖြစ်သူသေဆုံးချိန်၌ အရွယ်မရောက်သေးပါက ထိုအခွင့်အရေးကို ရရှိမည် မဟုတ်ဘဲအခြားသားသမီးများကဲ့သို့ မိဘနှစ်ပါးလုံးသေဆုံးပြီးချိန်၌သာအမွေကိုခံစားနိုင်မှာဖြစ်ပါတယ်။

ကျွန်မ မိတ်ဆွေခမျာ သူသေဆုံးပြီးနောက်ပိုင်းကျန်ရစ်ခဲ့မည့် အရွယ်မရောက်သေးသူ သမီးနှစ်ယောက် နှင့် အိမ်ထောင်သည် သား (၃) ယောက်တို့၏ အမွေပစ္စည်းခွဲယူမည့်အရေးကိုစိတ်မအေးနိုင် ဖြစ်နေရှာပါတယ်။ အဲဒါကြောင့် ကျွန်မမှ မိတ်ဆွေကိုအကြံဥာဏ်တစ်ခုပေးခဲ့ပါတယ်။ အဲဒါကတော့ သေတမ်းစာ ရေးသားခြင်း မပြုနိုင်သည့် ဗုဒ္ဓဘာသာဝင်များအတွက်မိသားစုတွင်းအမွေစီမံစာချုပ်ဖြစ်ပါတယ်။

ဗုဒ္ဓဘာသာ ၀င်များအနေနှင့် သားသမီး (၁) ယောက်တည်းအားအမွေများစုပုံပေး၍ မရသောကြောင့် ယင်းအမွေစီမံမှုစာချုပ်တွင် ပစ္စည်းအားလုံးကို လက်ရှိအသက်ရှင်လျက်ရှိသောဖခင်အတွက် ဝေစု (၁) ပုံထားပြီး ကျန်သားသမီး(၅)ယောက် အတွက်(၅)ပုံ၊ စုစုပေါင်း (၆)ပုံကိုရှင်းရှင်းလင်းလင်း ခွဲဝေရေးသားရပါမယ်။ ထိုအမွေပစ္စည်းများကို ဖခင်က သားသမီးများကိုလက်ရောက်ပေးအပ်နိုင်သကဲ့သို့ ထိန်းသိမ်းထားချင်သော ဆန္ဒရှိပါကလည်းထိန်းသိမ်း ထားနိုင်ပါသေးတယ်။

ဖခင် ကွယ်လွန်ပြီးနောက် ကျန်ရစ်ခဲ့သောဖခင်၏ဝေစု (၁)ပုံကိုသားသမီးများကအညီအမျှ ခွဲဝေယူနိုင်ပါတယ်။ မိသားစုအမွေစီမံမှုစာချုပ်ကိုတံဆိပ်ခေါင်းခွန် ၆၀၀ ကျပ် ထမ်းဆောင်ရမည်ဖြစ်ပြီး ယင်းအမွေစီမံမှုစာချုပ်ထဲ၌ ပါဝင်သူအားလုံး လက်မှတ်ရေးထိုးရမည်ဖြစ်ပြီးသက်သေ (၂) ယောက် ပါဝင်ရမည် ဖြစ်ကြောင်းတင်ပြလိုက်ရပါတယ်။

Credit: MPN

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဆောင်းအေးတယ်။ ရေချိုးရမလား...မချိုးရဘူးလား.....
ဆောင်းအေးတယ်။ ရေချိုးရမလား...မချိုးရဘူးလား.....
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
တရားမှုနှင့် စပ်လျဉ်း၍ တင်ပြရန် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမှုနှင့် စပ်လျဉ်း၍ တင်ပြရန် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Los Angeles တောမီးလောင်မှုကြောင့် ပျက်စီးသွားသော နှစ် ၄၀ ကျော်စုစည်းထားသော ယုန်နှင့်ဆက်စပ်အမှတ်တရပစ္စည်းများ ပြသရာ The Bunny Museum ယုန်ပြတိုက်...
Los Angeles တောမီးလောင်မှုကြောင့် ပျက်စီးသွားသော နှစ် ၄၀ ကျော်စုစည်းထားသော ယုန်နှင့်ဆက်စပ်အမှတ်တရပစ္စည်းများ ပြသရာ The Bunny Museum ယုန်ပြတိုက်...
ကိတ္တိမသားသမီးမွေးစားခြင်း တရားဝင်ဆောင်ရွက်ရာတွင် သိရှိထားသင့်သည့်အချက်များ
ကိတ္တိမသားသမီးမွေးစားခြင်း တရားဝင်ဆောင်ရွက်ရာတွင် သိရှိထားသင့်သည့်အချက်များ
ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း
ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း
မဟာနန္ဒိယ၏ ဆန်းကြယ်သော ဖူးစာရှင် (သို့) ချစ်သူနှင့် တွေ့ခွင့်ရရန် အိန္ဒိယမှ ဥရောပအထိ စက်ဘီးနင်းကာ သွားရောက်ခဲ့သော အိန္ဒိယ ပန်းချီဆရာ...
မဟာနန္ဒိယ၏ ဆန်းကြယ်သော ဖူးစာရှင် (သို့) ချစ်သူနှင့် တွေ့ခွင့်ရရန် အိန္ဒိယမှ ဥရောပအထိ စက်ဘီးနင်းကာ သွားရောက်ခဲ့သော အိန္ဒိယ ပန်းချီဆရာ...
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရွာသားများ၏ ကျေးဇူးကို တုံ့ပြန်သောအားဖြင့် နှစ်သစ်ကူးလက်ဆောင် အဖြစ် တစ်ဦးလျှင် ဒေါ်လာ ၁၄၀၀ စီအပြင် စားသောက်ကုန်၊ အဝတ်အထည်နှင့် အိမ...

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

CarsDB
Maha Mini Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service