အခန်းဖော်ဆိုးအား ရှောင်ရှားနိုင်ရန် ထိပ်တန်းနည်းလမ်း

အခန်းဖော်ဆိုးအား ရှောင်ရှားနိုင်ရန် ထိပ်တန်းနည်းလမ်း - Property Knowledge in Myanmar from iMyanmarHouse.com
21 Sep 2017 11:03 am တွင် တင်ခဲ့သည်
1588 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

သင့်ကို စိတ်ဒုက္ခရောက်စေနိုင်တဲ့ အခန်းဖော်ဆိုးအမျိုးအစားတွေဆိုတာ
သေချာပေါက်ရှိပါတယ်။ သူတို့ရဲ့ ကိုယ်ပိုင်နေမှာရှုပ်ရတာတင် အားမရတဲ့ သူတွေ၊ သင့်မုန့်ကို ခိုးစားမယ့်သူတွေ စသဖြင့်ပေါ့။ ဒီလိုအခန်းဖော်ဆိုးတွေနဲ့
အတူမနေမိစေဖို့ ကြိုတင်အကဲခတ်ရှောင်ရှားနိုင်တဲ့ ထိပ်တန်းနည်းလမ်းရဲ့ အဆင့် (၅) သွယ်ကို အောက်ပါအတိုင်း အစဉ်လိုက်ဖော်ပြပေးလိုက်ပါတယ်။

၁။ နောက်ခံကို စစ်ဆေးပါ

- သူ့အကြောင်းစစ်ဆေးဖို့ရာ အကောင်းဆုံးနည်းလမ်းကတော့ သူ့ရဲ့
လူမှုမီဒီယာပရိုဖိုင်းကို ကြည့်တာပါပဲ။ သူဖော်ပြထားရင် ဖော်ပြထားသလောက်
သူ့ရဲ့ အလုပ်အကိုင်၊ ပညာရေး၊ ၀ါသနာ၊ စိတ်ဝင်စားမှုနဲ့ ဘ၀နေထိုင်မှုဟန်ပန်
စသဖြင့် သင်သိဖို့လိုတဲ့ ပဏာမအချက်အလက်တွေအများကြီးကို အဲ့ဒီကနေ
ရလိုက်မှာပဲ ဖြစ်ပါတယ်။ ကံကောင်းလို့ သူ့သူငယ်ချင်းစာရင်းထဲမှာ
ကိုယ်နဲ့ဘုံသူငယ်ချင်းရှိတယ်ဆိုရင်တော့ အဲ့ဒီဘုံသူငယ်ချင်းကနေတစ်ဆင့်
သူ့အပေါ်ထင်မြင်ချက်ကို မေးမြန်းလို့ရမှာပါ။

၂။ မေးခွန်းအများကြီး မေးပါ

- မေးခွန်းများများမေးခြင်းအားဖြင့် သူ့အကြောင်းပိုသိခွင့်ရမှာပါ။ သူ့ကို
တစ်ခုခုလိုက်လံဧည့်ခံကျွေးမွေးပြီး သူဘာအစားအစာကြိုက်တယ်၊
ဆေးလိပ်အရက်ကြိုက်လား စသဖြင့် မေးချင်တဲ့မေးခွန်းတွေကို မေးမြန်းပြီး
သူ့အကြောင့် ပိုမိုသိခွင့်ရမှာပါ။

၃။ သင့်အကြောင်း ပြောပြပါ

- သင့်ဝါသနာ၊ သင့်အလုပ်အကိုင်၊ သင့်အကျင့်ကောင်းအကျင့်ဆိုး၊ သင်ကြိုက်တဲ့
သီချင်းအမျိုးအစား စသဖြင့် ပြောပြလို့အဆင်ပြေတာတွေ သူ့ကို ပြောပြပါ။
တစ်ယောက်အကြောင်း တစ်ယောက် ပဏာမသိရှိကြပြီး ကနဦးအဆင့်
ယုံကြည်မှုကို တည်ဆောက်ဖို့ရာ အထောက်အကူဖြစ်ပါတယ်။

၎။ စမ်းသပ်ကာလ စတင်ပါ

- အထက်ပါအဆင့် ၃ ဆင့်နဲ့တင် သူ့အကြောင်း သိရတာကို အားမရသေးဘူး
ဆိုရင်တော့ ဂဃနဏသိဖို့ရာ စမ်းသပ်နေထိုင်ကြည့်ပါ။ မိမိပိုင်အခန်းမှာ
နေတာဆိုရင်တော့ စမ်းသပ်ကာလကို စိတ်ကြိုက်သတ်မှတ်နိုင်ပေမဲ့
အဆောင်လိုမျိုး ကိုယ်ပိုင်မဟုတ်ဘဲ ငှားရမ်းနေထိုင်မှာဆိုရင်တော့ ပိုင်ရှင်၊
ကြီးကြပ်သူတွေနဲ့ ညှိရမှာပဲ ဖြစ်ပါတယ်။

၅။ စည်းမျဉ်းများ ချမှတ်ပါ

- တစ်မိုးအောက်မှာ အတူနေသူတွေအချင်းချင်း ပြဿနာနည်းနိုင်သမျှ နည်းဖို့ရာ
နှစ်ဖက်သဘောတူညီတဲ့ စည်းမျဉ်းတွေကို ချမှတ်လိုက်နာနေထိုင်ကြပါ။
ဒီအဆင့်ကတော့ အတူတူနေနေမိပြီးသား သူတွေကြားမှာလည်း
စိတ်အနှောင့်အယှက်မဖြစ်ကြရအောင် အကောင်အထည်ဖော်နိုင်တဲ့နည်းပဲ
ဖြစ်ပါတယ်။

ခင်အေးချမ်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဆောင်းအေးတယ်။ ရေချိုးရမလား...မချိုးရဘူးလား.....

ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
တရားမှုနှင့် စပ်လျဉ်း၍ တင်ပြရန် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

Los Angeles တောမီးလောင်မှုကြောင့် ပျက်စီးသွားသော နှစ် ၄၀ ကျော်စုစည်းထားသော ယုန်နှင့်ဆက်စပ်အမှတ်တရပစ္စည်းများ ပြသရာ The Bunny Museum ယုန်ပြတိုက်...

ကိတ္တိမသားသမီးမွေးစားခြင်း တရားဝင်ဆောင်ရွက်ရာတွင် သိရှိထားသင့်သည့်အချက်များ

ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း

မဟာနန္ဒိယ၏ ဆန်းကြယ်သော ဖူးစာရှင် (သို့) ချစ်သူနှင့် တွေ့ခွင့်ရရန် အိန္ဒိယမှ ဥရောပအထိ စက်ဘီးနင်းကာ သွားရောက်ခဲ့သော အိန္ဒိယ ပန်းချီဆရာ...

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရွာသားများ၏ ကျေးဇူးကို တုံ့ပြန်သောအားဖြင့် နှစ်သစ်ကူးလက်ဆောင် အဖြစ် တစ်ဦးလျှင် ဒေါ်လာ ၁၄၀၀ စီအပြင် စားသောက်ကုန်၊ အဝတ်အထည်နှင့် အိမ...

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ

Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့

ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ

တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်

အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န

၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil

နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်

ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service