ကိုယ်စားလှယ်လွှဲစာ လွှဲအပ်ရာတွင် လွှဲအပ်သူအရပ်ဒေသ၌သာ မှတ်ပုံတင်ရမည်

ကိုယ်စားလှယ်လွှဲစာ လွှဲအပ်ရာတွင် လွှဲအပ်သူအရပ်ဒေသ၌သာ မှတ်ပုံတင်ရမည် - Property Knowledge in Myanmar from iMyanmarHouse.com
25 Aug 2017 12:03 pm တွင် တင်ခဲ့သည်
3841 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

ကိုယ်စာလှယ်စာကို ပဋိညာဉ် အက်ဥပဒေပုဒ်မ ၁၈၃ နဲ့ ၁၈၄ အရ စိတ်မနှံ့ သူ၊ စိတ်ပေါ့သွပ်သူမဟုတ်တဲ့ တရားဥပဒေအရ အရွယ်ရောက်ပြီးသူ မည်သူ ကိုမဆို ကိုယ်စားလှယ် လွှဲအပ်နိုင်ခွင့် ရှိပါတယ်။

ကိုယ်စာလှယ်လွှဲစာတွေကို မှတ်ပုံတင်ပေးတဲ့ နေရာမှာ အဓိကကျတဲ့ သတ် မှတ်ချက်က လွှဲအပ်သူ နေထိုင်တဲ့ အရပ်မှာ ရှိတဲ့ စာချုပ်စာတမ်း မှတ်ပုံတင် ရုံးမှာ လွှဲအပ်သူကိုယ်တိုင်က လွှဲအပ်တယ်ဆိုတာ မှန်ကန်ကြောင်း authenticated power ကို လက်မှတ်ရေးထိုး လွှဲအပ် မှတ်ပုံတင်ရတာ ဖြစ် ပါတယ်။

ဥပမာ- ပဲခူးမှာ နေတဲ့ ဦဖြူဟာ တောင်ငူမှာ ရှိနေတဲ့ သူ့အိမ်နဲ့ မြေအ တွက် တောင်ငူက သူ့ရဲ့ညီ ဦးမဲကို power လွှဲချင်ရင် ပစ္စည်းရှိတဲ့ အရပ်ဖြစ် တဲ့ တောင်ငူရုံးမှာ power လွှဲရမှာ မဟုတ်ပါဘူး။ လွှဲအပ်သူ ဦးဖြူနေတဲ့ ပဲခူးမြို့နယ် မှတ်ပုံတင်ရုံးမှာသာ ကိုယ်စာလှယ် လွှဲအပ်မှတ်ပုံတင်ရမှာ ဖြစ် ပါတယ်။

အဲဒါနဲ့ ပတ်သတ်လို့ ၁၉၄၆ ခုနှစ်အထိ မှန်ကန်အောင် ပြုပြင်ထားတဲ့ (Corrected up to 1946) ၁၉၀၈ ခုနှစ် မြန်မာနိုင်ငံ စာချုပ်စာတမ်းများ မှတ်ပုံတင် အက်ဥပဒေရဲ့ အခန်း (၆)၊ ပုဒ်မ ၃၃၊ ပုဒ်မခွဲ ၁၊ အပိုဒ် (က) မှာ အောက်ပါအတိုင်း ပြဌာန်းထားတာကို လေ့လာရပါမယ်။

Section 33 (1) For the purpose of section 32, the following power of attorney shall alone be recognized namely –
(a) if the principle at the time of executing the power of attorney resides in any part of British Burma in which this Act is for the time in force, a power of attorney executed before and authenticated by the Register or Sub-Register within whose district or sub-district the principle resides;
(b)
(c)

အထက်ပါ စာချုပ်စာတမ်း မှတ်ပုံတင်ဥပဒေ ပုဒ်မ ၃၃ (၁) (က) ပြဌာန်း ထားချက်အရ “အခြားသူတစ်ဦးတစ်ယောက်အား ကိုယ်စားလှယ် လွှဲအပ်မည့် မူရင်းပုဂ္ဂိုလ် (Principle) သည် မြန်မာပြည်အတွင်း မည်သည့်အရပ်တွင် နေ ထိုင်သည်ဖြစ်စေ ၎င်းမှ အခြားသူတစ်ဦးအား ကိုယ်စားလှယ် လွှဲအပ်ပါက လွှဲ အပ်သူဖြစ်သည့် မိမိ နေထိုင်ရာအရပ် (principle resides) ရှိ ဒုတိယ မှတ် ပုံတင်အရာရှိ သို့မဟုတ် မှတ်ပုံတင်အရာရှိ၏ ရှေ့မှောက်တွင် လွှဲအပ်သည့် လွှဲစာ ဖြစ်စေရမည်” လို့ဆိုထားတဲ့အတွက် လွှဲသူ နေတဲ့ အရပ်က မှတ်ပုံ တင်ရုံးမှာသာ power လွှဲစာကို မှတ်ပုံတင် လွှဲအပ်ရခြင်း ဖြစ်ပါတယ်။

Credit : ဦးဇော်မင်း (နတ်မောက်)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဆောင်းအေးတယ်။ ရေချိုးရမလား...မချိုးရဘူးလား.....

ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
တရားမှုနှင့် စပ်လျဉ်း၍ တင်ပြရန် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

Los Angeles တောမီးလောင်မှုကြောင့် ပျက်စီးသွားသော နှစ် ၄၀ ကျော်စုစည်းထားသော ယုန်နှင့်ဆက်စပ်အမှတ်တရပစ္စည်းများ ပြသရာ The Bunny Museum ယုန်ပြတိုက်...

ကိတ္တိမသားသမီးမွေးစားခြင်း တရားဝင်ဆောင်ရွက်ရာတွင် သိရှိထားသင့်သည့်အချက်များ

ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း

မဟာနန္ဒိယ၏ ဆန်းကြယ်သော ဖူးစာရှင် (သို့) ချစ်သူနှင့် တွေ့ခွင့်ရရန် အိန္ဒိယမှ ဥရောပအထိ စက်ဘီးနင်းကာ သွားရောက်ခဲ့သော အိန္ဒိယ ပန်းချီဆရာ...

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရွာသားများ၏ ကျေးဇူးကို တုံ့ပြန်သောအားဖြင့် နှစ်သစ်ကူးလက်ဆောင် အဖြစ် တစ်ဦးလျှင် ဒေါ်လာ ၁၄၀၀ စီအပြင် စားသောက်ကုန်၊ အဝတ်အထည်နှင့် အိမ...

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ

တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ

အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင

ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ

အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ

အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်

တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Ponnami Estate
Car Expo and Networking

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service