တကယ်ချမ်းသာချင်ရင် မင်းဘဝကိုပြောင်းလဲပစ်ရလိမ့်မယ်။ ပြောင်းလဲနိုင်မလား?

တကယ်ချမ်းသာချင်ရင် မင်းဘဝကိုပြောင်းလဲပစ်ရလိမ့်မယ်။ ပြောင်းလဲနိုင်မလား? - Property Knowledge in Myanmar from iMyanmarHouse.com
13 Sep 2017 11:54 am တွင် တင်ခဲ့သည်
3068 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

၁၉၅၅ ခုနှစ် ရဲ့နေ့တနေ့မှာ အသက်၂၅နှစ် အရွယ်အမေရိကန်လူငယ်လေး Jim_Rohn (ဂျင်မ်)ကိုသူအလုပ်ပိုင်ရှင် အမေရိကန် မီလီယံနာသူဋ္ဌေးကြီး John_Earl_Shoaff_(ဂျွန်အားလ်ရှော့) က မေးခွန်းတခုမေးလိုက်ပါတယ်။

"ဂျင်မ် မင်းငါ့ကုမ္ပဏီမှာ အလုပ်လုပ်နေတာ ၆နှစ်ရှိသွားပြီ။ မင်းပိုက်ဆံ ဘယ်လောက်စုမိပြီလဲ" တဲ့။
ဂျင်မ်ကလဲ "သူဋ္ဌေးကြီးခင်ဗျား ကျနော်တပြားမှမစုမိပါဘူး။ ရတဲ့လခကလဲ ကျနော့်အသုံးစရိတ်ကာမိရုံပဲ ရှိပါတယ်။ လစာလေးနဲနဲတိုးလိုက် ကုန်ဈေးနူန်းတက်လိုက်မို့ ဘာမှမကျန်လို့ မစုနိုင်တာပါ"လို့ရိုးရိုးသားသားလေးပဲဖြေလိုက်ပါတယ်။

လူငယ်လေးဂျင်မ်ဟာ အလုပ်ကိုအရမ်းကြိုးစားလုပ်ကိုင်တတ်သူတယောက်မို့ သူဋ္ဌေးကြီးက အလွန်သဘောကျတယ်။ သူဋ္ဌေးကြီးက ဆက်ပြောတယ်။ "မင်း ကြီးပွားချမ်းသာချင်သလား" တဲ့။ဂျင်မ်ကလဲ "ဗျာ ချမ်းသာချင်တာပေါ့။ ချမ်းသာအောင် ဘယ်လိုလုပ်ရမှန်းမသိလို့ပါ"။
သူဋ္ဌေးကြီးက"မင်းအလုပ်လုပ်နေတာ၆နှစ်ရှိသွားလို့ ဘာမှလဲမစုမိဘူးမဟုတ်လား။ မင်း ဒီအတိုင်းဆက်လုပ်နေရင် နောက်၆နှစ်လဲ ဒီအတိုင်းဖြစ်နေမှာပဲ။ အဲဒီတော့ တကယ်ချမ်းသာချင်ရင် မင်းဘဝကိုပြောင်းလဲပစ်ရလိမ့်မယ်။ ပြောင်းလဲနိုင်မလား"တဲ့။

ဂျင်မ်က သူဋ္ဌေးကြီးကို ဘယ်လိုမျိုးပြောင်းလဲရမှာလဲလိုပြန့်မေးတော့ သူဋ္ဌေးကြီးက "မင်း အလုပ်မှာ ကြိုးစားတာထက် မင်းကိုယ်တိုင်အတွက်ပိုပြီး ကြိုးစားပါ"တဲ့။ သူဋ္ဌေးကြီးရဲ့အကြံပေးချက်ဟာ တိုတိုလေးပါ။ ဒါပေမယ့် အဲဒီစကားတိုတိုလေးဟာ ဂျင်မ်ရဲ့အသိအမြင်ကိုပွင့်သွားစေခဲ့ပါတယ်။ သူဋ္ဌေးကြီးပြောတဲ့အတိုင်း သူအတွက်ကြိုးစားလိုက်တာ ဂျင်မ်ဟာ အသက်၃၁နှစ်အရွယ်မှာ မီလီယံနာသူဋ္ဌေးတယောက်ဖြစ်သွားခဲ့ပါတယ်။ အဲဒီခေတ်က အမေရိကန်နိုင်ငံမှာ မီလီယံနာသူဋ္ဌေးဆိုတာ လက်ချိုးရေတွက်လို့ရလောက်အောင် အလွန်ကိုနည်းပါတယ်။

ဒီစာကိုဖတ်နေသူတွေအနေနဲ့ ဂျင်မ်ဟာ သူ့အတွက်ဘာတွေကြိုးစားခဲ့လို့ ၆နှစ် အတွင်းပိုက်ဆံတပြားမှမစုနိုင်တဲ့လူငယ်လေးကနေ မီလီယံနာသူဋ္ဌေးကြီးဖြစ်သွားရတာလဲလို့ သိချင်နေမှာပါ။

သူဋ္ဌေးကြီးရဲ့အကြံပေးစကားမကြားခင် ဂျင်မ်တယောက် ၆နှစ် တာကာလကို ဘယ်လိုကုန်ဆုံးခဲ့သလဲကြည့်ကြရအောင်။ ဂျင်မ်ဟာ အလုပ်ထဲမှာ အရမ်းကြိုးစားလုပ်တယ်။ အလုပ်မှာပင်ပန်းတယ်လို့သူ့ကိုယ်သူအကြောင်းပြပြီး အလုပ်ကပြန် အိမ်ရောက်ညစာစားပြီးတာနဲ့ သူငယ်ချင်းတွေနဲ့ကော်ဖီဆိုင်ပြီး ထွေရာလေးပါးစကားတွေလျှောက်ပြောကြတယ်။ ညမိုးကြီးချုပ်မှပြန်လာတယ်။ ပြန်ရောက်တာနဲ့အိပ်ယာထဲဝင်တယ်။ တခါတလေအပြင်မထွက်ဖြစ်ရင် အိမ်မှာဘီယာလေးနဲ့ငြိမ့်နေလေ့ရှိတယ်။ တခါတလေ တီဗွီထိုင်ကြည့်နေတယ်။ ညနက်ရောက်တော့ အိပ်ယာဝင်လိုက်တယ်။ သူ့မှာ ကြီးပွားချမ်းသာချင်စိတ်တော့ရှိတယ်။ တနေ့တော့ ကံကောင်းရင် ချမ်းသာလာမယ်လို့မျှော်လင့်နေတယ်။သူမျော်လင့်နေတဲ့ကံကောင်းတဲ့နေ့ဆိုတာ ၆နှစ် သာကြာသွားတယ် ရောက်မလာပါဘူး။ သူ့ဘဝဟာ ဒုံရင်းပါပဲ။

သူဋ္ဌေးကြီးအကြံပေးချက်ကိုကြားပြီး နောက်တရက်ကစပြီး သူ့ကိုယ်သူပြောင်းလဲပစ်လိုက်တယ်။ ဘာတွေပြောင်းလဲလိုက်တာလဲ။ အလုပ်ကပြန်တာနဲ့ထမင်းစာပြီးသူငယ်ချင်းတွေနဲ့ကော်ဖီဆိုင်သွားမထိုင်တော့ဘူး။ အိမ်ကခပ်လှမ်းလှမ်းမှာရှိတဲ့ စာကြည့်တိုက်ကိုသွားတယ်။ စာကြည့်တိုက်ပိတ်တဲ့ ည၁၁နာရီထိ စာအုပ်တွေဖတ်တယ်။ ပရိသတ်ကိုစကားပြောနည်း ဖေါက်သည်တယောက်ကို ဈေးဝယ်ချင်အောင် ဆွဲဆောင်နည်း ဈေးကွက်ရှာဖွေခြင်း ငွေစာရင်းတွက်ချက်နည်း အစုရှယ်ယာအကြောင်းစတာတွေ အသဲအသန်ဖတ်ပြီးလေ့လာတော့တယ်။ သူဟာ ကောလိပ်တပိုင်းတစနဲ့ကျောင်းထွက်အလုပ်လုပ်လို့ ဘွဲ့တခုတောင်မရခဲ့ပါဘူး။

တနှစ်လောက် ရုံးဖွင့်ရက်ညတိုင်းနဲ့ ရုံးပိတ်ရက်ဆို တနေကုန်စာတွေဖတ်လိုက်တာ ကုမ္ပဏီကသူ့အရည်အချင်းတွေတက်လာတာကိုသဘောကျပြီး ရာထူးတိုးပေးတယ်။ နောက်ထပ်တနှစ်ကြာပြန်တော့ အရည်အချင်းတွေပိုတိုးတက်လာတာနဲ့အမျှ ရာထူးတိုးခံရ လစာအတိုးခံခဲ့ရပြန်တယ်။ နောက်နှစ်အနဲငယ်ကြာတော့ သူ အရည်အချင်းကိုသူယုံကြည်လို့ အလုပ်ကထွက်ပြီး ကိုယ်ပိုင်ကုမ္ပဏီထောင်တယ်။ လုပ်ငန်းအောင်မြင်လာလို့ ၆နှစ် အကြာ အသက်၃၁နှစ်နဲ့ငယ်ငယ်ရွယ်ရွယ်မှာပဲ မီလီယံနာသူဋ္ဌေးတယောက်ဖြစ်သွားတယ်။
ဂျင်မ်ဟာ မီလီယံနာသူဋ္ဌေးဖြစ်ပြီးနောက်ပိုင်းမှာ စီးပွားရေးမလုပ်တော့ပါဘူး။ ကြီးပွားချမ်းသာအောင်လုပ်နည်းနဲ့ပတ်သက်တဲ့ဟောပြောပွဲတွေမှာလိုက်ဟောပြောတယ်။ လူပေါင်းများစွာဈေးကြီးပေးပြီး သူ့ဟောပြောပွဲကိုတက်ရောက်နားထောင်ကြတယ်။ ဟောပြောခဝင်ငွေတွေအများကြီးရသလို အဲဒီခေတ်က အမေရိကန်နိုင်ငံမှာ အောင်မြင်ကြီးပွားရေးဟောပြောသူတွေထဲမှာ ထင်ရှားအကျော်ကြားဆုံးပုဂ္ဂိုလ်တယောက်ဖြစ်လာခဲ့ပါတယ်။

ဂျင်မ် ဘာလို့ ကြီးပွားချမ်းသာသွားတာလဲ။ အဖြေက...
၁။ သူ့မှာကြီးပွားချမ်းသာချင်တဲ့ပြင်းပြတဲ့စိတ်ဆန္ဒ(Burning_Desire)ရှိတယ်။
၂။ သူ့အနေအထိုင် အကျင့်စရိုက်တွေကို လုံးဝပြုပြင်ပြောင်းလဲလိုက်တယ်။
၃။ စာအုပ်တွေဖတ်တယ် လေ့လာတယ် ဖတ်ထားတာတွေကို အသုံးချတယ်။
၎။ အကြံကောင်းပေးတတ်တဲ့Earl_Shoaffနဲ့ဆုံတွေ့ခွင့်ရလိုက်တယ်။ ဒါကိုတော့ ကံကောင်းတယ်လို့ပြောရမလားပဲ။

Credit: Bamaw Thein Pe

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဆောင်းအေးတယ်။ ရေချိုးရမလား...မချိုးရဘူးလား.....
ဆောင်းအေးတယ်။ ရေချိုးရမလား...မချိုးရဘူးလား.....
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
တရားမှုနှင့် စပ်လျဉ်း၍ တင်ပြရန် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမှုနှင့် စပ်လျဉ်း၍ တင်ပြရန် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Los Angeles တောမီးလောင်မှုကြောင့် ပျက်စီးသွားသော နှစ် ၄၀ ကျော်စုစည်းထားသော ယုန်နှင့်ဆက်စပ်အမှတ်တရပစ္စည်းများ ပြသရာ The Bunny Museum ယုန်ပြတိုက်...
Los Angeles တောမီးလောင်မှုကြောင့် ပျက်စီးသွားသော နှစ် ၄၀ ကျော်စုစည်းထားသော ယုန်နှင့်ဆက်စပ်အမှတ်တရပစ္စည်းများ ပြသရာ The Bunny Museum ယုန်ပြတိုက်...
ကိတ္တိမသားသမီးမွေးစားခြင်း တရားဝင်ဆောင်ရွက်ရာတွင် သိရှိထားသင့်သည့်အချက်များ
ကိတ္တိမသားသမီးမွေးစားခြင်း တရားဝင်ဆောင်ရွက်ရာတွင် သိရှိထားသင့်သည့်အချက်များ
ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း
ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း
မဟာနန္ဒိယ၏ ဆန်းကြယ်သော ဖူးစာရှင် (သို့) ချစ်သူနှင့် တွေ့ခွင့်ရရန် အိန္ဒိယမှ ဥရောပအထိ စက်ဘီးနင်းကာ သွားရောက်ခဲ့သော အိန္ဒိယ ပန်းချီဆရာ...
မဟာနန္ဒိယ၏ ဆန်းကြယ်သော ဖူးစာရှင် (သို့) ချစ်သူနှင့် တွေ့ခွင့်ရရန် အိန္ဒိယမှ ဥရောပအထိ စက်ဘီးနင်းကာ သွားရောက်ခဲ့သော အိန္ဒိယ ပန်းချီဆရာ...
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရွာသားများ၏ ကျေးဇူးကို တုံ့ပြန်သောအားဖြင့် နှစ်သစ်ကူးလက်ဆောင် အဖြစ် တစ်ဦးလျှင် ဒေါ်လာ ၁၄၀၀ စီအပြင် စားသောက်ကုန်၊ အဝတ်အထည်နှင့် အိမ...

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World
Maha Mini Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service