သိထားသင့်သည့် ကိုယ်စားလှယ်လွှဲစာရသူနှင့် တရားဝင်ကိုယ်စားလှယ်

သိထားသင့်သည့် ကိုယ်စားလှယ်လွှဲစာရသူနှင့် တရားဝင်ကိုယ်စားလှယ် - Property Knowledge in Myanmar from iMyanmarHouse.com
22 Sep 2017 12:29 pm တွင် တင်ခဲ့သည်
2198 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

ကိုယ်စားလှယ်လွှဲစာရသူနဲ့ တရားဝင် ကိုယ်စားလှယ်ဆိုတာ မတူဘူးလား။ ဘာကွာခြားချက်ရှိသလဲဟု မိတ်ဆွေတစ်ဦးက စာရေးသူထံ လာရောက် မေးမြန်းပါသည်။

''သာမန်အားဖြင့် ဖတ်ကြည့် လိုက်ရင်တော့ တူတယ်လို့ ထင်ကြတယ်။ ဥပဒေအရတော့ မတူဘူး။ ခြားနားမှုရှိတယ်''

''အချို့ကလည်း ကိုယ်စားလှယ် လွှဲစာရသူနဲ့ တရားဝင် ကိုယ်စားလှယ်ဆိုတာ တစ်ဦးတည်းပဲ၊ အခေါ်အဝေါ်မတူတာလို့ ပြောကြတယ်။ ဒါကြောင့် နည်းနည်းရှင်းပြပေးပါဦး''

''သူငယ်ချင်းအနေနဲ့ ဘာများ အခက်အခဲတွေ့နေလို့လဲ''

''ဒီလို သူငယ်ချင်း။ မြေတစ်ကွက်ဝယ်မယ်လို့ သွားကြည့်တော့ ပိုင်ရှင်က အမွေရထားတာလို့ ပြောတယ်။ ပိုင်ရှင်က ကွယ်လွန်သွားပြီဖြစ်လို့ သူ့ရဲ့ တရားဝင် ကိုယ်စားလှယ်က တာဝန်ယူရောင်းမှာဖြစ်တယ်။ စာချုပ်စာတမ်းချုပ်မယ်ဆိုရင် လည်း အဲဒီတရားဝင် ကိုယ်စားလှယ်နဲ့ပဲ ချုပ်ဆိုရမယ်လို့ ပြောပါတယ်။ ကိုယ်စားလှယ်လွှဲစာပေးထားလားဆို တော့လည်း မဟုတ်ဘူးလို့ ပြောတယ်။

အဲဒါ နားမရှင်းဘူးဖြစ်နေ တယ်။ ဘယ်လို ဆောင်ရွက်ရမယ် ဆိုတာ သိချင်လို့''

''ကိုယ်စားလှယ် Agent ဆိုတာနဲ့ ပတ်သက်လို့ ပဋိညာဉ်ဥပဒေပုဒ်မ ၁၈၂ မှာ ကိုယ်စားလှယ်ဆိုသည်မှာ မိမိကိုယ်စား ကိစ္စတစ်ရပ်ရပ်ကို ဆောင်ရွက်ရန် ခန့်ထားခံရသူလို့ အဓိပ္ပာယ်ဖွင့်ဆိုထားတယ်။ ကိုယ်စားလှယ်အဖြစ် လွှဲအပ်တဲ့အခါ ဥပဒေနဲ့အညီ ကိုယ်စားလှယ်လွှဲစာပြုလုပ် ခန့်ထားကြပါတယ်။ အချို့လည်း စာ ချုပ်စာတမ်းမှတ်ပုံတင်ရုံးမှာ ကိုယ် စားလှယ်လွှဲစာကို ပြုလုပ်ချုပ်ဆိုကြတာ ရှိပါတယ်''

''ကိုယ်စားလှယ် လွှဲအပ်သူ ကွယ်လွန်သွားရင် ကိုယ်စားလှယ်လွှဲစာ ပျက်ပြယ်သွားတယ်ဆိုတာ ဟုတ် ပါသလား''

''ဥပဒေအရတော့ ကိုယ်စားလှယ် လွှဲအပ်သူဖြစ်စေ ကိုယ်စားလှယ်အဖြစ် လက်ခံဆောင်ရွက်သူဖြစ်စေ တစ်ဦးဦးကွယ်လွန်သွားလျှင် ကိုယ်စားလှယ်စာလည်း ပျက်ပြယ် သွားတယ်လို့ဆိုပါတယ်။ လွယ်လွယ်ကူကူ မှတ်သားထားမယ်ဆိုရင်တော့ ကိုယ်စားလှယ် Agent ဆိုတာ မိမိသက်ရှိထင်ရှားရှိနေစဉ် ကိုယ်စားလှယ် လွှဲစာပြုလုပ်၍ ခန့်ထားခြင်းခံရ သူလို့ မှတ်သားထားနိုင်ပါတယ်''

''တရားဝင် ကိုယ်စားလှယ်ဆို တာက''

''အင်း-တရားဝင် ကိုယ်စားလှယ် ဆိုတာကတော့ ကိုယ်စားလှယ်စာနဲ့ မိမိကိုယ်စား လုပ်ပိုင်ခွင့် လွှဲအပ်ထားတာမဟုတ်ဘူး။ တရားရုံးက ဆုံးဖြတ်၍ လုပ်ပိုင်ခွင့်ရသူဖြစ်တယ်။ တစ်နည်းအားဖြင့် (Legal Representative) ဥပဒေအရ ကိုယ်စားပြုသူ ဖြစ်တယ်''

''အခု ရောင်းမယ်ဆိုတဲ့ မြေကွက်နဲ့ ပတ်သက်လို့ တရားရုံးရဲ့ အမိန့်မှာ ကွယ်လွန်သူ မိခင်ရဲ့ တရားဝင် ကိုယ်စားလှယ်လို့ ရောင်း မယ့် သူရဲ့ အမည်ကို ဖော်ပြထားတယ်''

''မှန်ပါတယ်။ တရားဝင်ကိုယ် စားလှယ်ဆိုတာ တရားရုံးတွင် စစ်ဆေးနေဆဲ တရားမမှုမှာ အမှုသည်တစ်ဦးဦး ကွယ်လွန်သွားရင် သူ့နေရာကို ထိုသူ၏ အမွေဆက်ခံသူ အား လုံးက တရားဝင် ကိုယ်စားလှယ်အ ဖြစ် ဝင်ရောက်လာတာပဲ ဖြစ်တယ်''

''အခု မြေကွက်အမှုမှာ ကွယ်လွန်သူရဲ့ တရားဝင်ကိုယ်စားလှယ်အဖြစ် သားနဲ့သမီး ဖြစ်သူနှစ်ယောက် ထည့်ထားပါတယ်''

''ဒါဆိုရင်တော့ ရှင်းပါတယ်။ မိခင်ရပိုင်ခွင့်ရှိတဲ့ အမွေပစ္စည်းကို မိခင်ရဲ့ အမွေဆက်ခံသူ သားနဲ့ သမီးက တရားဝင်ကိုယ်စားလှယ်အဖြစ် ရပိုင်ခွင့် ရှိသွားမှာဖြစ်တယ်''

''ဒါဆိုရင် တရားဝင် ကိုယ်စားလှယ် သားနဲ့ သမီးထံမှ ဝယ်ရင်ဖြစ်ပြီပေါ့''

''မှန်ပါတယ်၊ မူလပိုင်ရှင်ရဲ့ အမွေစားအမွေခံသားသမီးများဖြစ်ပြီး ဥပဒေနဲ့အညီ ကွယ်လွန်သူရဲ့ (Legal Representative) တရားဝင် ကိုယ်စားလှယ်လည်းဖြစ်လို့ သူတို့ မောင်နှမနဲ့ပဲ အရောင်းအဝယ် မှတ်ပုံတင်စာချုပ် ချုပ်ဆိုနိုင်မှာဖြစ် တယ်''

''ဒါကြောင့် အိမ်မြေအရောင်းအဝယ် ကတိစာချုပ်တွေမှာ ရောင်းသူ၊ ဝယ်သူဆိုရာ၌ ၄င်းတို့၏ အမွေဆက်ခံသူများ၊ ကိုယ်စားလှယ်လွှဲစာရသူများ၊ တရားဝင်ကိုယ်စားလှယ် များ ပါဝင်သည်လို့ ဖော်ပြထားတာကိုး''

''မှန်ပါတယ်။ သူငယ်ချင်း''

''အစကတော့ နှစ်ခါထပ်ရေး ထားတယ်လို့ ထင်မိတာ၊ သူငယ်ချင်းပြောမှပဲ ရှင်းတော့တယ်''

''နောက်တစ်ခုရှိသေးတာက ကိုယ်စားလှယ်လွှဲစာကို ပေးအပ်သူက အချိန်မရွေး ရုပ်သိမ်းခွင့်ရှိတယ်။ လုပ်ပိုင်ခွင့်ပေးထားသည်ထက် ကျော်လွန်ပြီးလုပ်ကိုင်ခဲ့ရင်လည်း တရား မဝင် ဆောင်ရွက်ချက်ဖြစ်ပြီး တရားစွဲ အရေးယူရနိုင်ပါတယ်''

''တရားဝင်ကိုယ်စားလှယ်ကတော့ မိမိအသက်ရှင်နေသရွေ့ ဆောင်ရွက်ပိုင်ခွင့် ရှိတယ်ပေါ့''

''ဟုတ်ပါတယ်။ ကွယ်လွန်သွားသူ ပစ္စည်းပိုင်ရှင်ရဲ့ ဥပဒေနဲ့အညီ အမွေဆက်ခံခွင့်ရှိသူတွေဖြစ်လို့ မိမိအသက်ရှင်နေသရွေ့ ခံစားခွင့် လုပ်ပိုင်ခွင့်တွေရှိမှာ ဖြစ်ပါတယ်''

''အချို့က ကွယ်လွန်သူရဲ့ တရားဝင် ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခွင့်ပြုဖို့ တရားရုံးမှာ ပြိုင် လျှောက်ကြတာတွေရှိတယ်လို့ ကြားဖူးတယ်''

''မှန်ပါတယ်။ တစ်ခါတစ်ရံမှာ အမှုအနေအထားအရ ကွယ်လွန်သူမှာ သားသမီးအရင်းတွေ မကျန်ရစ်ခဲ့တဲ့ ကိစ္စရပ်များလည်း ရှိတတ်ပါတယ်။ ဥပမာ ပြောရရင် ကိတ္တိမမွေးစား သားသမီးနဲ့ ကွယ်လွန်သူရဲ့ ညီအစ်ကို မောင်နှမတွေ ပြိုင်ဆိုင် လျှောက်ထားတာတွေရှိတတ်ပါတယ်''

''ကွယ်လွန်သူက လူပျိုကြီး အပျိုကြီးတွေဖြစ်ရင် ဘယ်လိုဖြစ်နိုင်သလဲ''

''ကွယ်လွန်သူက အကြီးဆုံး သားသမီးဖြစ်ရင်တော့ ပြဿနာမရှိဘူး။ ကွယ်လွန်သူရဲ့အောက် မောင်နှမအားလုံးက တရားဝင် ကိုယ်စား လှယ်ဖြစ်လာမှာဖြစ်တယ်။ တကယ်လို့ ကွယ်လွန်သူဟာ မောင်နှမထဲမှာ တတိယအမှတ်စဉ်ဖြစ်ရင်တော့ သူ့အထက်က မောင်နှမတွေက တရား ဝင်ကိုယ်စားလှယ်ဖြစ်ခွင့်မရှိဘဲ အမွေဆက်ခံခွင့်ရှိတဲ့ ကွယ်လွန်သူအောက် မောင်နှမများသာ ကွယ်လွန်သူ၏ အမွေရခွင့်ရှိပြီး ကွယ်လွန်သူ၏ တရားဝင်ကိုယ်စားလှယ်များဖြစ်တယ်''

''တိုတိုရှင်းရှင်း မှတ်သားရမယ် ဆိုရင်တော့ ကိုယ်စားလှယ်စာရသူ ဆိုတာ ကိုယ်စားလှယ်ပေးသူ သက်ရှိထင်ရှားရှိချိန်မှာ ပေးထားတဲ့ ကိုယ် စားလှယ်စာရထားသူဖြစ်ပြီး တရားဝင် ကိုယ်စားလှယ်ဆိုတာ တရားရုံးရှိ စစ်ဆေးဆဲ တရားမမှုမှာ ကွယ်လွန်သူ အမှုသည်ကိုယ်စား အမွေဆက်ခံသူများကို တရားဝင်ကိုယ်စား လှယ်အဖြစ် သတ်မှတ်ပေးတာပဲ မဟုတ်လား''

''မှန်ပါတယ်။ ပစ္စည်းပိုင်ရှင် အသက်ထင်ရှားရှိစဉ် လွှဲပြောင်းပေးတာက ကိုယ်စားလှယ်စာဖြစ်ပြီး ပစ္စည်းပိုင်ရှင် ကွယ်လွန်မှ အမွေဆက်ခံခွင့်ရှိသူဟာ တရားဝင်ကိုယ် စားလှယ်ဖြစ်တယ်လို့ သက်ရှိထင်ရှားရှိခြင်း၊ ကွယ်လွန်ခြင်းဆိုတဲ့ ကွာခြားချက်ပေါ် မူတည်ပြီး မှတ်ထားလိုက်ရင် မမှားတော့ဘူးပေါ့''ဟု ရှင်းပြ ဆွေးနွေးလိုက်ပါသည်။

Credit: ထီယု (ဥပဒေအတိုင်ပင်ခံ)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဆောင်းအေးတယ်။ ရေချိုးရမလား...မချိုးရဘူးလား.....
ဆောင်းအေးတယ်။ ရေချိုးရမလား...မချိုးရဘူးလား.....
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
တရားမှုနှင့် စပ်လျဉ်း၍ တင်ပြရန် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမှုနှင့် စပ်လျဉ်း၍ တင်ပြရန် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Los Angeles တောမီးလောင်မှုကြောင့် ပျက်စီးသွားသော နှစ် ၄၀ ကျော်စုစည်းထားသော ယုန်နှင့်ဆက်စပ်အမှတ်တရပစ္စည်းများ ပြသရာ The Bunny Museum ယုန်ပြတိုက်...
Los Angeles တောမီးလောင်မှုကြောင့် ပျက်စီးသွားသော နှစ် ၄၀ ကျော်စုစည်းထားသော ယုန်နှင့်ဆက်စပ်အမှတ်တရပစ္စည်းများ ပြသရာ The Bunny Museum ယုန်ပြတိုက်...
ကိတ္တိမသားသမီးမွေးစားခြင်း တရားဝင်ဆောင်ရွက်ရာတွင် သိရှိထားသင့်သည့်အချက်များ
ကိတ္တိမသားသမီးမွေးစားခြင်း တရားဝင်ဆောင်ရွက်ရာတွင် သိရှိထားသင့်သည့်အချက်များ
ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း
ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း
မဟာနန္ဒိယ၏ ဆန်းကြယ်သော ဖူးစာရှင် (သို့) ချစ်သူနှင့် တွေ့ခွင့်ရရန် အိန္ဒိယမှ ဥရောပအထိ စက်ဘီးနင်းကာ သွားရောက်ခဲ့သော အိန္ဒိယ ပန်းချီဆရာ...
မဟာနန္ဒိယ၏ ဆန်းကြယ်သော ဖူးစာရှင် (သို့) ချစ်သူနှင့် တွေ့ခွင့်ရရန် အိန္ဒိယမှ ဥရောပအထိ စက်ဘီးနင်းကာ သွားရောက်ခဲ့သော အိန္ဒိယ ပန်းချီဆရာ...
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရွာသားများ၏ ကျေးဇူးကို တုံ့ပြန်သောအားဖြင့် နှစ်သစ်ကူးလက်ဆောင် အဖြစ် တစ်ဦးလျှင် ဒေါ်လာ ၁၄၀၀ စီအပြင် စားသောက်ကုန်၊ အဝတ်အထည်နှင့် အိမ...

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

The Crest
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service